လမ်းနယ် ဟု ဆိုတိုင်း ဖယ်ပေးရမှာလား....?

လမ်းနယ် ဟု ဆိုတိုင်း ဖယ်ပေးရမှာလား ?


´´´´´´´´´´´´´´´´´´´´´´´´´´´´```´´´```´´´´´
ဥပဒေသုတေသီ ဆရာ ဦးမောင်မောင်ညွှန့်၏ postကို copy ယူပြီး ဥပဒေ ဗဟုသုတအဖြစ် တင်ပြခြင်း ဖြစ်ပါသည်။

“လမ်းနယ်”
လမ်းနယ်ဟု ဆိုင်းပုတ်စိုက်ထူပြီး ဥယျာဉ်ခြံမြေများကို လမ်းနယ်နိမိတ်အတွင်းပါသည်ဆို၍ ဖယ်ရှားပြောင်းရွေ့ပေးရန် လမ်းဦးစီးဌာန က ညွှန်ကြားနေသဖြင့် ဥပဒေအရ ဘယ်လိုရှိသည်ကို မေးလာသူသို့ ပြန်ကြားအပ်ပါသည်-

လမ်းမကြီးများဥပဒေ အရ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် လမ်းမကြီးအဖြစ် သတ်မှတ်ခြင်း၊ လမ်းနယ်နိမိတ်ကြေငြာခြင်း ပြုနိုင်သော်လည်း၊ လမ်းနယ်အဖြစ်သတ်မှတ်ရာတွင် ပြည်သူတစ်ဦးချင်းပိုင်မြေများ ရှိနေပါက၊ တည်ဆဲဥပဒေအရ မြေသိမ်းယူရမည်ဖြစ်ပါသည်။ တနည်းဆိုသော် မြေသိမ်းအက်ဥပဒေနှင့်အညီသာ သိမ်းယူရမည်ဖြစ်ပါသည်။ လမ်းနယ်အဖြစ်ကြေငြာရုံမျှဖြင့် ပြည်သူတို့၏မြေများ လမ်းဦးစီးဌာန က ကြီးကြပ်ကွပ်ကဲသည့် လမ်းမြေအဖြစ် အလိုအလျှောက် ရောက်ရှိမသွားပါ။ လမ်းမကြီးများဥပဒေ၊ ပုဒ်မ ၄ ကို စေ့စပ်စွာ ဖတ်ရန်လိုပါသည်။

ယင်းသို့ သိမ်းယူရာတွင် မြေသိမ်းအက်ဥပဒေအရ မြေတွင်အကျိုးခံစားခွင့်ရှိသူများကို မြေသိမ်းမှုအတွက် လျော်ကြေးပေးရပါမည်။ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) တွင် လယ်ယာမြေ ဟူသည့်စကားရပ်ဖွင့်ဆိုချက်တွင် ဥယျာဉ်ခြံမြေသည် ပါဝင်နေသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းကိုသိမ်းယူမည်ဆိုပါက လယ်ယာမြေနည်းဥပဒေ၊ ၆၇(ခ) အရ ဒေသ၏ ကာလပေါက်ဈေးဖြင့်တွက်သောတန်ဖိုးကို ပေးလျော်ရမည်ဖြစ်ပါသည်။

ဤနေရာတွင် မြေတွင်အမည်ပေါက်သူများက စွန့်လွှတ်ထားပါသည် ဟူသော စကား ပေါ်ထွက်လာနိုင်ဖွယ်ရှိပါသည်။ မြေသိမ်းအက်ဥပဒေ၊ အမိန့်ဆင့်ဆိုချက် ၂၂ အရ ဆိုပါလျှင်၊ မြေသိမ်းအက်ဥပဒေ၊ ပုဒ်မ ၄(၁) အရ အများပြည်သူအကျိုးငှာ အလိုရှိကြောင်း အိန့်ကြော်ငြာစာထုတ်ပြန်ကြေငြာပြီးမှသာ၊ မြေအလိုရှိသောဌာနအနေဖြင့် မြေတွင်သက်ဆိုင်သူမျာူးနှင့်ညှိနှိုင်း၍ စာချုပ် ချုပ်ဆို စွန့်လွှတ်လက်ခံမှုကို ပြုနိုင်ကြောင်း သတ်မှတ်ချက်ကို သတိပြုရပါမည်။ တနည်းဆိုသော် မြေသိမ်းအက်ဥပဒေအရ ဆောင်ရွက်မှသာ စွန့်လွှတ်ခြင်း တရားဝင်ပါမည်။ ထို့ပြင် မြေသည်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဖြစ်သည့်အားလျော်စွာ မှတ်ပုံတင်စာချုပ် မရှိပါက မည်သည့်အကျိုးဆက်ရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ ထို့ပြင် လမ်းနယ်အမှန်ကျူးလျှင်ပင် ၂၄-၇-၂၀၁၄ နောက်ပိုင်းကျူးများကိုသာ ဆိုလိုကြောင်း ကြေငြာမှုတစ်ခုကိုလည်းတွေရပါသည်။
ဤမျှဆိုပါက လုံလောက်မည်ဟု ယူဆပါသည်။

[ ဤ post အား ပြုစု ရေးသားသူ ဆရာဦးမောင်မောင်ညွှန့်၏ မူရင်း fb link ပါ။ ဥပဒေဗဟုသုတအဖြစ် လေ့လာရယူနိုင်ကြစေရေး တင်ပြအပ်ပါသည်။ ]

https://m.facebook.com/story.php?story_fbid=173945559700841&id=100012561935452

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း