" ဗုဒ္ဓသာသနာ နှင့် ဂိုဏ်းကွဲများ(၁) "
" ဗုဒ္ဓသာသနာ နှင့် ဂိုဏ်းကွဲများ(၁) "
လူသားတိုင်း ပတ်ဝန်းကျင်ကို အမှီပြု၍နေထိုင်ကြရ၏။ ထိုသို့ အမှီပြုနေထိုင်ကြရာတွင် သဘာဝ ပတ် ၀န်းကျင်ကို အမှီပြု၍ နေထိုင်ကြရသကဲ့သို့ လူသားပတ်ဝန်းကျင်ကိုလည်း အမှီပြု၍ နေထိုင်ကြရသည်။
ထိုပတ်ဝန်းကျင်နှစ်ခုအနက် လူသားပတ်ဝန်းကျင်တွင် အချင်းချင်း ပေါင်းစည်းနေထိုင်ကြသော်လည်း အတ္တကို ဗဟိုပြု၍ ရှင်သန်သောသူများ ရှိသကဲ့သို့ ပရ ကိုဗဟိုပြု၍ ရှင်သန်သော သူများလည်း ရှိကြသည်။ ထိုသို့ ဘ၀မှာ ရှင်သန်မှုခြင်း တူသော်လည်း လူသားတို့၏ အသိအမြင်အယူအဆကိုလိုက်၍ အချင်းချင်း ကွဲ ပြားကြသည်။ တစ်ချို့က ဆရာသမားတို့၏ အစဉ်အဆက်ကိုလိုက်၍ ကွဲပြားသွားသည်လည်း ရှိ၏။ ထိုသို့ မတူ ညီသော ကွဲပြားမှုများသည် တူရာတူရာ ပေါင်းစပ်စုစည်းမှု တစ်ခု ဖြစ်သွားကာ အယူဝါဒသို့လိုက်၍ ဂိုဏ်းဂဏ အသီးအသီး အဖြစ်သို့ရောက်ရှိ သွားကြသည်။
မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း မြတ်ဗုဒ္ဓဟောကြားသောဓမ္မကို ပြုပြင်လိုသူများနှင့် မြတ်ဗုဒ္ဓ၏ ဓမ္မကို မြတ်ဗုဒ္ဓဟောကြားခဲ့သည့်ဓမ္မအတိုင်း မပြုမပြင် ပင်ကိုယ်မူရင်းအတိုင်း ထားရှိလိုသူများ ဟူ၍ နှစ်မျိုး ကွဲပြားခဲ့ လေသည်။ ဓမ္မကိုပြုပြင်လိုသူများသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မိမိ တို့၏ အ တွေးအခေါ်တို့နှင့် ပေါင်းစပ်၍ ပြုပြင် ကျင့်သုံးခဲ့ကြ၏။ ဓမ္မကိုမပြုမပြင် ပင်ကိုယ်အတိုင်း ထားလိုသူ များက မြတ် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မပြုမပြင် ပင်ကိုယ်အတိုင်း လက်ခံ ကျင့်သုံး ခဲ့ကြသည်။
ထိုကဲ့သို့ ကျင့်သုံးမှုကိုလိုက်၍ မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း ဂိုဏ်းအသီးသီး ကွဲပြားသွား ခဲ့ ကြ သည်။ ထိုသို့ ကွဲပြားသွားသော ဂိုဏ်းအသီးသီးကို မသိရှိသေးသော ဗုဒ္ဓဘာသာဝင်များ သိရှိစေရန် ရည် ရွယ်၍ “ဗုဒ္ဓသာသနာနှင့်ဂိုဏ်းကွဲများ” အကြောင်းကို တင်ပြလိုက်ရပါသည်။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် တပည့်သားသံဃာတော်တို့သည် ဘုရားရှင်ဟော ကြားတော် မူခဲ့သော ဓမ္မ,၀ိနယ ဒေသနာတော်တို့ကို တသွေမတိမ်း လိုက်နာကျင့်ကြံခဲ့ကြ၏။
သာသနာတော်နှစ်(၁၀၀)သို့ ရောက်သောအခါ၌မူ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ အတွေး အမြင် များ ပြောင်းလဲ လာခဲ့ကြ၏။ သဘောတရား အသစ်များလည်း ပေါ်ပေါက်လာခဲ့ကြ၏။ အချို့ရဟန်းတော်တို့ သည် မြတ်ဗုဒ္ဓ၏ ၀ိနည်းဥပဒေတော်ကို ပြင်ဆင်ပြောင်းလဲမှု စတင်ပြုလုပ်လာခဲ့ကြ၏။
