' ဆရာသမားဂုဏ် (၂၅)ပါး '

' ဆရာသမားဂုဏ် (၂၅)ပါး '

၁။ တပည့်များကို အမြဲစောင့်ရှောက်ခြင်း
၂။ မှီဝဲအပ် မမှီဝဲအပ်သည်ကို သိခြင်း
၃။ မေ့လျော့ မမေ့လျော့သည်ကို သိခြင်း
၎။ အိပ်ရာနေရာ ကျန်းမာရေးကို သိခြင်း
၅။ ရောဂါ ရှိ မရှိကို သိခြင်း
၆။ ဘောဇဉ် ရ မရကို သိခြင်း
၇။ အကြောင်း ထူး မထူးကို သိခြင်း
၈။ အစားအစာကို စစ်ဆေးဝေဖန်ခြင်း
၉။ ပညာကြိုးစားအောင် အားပေးစကား ပြောကြားတတ်ခြင်း
၁၀။အလုပ်အကျွေးကောင်းသူကို သိခြင်း
၁၁။ ဆွမ်းခံရာ အလုပ်အကျွေးကို သိခြင်း
၁၂။ ကျောင်း အလုပ်အကျွေးကို သိခြင်း
၁၃။ တပည့်ကို ပြက်ရယ်မှု မပြုခြင်း
၁၄။အရောတဝင် မပြုခြင်း
၁၅။ တပည့်အပြစ်ကို သည်းခံခြင်း
၁၆။ တပည့်ကို လေးစားခြင်း
၁၇။ လျှို့ဝှက်ရမည့်အရာကို လျှို့ဝှက်ခြင်း
၁၈။ ပညာကုန် သင်ပေးခြင်း
၁၉။ တတ်သိစေလိုသော စိတ်ရှိခြင်း
၂၀။ ပညာစွဲအောင် သင်ပေးခြင်း
၂၁။ လက်ရှိပညာထက် တိုးတက် တတ်မြောက်လိုစိတ်ရှိအောင် အားပေးခြင်း
၂၂။ မေတ္တာစိတ်ရှိခြင်း
၂၃။ ဘေးရန်ရှိက တပည့်တို့ကို မစွန့်ခြင်း
၂၄။ မမေ့မလျော့ခြင်း
၂၅။ တပည့်များ မေ့လျော့ မှားယွင်းသော် သင့်တော်အောင် ချီးမြှောက်ခြင်း
တို့ဖြစ်သည်။ ။

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