" မိဘတို့၏ သားသမီးအပေါ်ထားသော မျှော်လင့်ချက် ( ၅)မျိုး ''

" မိဘတို့၏ သားသမီးအပေါ်ထားသော မျှော်လင့်ချက်
( ၅)မျိုး ''

မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ်မှာ မိဘဘိုးဘွားများက သားသမီးအပေါ်မှာ
အားထားမျှော်လင့်ချက်ကြီး ငါးပါးရှိတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။

( ၁) ငါတို့က သူတို့ကို ငယ်စဉ်တောင်ကျေး ကလေးဘဝက စပြီးတော့
       ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်က စပြီးတော့ မွေးကျွေးသုတ်သင်
       ပြုစုစောင့်ရှောက်ခဲ့ရသလို ငါတို့ကိုလည်း သူတို့က ပြန်ပြီးတော့ 
       မွေးကျွေး သုတ်သင်ပြုစုစောင့်ရှောက်လိမ့်မယ်။

          ( ဘဋော ဝါ နော ဘရိဿတိ )

(၂) မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်
     တို့မှာလည်း ကူဖော်လောင်ဘက် ရလိမ့်မယ်။

      ( ကိစ္စံ ဝါ နော ကရိဿတိ )

(၃) တို့ရဲ့ အမျိုးအနွယ်ကိုလည်း ကြာမြင့်စွာ တည်တန့်ရစ်လိမ့်မယ်။

       (ကုလဝံသော စိရံ တိဌေ )

(၄) ငါတို့ထားခဲ့တဲ့ လောကီလောကုတ္တရာ အမွေကိုလည်းပဲ ဆက်လက်ပြီးတော့
      ကျင့်သုံးပြုလုပ်အားထုတ်လိမ့်မယ်။

     ( ဒါယဇ္ဇံ ပဋိပဇ္ဇတိ )

(၅) ငါတို့ထားခဲ့သော ပစ္စည်းဥစ္စာ (ဝါ) အဲဒီပစ္စည်းတွေပေါ်မှာ အခြေခံထားတဲ့
     ပစ္စည်းဥစ္စာတွေနဲ့ ကုသိလ်ကောင်းမှုတွေပြု ပြီးတော့ တို့ကို အမျှဝေရစ်လိမ့်မယ်။
      ကုသိုလ်ကောင်းမှုတွေ နည်းများမဟူ ပြုတိုင်းပြုတိုင်း တို့ကို အမျှဝေကြလိမ့်မယ်။
      ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်တဲ့ ငါတို့အား ကုသိုလ်ကောင်းမှု အဖို့ဘာဂကို
      ပေးဝေရစ်လိမ့်မယ်။

      ( အထ ဝါ ပန ပေတာနံ ဒက္ခိဏံ အနုပ္ပဒဿတိ )

_
- အရှင်ကုဏ္ဍာလာဘိဝံသ
အမရပူရမြို့ မဟာဓန္ဓာရုံကျောင်းတိုက်
နာယကချုပ် အဂ္ဂမဟာပဏ္ဍိတ ဗဟုဇနဟိတဓရ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်

အရှင်ကုဏ္ဍာလာဘိဝံသ တရားပေါင်းချုပ်မှကောက်နုတ်ပူဇော်ပါသည်။

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း