ထိုရဟန်းများမှာ-
ဝေသာလီပြည် ၀ဇ္ဇီပုတ္တကခေါ် ၀ဇ္ဇီတိုင်းသားရဟန်းများပင် ဖြစ်၏။ ထိုဝဇ္ဇီတိုင်းသား ရဟန်းများသည် ဘုရား ရှင်၏ ၀ိနည်းဒေသနာတော်နှင့် ဆန့်ကျင်သော အဓမ္မ၀တ္ထု(၁၀)မျိုးကို ပြင်ဆင် ကျင့်သုံးနေကြ၏။
အရှင်မဟာယသမထေရ်သည် ထိုသတင်းကိုကြားသဖြင့် ဝေသာလီပြည်၊ မဟာဝုန်ကျောင်းတိုက်သို့ ကြွ ရောက် တော်မူလာခဲ့သည်။ ထိုစဉ် သံဃာတော်များ ဥပုသ်ပြုချိန်နှင့်တိုက်ဆိုင်နေ၏။ ထိုနေ့တွင် ရဟန်းတို့ သည် သံဃာအလယ်၌ ကြေးဖလားကြီးတစ်လုံးကိုချ၍ ဥပုသ်စောင့်,တရားနာရန် လာရောက်ကြသော ဒါယ ကာ,ဒါယကာမတို့အား ပရိက္ခရာဖိုး လှူဒါန်းကြရန် ဟောပြောကြ၏။ ဒါယကာ,ဒါယကာမတို့ကလည်း တတ် အားသမျှ ပါဝင်လှူဒါန်းကြလေသည်။ ရှင်မဟာယသသည် ဤလုပ်ရပ်သည် ၀ိနည်းတော်နှင့် မညီညွတ် သော ကြောင့် မပြုလုပ်ကြရန် တားမြစ်သော်လည်း ၀ဇ္ဇီရဟန်းတို့က ရှင်မဟာယသ၏ စကားကို လက် မခံခဲ့ကြပေ။ လက်မခံသည့်အပြင်-
“အရှင်မဟာယသ ဟာ ဒါယကာတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးပိတ်ပင်တယ်” ဟုပင် ပြစ်တင်ရှုတ် ချခဲ့ ကြသည်။ နောက်ဆုံး အရှင်မဟာယသကို ၀ဇ္ဇီတိုင်း သားရဟန်းများက သံဃာ့ဘောင်မှပယ်ထုတ်မှု ''ဥက္ခေ ပနီယကံ'' ပြု ကြသည်။
အရှင်မဟာယသ မထေရ်သည် ၀ဇ္ဇီတိုင်းသားရဟန်းတို့နှင့် သဘောထားကွဲလွဲရာ သူနှင့်အယူ ဆ ချင်း သဘောတူသည့် ဘုရားရှင်၏ ဓမ္မဒေသနာတော်တို့ကို ရင်းမြစ်ကျကျလက်ခံလိုကြသော ရဟန်းတော် များကို စည်း ရုံး စုစည်းရသည်။ ရဟန်းများစွာကိုလည်း စုစည်းမိခဲ့သည်။
အရှင်မဟာယသသည် သူနှင့် သဘောတူရာ ရဟန်း တော်တို့ကို ပေါင်းစု၍ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာ တော်တို့ကို သင်္ဂါယနာတင်ခဲ့ ကြသည်။ ထိုသင်္ဂါယနာတင်ပွဲ သို့ကြွရောက်တော်မူကြသည့် သံဃာ တော် အား လုံးတို့က-
''မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မပြုလုပ်ကြဘဲ မူလပက တိ ရှိသည့်အတိုင်း လက်ခံကျင့်သုံးရန်'' ဟူသောမူကိုချမှတ်ပြီး တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ချ ခဲ့ကြ သည်။
( အရှင်မဟာယသ ဦးဆောင် သော သံဃာအဖွဲ့ အစည်းသည် နောင်အခါ၌ ''ထေရ၀ါဒ ဂိုဏ်း '' ဟူ၍ ထင်ရှား လာခဲ့သည်။)
