ဓူဝံကြယ် (သို့) Polaris အကြောင်း
ဓူဝံကြယ် (သို့) Polaris အကြောင်း
ဓူဝံကြယ်ဟာ မြောက်ဘက်ကောင်းကင်ယံမှ လင်းလက်နေသော ကြယ်တစ်လုံးဖြစ်သည်။ သူသည် ကမ္ဘာ၏ မြောက်ဝင်ရိုးစွန်း တည့်တည့်တွင်တည်ရှိပါသည်။ ထို့ကြောင့် ထိုကြယ်အား မည်သည့်အချိန်တွင်ကြည့်ကြည့် မြောက်ဘက်အရပ်တွင် ရှိနေခြင်းဖြစ်သည်။
ဓူဝံကြယ်ကို လူသားတို့ ညဘက် အရပ်မျက်နှာရှာဖွေ ကြည့်ရှုရာတွင် အသုံးပြုခဲ့ကြပါတယ်။ တခါက အမေရိကန်တို့ လက်ကို ကျရောက်ခဲ့ကြတဲ့ လူမည်း (အာဖရိကန်) လူမျိုး (ကျွန်) များဟာ ဒီ ဓူဝံကြယ်ကို ကြည့်ပြီး မြောက်အရပ် (ကနေဒါ နိုင်ငံ) ဘက်ကို ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း မှတ်သားဖူးပါတယ်။
ဓူဝံကြယ် (ခ) Polaris မှာ ထူးခြားတဲ့အချက်လေးတွေရှိပါတယ်။ တကယ်တော့ သူဟာ ကြယ်တစ်လုံးထဲ ရှိနေတာ မဟုတ်ပါဘူး။ ကြယ်သုံးလုံး ပါရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့ မြင်နေရတဲ့ ဓူဝံကြယ်ဆိုတာ Polaris A ဖြစ်ပါတယ်။ ကျနော်တို့ နေထက် ဒြပ်ထု (ထုထည်) ၄.၅ ဆ ကြီးမားပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၃၂၃ နှစ် အကွာမှာ ရှိပါတယ်။ (ယခင်တုန်းက အလင်းနှစ် ၄၃၄ နှစ် လို့ တွက်ချက်ဖူးပါတယ်။)
နောက်ကြယ်တစ်လုံးဖြစ်တဲ့ Polaris B ကတော့ ကြီးမားပြီး အားကောင်းတဲ့ တယ်လီစကုပ်များဖြင့် ကြည့်မှ မြင်ရတာပါ။ သူ့ကို ပထမဆုံးတွေ့ရှိခဲ့သူကတော့ ၀ီလီယံ ဟာရှယ် (William Herschel) ဖြစ်ပြီး ၁၇၈၀ ခုနှစ်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြယ်တစ်လုံးကတော့ Polaris Ab လို့ခေါ်ပါတယ်။ ဓူဝံကြယ်နှင့် ကပ်လျှက်ရှိနေသော dwarf (ကြယ်ပု)တစ်လုံးဖြစ်ပါတယ်။
ဓူဝံကြယ်ကို ရှာချင်ရင်တော့ ခုနှစ်စဉ်ကြယ်ကို ဦးစွာရှာရမည်ဖြစ်ပြီး ခုနှစ်စဉ်ကြယ်၏ ထိပ်ဆုံးမှ ကြယ်နှစ်လုံးကို မျဉ်းတစ်ဖြောင့်တည်း ဆက်ဆွဲလိုက်ပါက မြောက်အရပ်မှာ Polaris (ခ) ဓူဝံကြယ်ကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
-
-
အာကာသနှင့် စကြ၀ဠာ

Comments
Post a Comment