' အီဂျစ်နတ်ဘုရားမ မာအတ်(တရားစောင့် နတ်သမီး) - 42 Principles of MA'AT (Lady Justice) ၏ စည်းမျဉ်း ၄၂ ချက် '
' အီဂျစ်နတ်ဘုရားမ မာအတ်(တရားစောင့် နတ်သမီး) - 42 Principles of MA'AT (Lady Justice)
၏ စည်းမျဉ်း ၄၂ ချက် '
I have not committed sin.
ငါသည် တပါးသူထိခိုက်စေရန် မပြု။
I have not committed robbery with violence.
ငါသည် လူစုလူဝေးဖြင့် လုယက်မှု မပြု။
I have not stolen.
ငါသည် ခိုးဝှက်ခြင်း မပြု။
I have not slain men or women.
ငါသည် အမျိုးသား ကိုဖြစ်စေ အမျိုး သမီး ကိုဖြစ်စေ မသတ်ဖြတ်။
I have not stolen food.
ငါသည် စာရေရိက္ခာ ကို မခိုးဝှက်။
I have not swindled offerings.
ငါသည် လှုဒါန်းမှု ကို မလိမ်လည် မလှည့်ဖျား။
I have not stolen from God/Goddess.
ငါသည် နတ်ဘုရား နတ်ဘုရားမ တို့ထံမှ မခိုးမဝှက်။
I have not told lies.
ငါသည် လိမ်ညာ မုသား မပြော။
I have not carried away food.
ငါသည် စားရေရိက္ခာတို့ ကို အချည်းနှီး မစွန့်ပြစ်။
I have not cursed.
ငါသည် မနှစ်မြို့ ဘွယ်တို့ကို မပြု။
I have not closed my ears to truth.
ငါသည် အမှန်တရားကိုလျစ်လျူရှု ငြင်းပယ် သူမဟုတ်။
I have not committed adultery.
ငါသည် အိမ်ထောင်မှု ဖောက်ပြန်သူမဟုတ်။
I have not made anyone cry.
ငါသည် မည်သူကိုမျှ ဝမ်းနည်းငို ကြွေးစေခြင်း မပြု။
I have not felt sorrow without reason.
ငါသည် အကြောင်းမရှိပါဘဲ ဝမ်းနည်း ပူဆွေးခြင်း မပြု။
I have not assaulted anyone.
ငါသည် မည်သူကိုမျှ နှိပ်စက် ရန်ပြုတိုက်ခိုက် ခြင်းမပြု။
I am not deceitful.
ငါသည် မရိုးမသား ပြုကြင့်သူ မဟုတ်။
I have not stolen anyone’s land.
ငါသည် သူတပါး လယ်ယာ ကို ခိုးယူ သိမ်းပိုက်သူမဟုတ်။
I have not been an eavesdropper.
ငါသည် ခိုးဝှက် ချောင်းမြောင်း နားထောင်သူ မဟုတ်။
I have not falsely accused anyone.
ငါသည် မဟုပ်မမှန် စွပ်စွဲ သူမဟုတ်။
I have not been angry without reason.
ငါသည် အကြောင်းခိုင်လုံမှု မရှိပါဘဲ အမျက်ထွက် သူမဟုတ်။
I have not seduced anyone’s wife.
ငါသည် သူတပါးမိန်းမ ကို သွေးဆောင် ဖြားယောင်းခြင်မပြု။
I have not polluted myself.
ငါသည် ငါကိုယ် ငါမဖျက်ဆီး။
I have not terrorized anyone.
ငါသည် မည်သူကိုမျှ အကြမ်းမဖက်။
I have not disobeyed the Law.
ငါသည် ဥပဒေများကို မနာခံသူမဟုတ်။
I have not been exclusively angry.
ငါသည် ဒေါသကြီး တတ်သူ မဟုတ်။
I have not cursed God/Goddess.
ငါသည် နတ်ဘုရား နှင့် နတ်ဘုရားမ တို့ကို နှိမ့်ချခြင်း မပြု။
I have not behaved with violence.
ငါသည် အကြမ်းဖက် သမားကဲ့သို့ မပြု။
I have not caused disruption of peace.
ငါသည် ငြိမ်းချမ်း ရေးကို ဖြိုခွဲ သူမဟုတ်။
I have not acted hastily or without thought.