ထိုသတင်းကိုကြားသော ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်လည်း သူတို့နှင့်အယူဝါဒတူရာ ရဟန်းတို့ကို စည်းရုံးကြသည်။ ထိုသို့စည်းရုံးပြီး သံဃာပေါင်း(၁၀၀၀၀)တစ်သောင်း ဖြင့် ကောသမ္ဗီပြည်၌ သီးခြားသင်္ဂါယ နာ တင်ပွဲ ပြုလုပ်ကြပြန်သည်။ ၀ဇ္ဇီတိုင်းသားရဟန်းတို့တင်သော သင်္ဂါယနာကို ''မဟာသံဂီတိ''ဟု ခေါ်ဆို ခဲ့ ကြ သည်။ ထိုသံဃာ့အဖွဲ့အစည်းကြီးကိုလည်း ''မဟာသံဃိကဂိုဏ်း'' ဟု ခေါ်ဆိုခဲ့ကြသည်။
ဤနည်းဖြင့် သာသနာတော်နှစ် နှစ် ၁၀၀ - အရောက်တွင် သာသနာတော်၌-
(၁) ထေရ၀ါဒ ဂိုဏ်း
(၂) မဟာသံဃိက ဂိုဏ်း ဟူ၍ ဂိုဏ်းကြီးနှစ်ခု ကွဲပြားသွားခဲ့သည်။
သာသနာတော်၌ ဂိုဏ်းများဆက်လက်ကွဲပြားခြင်း
မူလ သံဃာ့အဖွဲ့အစည်းအတွင်းမှ ၀ဇ္ဇီတိုင်းသားရဟန်းတို့၏ ပယောဂကြောင့် မဟာသံဃိကဂိုဏ်း ခွဲထွက်သွားခဲ့ပြီးနောက် အခြားသောရဟန်းအုပ်စုများကလည်း ဂိုဏ်းခွဲများကိုအသီးသီး ဖွဲ့စည်းတည်ထောင် ခဲ့ကြပြန်သည်။
ဂိုဏ်းခွဲများတွင် မဟာသံဃိကဂိုဏ်းကြီးမှ-
(၁) ဂေါကုလိကဂိုဏ်း
(၂) ဧကဗျောဟာရိကဂိုဏ်း ဟူ၍ ဂိုဏ်း ၂- ဂိုဏ်း ကွဲပြားလာသည်။
နောက်ထပ် ဂေါကုလိကဂိုဏ်းမှ-
(၃) ပဏ္ဏတ္တိဝါဒဂိုဏ်း
(၄) ဗဟုဿုတိကဂိုဏ်း ဟူ၍ ၂- ဂိုဏ်းကွဲပြားလာပြန်သည်။
တစ်ဖန် ဗဟုဿုတိကဂိုဏ်းမှလည်း
(၅) စေတိယဂိုဏ်း ဟူ၍ ၁- ဂိုဏ်း ခွဲထွက်ပြန်သည်။
ထို့ကြောင့် မဟာသံဃိကဂိုဏ်းမှ ပင်မဂိုဏ်းရင်းနှင့်တကွ ဂိုဏ်း(၆)ဂိုဏ်း ကွဲပြားသွားလေသည်။
ထိုမဟာသံဃိကဂိုဏ်းကြီးကို အတုလိုက်၍
မူလထေရ၀ါဒဘက်မှလည်း ဂိုဏ်းအမျိုးမျိုး ကွဲပြားခဲ့ပြန်သည်။ ရှေးဦးစွာ မူလထေရ၀ါဒဂိုဏ်းကြီးမှ-
(၁) မဟိသာသကဂိုဏ်း
(၂) ၀ဇ္ဇိပုတ္တကဂိုဏ်း ဟူ၍ (၂) ဂိုဏ်းကွဲပြားခဲ့သည်။
ထို ၀ဇ္ဇီပုတ္တကဂိုဏ်းမှ-
(၃) ဓမ္မုတ္တရိယဂိုဏ်း
(၄) ဘဒြယာနိကဂိုဏ်း
(၅) ဆန္နာဂါရိကဂိုဏ်း
(၆) သမ္မိတိယဂိုဏ်း ဟူ၍ (၄)ဂိုဏ်း ကွဲပြားခဲ့သည်။
တစ်ဖန် မဟိသာသကဂိုဏ်းမှ-
(၇) သဗ္ဗတ္ထိဝါဒဂိုဏ်း
(၈) ဓမ္မဂုတ္တိကဂိုဏ်း ဟူ၍ (၂)ဂိုဏ်းကွဲသည်။
သဗ္ဗတ္ထိဝါဒဂိုဏ်းမှ-
(၉) ကဿပိကဂိုဏ်း ခွဲထွက်ပြန်သည်။
ထိုကဿပိယဂိုဏ်းမှ-
(၁၀) သင်္ကန္တိကဂိုဏ်း ခွဲထွက်ပြန်သည်။
တစ်ဖန် ထို သင်္ကန္တိကဂိုဏ်းမှ-
(၁၁) သုတ္တ၀ါဒဂိုဏ်းခွဲထွက်ခဲ့ပြန်သည်။
ထို့ကြောင့် မူလထေရ၀ါဒဂိုဏ်းနှင့်ပေါင်းလျှင် ထေရ၀ါဒဂိုဏ်းပေါင်း(၁၂)ဂိုဏ်းရှိသည်။
ထေရ၀ါဒနှင့် မဟာသံဃိက ဂိုဏ်းမကြီးများနှင့် ဂိုဏ်းကွဲ အားလုံးပေါင်းလိုက်လျှင် ဗုဒ္ဓဘာသာဂိုဏ်း ကွဲပေါင်း (၁၈) ဂိုဏ်းအထိ ကွဲပြားလာခဲ့သည်။ (ဒီပ၀ံသကျမ်း)