ငါသည် မစဉ်းစား မဆင်ခြင်ဘဲ အလျင်စလို ပြုတတ်သူမဟုတ်။
I have not overstepped my boundaries of concern.
ငါသည် ငါ့အခွင့် ငါ့ပိုင်ဆိုင် မှုထက် ကျော်လွန် ၍ မပြု။
I have not exaggerated my words when speaking.
ငါသည် လိုသည်ထက်ပို၍ ချဲ့ကား ပြောဆိုခြင်း မပြု။
I have not worked evil.
ငါသည် ယုတ်မာ သော ဒုစရိုက်ကို မပြု။
I have not used evil thoughts, words or deeds.
ငါသည် ဒုစရိုက်ကို အတွေးဖြင့်သော် ၄င်း စကားအားဖြင့်သော် ၄င်း ကိုယ်ထိလက်ရောက် အားဖြင့် ၄င်း မပြု။
I have not polluted the water.
ငါသည် ရေကို ညစ်ညမ်း နောက်ကျိ စေခြင်း မပြု။
I have not spoken angrily or arrogantly.
ငါသည် ဒေါသ ဖြင့် ၄င်း မောက်မာ ၍၄င်း မပြော။
I have not cursed anyone in thought, word or deeds.
ငါသည် မည်သူကိုမျှ နှိမ့်ချ၍ အတွေးဖြင့်သော် ၄င်း စကားအားဖြင့်သော် ၄င်း ကိုယ်ထိလက်ရောက် အားဖြင့် ၄င်း မပြု။
I have not placed myself on a pedestal.
ငါသည် ငါကိုယ်တိုင် အပူဇော် ချီးမြောက် ခံ နေရာတွင် မနေ။
I have not stolen what belongs to God/Goddess.
ငါသည် နတ်ဘုရား နတ်ဘုရားမ တို့၏ နေရာ အရိုက်ရာ ကို ခိုးယူခြင်း မပြု။
I have not stolen from or disrespected the deceased.
ငါသည် ကွယ်လွန်သူ အား မရိုမသေပြု ခြင်း ခိုးယူခြင်း တို့ကို မပြု။
I have not taken food from a child.
ငါသည် ကလေးသူငယ်ထံမှ အစားအစာကို လုယူခြင်းမပြု။
I have not acted with insolence.
ငါသည် စော်ကား မောက်မာ ခြင်း မပြု။
I have not destroyed property belonging to God/Goddess
ငါသည် နတ်ဘုရား နတ်ဘုရားမ တို့၏ အရိုက်အရာ နေရာကို ဖျက်ဆီးခြင်း မပြု။
MA'AT သည် တိုရာ Torah, (သောင်ရတ်သ်) ကျမ်း ပါ ပညတ်တော် ၁၀ ပါး (တမန်တော် မူဆာ/မိုးဇက် (စွ)) မတိုင်ခင် နှစ်ပေါင်း ၂၀၀၀ ကျော်က ရှိခဲ့သော အီဂျစ်တို့၏ အမှန်တရား၊ ညီမျှခြင်း၊ အစီစဉ်တကျ ဖြစ်ခြင်း၊ ညီညွတ်ခြင်း၊ ဥပဒေဖြစ်ခြင်း၊ အကျင့်သိက္ခာနှင့် တရားမျှတမှု၏ အခြေခံ အယူအဆဖြစ်ပေသည်၊ Negative Confessions (အငြင်း ဝန်ခံ မှု) ဟုလည်းခေါ်ပေသည်။
MA'AT သည် အယူအဆတခုဖြစ်သလို အီဂျစ်နတ်ဘုရားမ (Lady Justice) ၏ အမည်လည်း ဖြစ်ပေသည်၊ ရှေးဂရိတို့ ၏ Themis ဟုခေါ်သော Goddess of Justice နှင့် အလားသဏ္ဍန် တူပေသည်။
ပညတ်တော် ၁၀ ပါးကို ထို ၄၂ ချက်တွင် တွေ့ရှိနိုင်ပေသည်။
_
Maat or Ma’at was the ancient Egyptian concept of truth, balance, order, harmony, law, morality, and justice. (Wiki)

Comments
Post a Comment