ယခုဖော်ပြခဲ့သော ဂိုဏ်းများသည် သာသနာတော်နှစ်(၂၀၀)ခန့်အတွင်း ကွဲပြားခဲ့သောဂိုဏ်း များဖြစ် သည်။
အသောကမင်းနန်းတက်သောအခါဝယ် ဂိုဏ်းအသီးသီးတို့သည် ကိုယ့်အင်အား နှင့်ကိုယ် ကြီးပွားနေကြပြီ ဖြစ်သည်။
အသောကမင်းတရားလက်ထက် အသောကမင်းတရား၏ မြှောက်စားပူဇော်မှုကို ခံယူရသောဂိုဏ်း တစ်ဂိုဏ်းမှာ ၀ိဘဇ္ဇ၀ါဒီဂိုဏ်းကြီး ဖြစ်ပေသည်။
ထေရ၀ါဒနှင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်း
ဝိဘဇ္ဇ၀ါဒီဂိုဏ်းသည် မူလထေရ၀ါဒမှ ဂိုဏ်းကွဲတစ်ခုဖြစ်ဟန်တူပေသည်။ မည့်သည့်အချိန် အခါက စတင်၍ကွဲပြားခဲ့သည်ဟူသော ကျမ်းစာအထောက်အထားကို မတွေ့ရသော်လည်း ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် အ သောကမင်းလက်ထက်တွင် ကြီးမားနေသည်မှာ ငြင်းပယ်နိုင်စရာ အကြောင်းမရှိပေ။
အသောကမင်းကြီးသည် နိဂြောဓသာမဏေနှင့်တွေ့ပြီးနောက် ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ ချိန်တွင် မဇ္ဈိမဒေသ( အိန္ဒိယနိုင်ငံ)၌ ဗုဒ္ဓဘာသာဆိုင်ရာအရှုပ်အထွေးများ ပေါ်ပေါက်နေပြီး ဖြစ်သည်။
သာသနာတော်၏ ပြင်ပ၌ဖြစ်သော တိတ္ထိတို့သည် ဗုဒ္ဓသာသနာတော်အတွင်းသို့အတင်းဝင်၍ ရဟန်း ပြု နေကြသောကြောင့် သံဃာ့အဖွဲ့စည်း သည်လည်းသန့်ရှင်းစင်ကြယ်သော သံဃာ့အဖွဲ့စည်း မဟုတ်တော့ ပေ။ တိတ္ထိတို့သည် သာသနာတော်အတွင်းဝင်ရောက်ပြီး ပရိယတ္တိ၊ပဋိပတ္တိ ဟူသော ဓူရနှစ်ဖြာ တရားအ လုပ်ကို အားမထုတ်ကြဘဲ တိတ္ထိတို့၏ မိစ္ဆာအယူကိုသာ ဆက်လက်အားထုတ် နေကြ၏။
သူတို့၏ မိစ္ဆာအယူတို့ကိုသာ '' ဒီဟာက သုတ္တာန်၊ ဒီဟာက အဘိဓမ္မာ၊ ဒီဟာက ၀ိနည်း '' ဟုဟောပြော ပြသကြက၏။
တိတ္ထိတို့ သာသနာတော်အတွင်းဝင်ရောက်လာရခြင်း၏ အဓိကသော့ချက်မှာ စားဝတ်နေရေးရှားပါးလာ ရခြင်း ကြောင့်ဖြစ်သည်။ တိတ္ထိတို့သည် စားဝတ်နေရေး လာဘ်လာဘရှားပါးလာသောကြောင့်(ရဟန်းခံ သိမ် ၀င်ခြင်းမရှိဘဲ) သူတို့ ကိုယ်တိုင် ခေါင်းရိပ် သင်္ကန်းဝတ်၍ သာသနာအတွင်းသို့ ရဟန်းအသွင်ဖြင့် ၀င် ရောက် နေထိုင်ကြသည်။ ဥပုသ်နေ့ ၊ ပ၀ါရဏာနေ့ စသော သံဃာ့ကံများကိုလည်း မပြုလုပ်ကြပေ။
ရဟန်းစစ်ရဟန်းမှန်တို့ကလည်း တိတ္ထိရဟန်း တို့နှင့်အတူ ဥပုသ်ပြုရန်အလိုမရှိကြသောကြောင့် အ သောကရာမကျောင်းတိုက်ကြီးတွင် (၇) နှစ်တိုင်တိုင် ဥပုသ်ကံမှ ဆိတ်သုဉ်းနေခဲ့ရသည်။
သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို အထူးလိုလားသော သာသနာ့ဒါယကာ သီရိဓမ္မာသောက မင်း ကြီးသည် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ရန် အတွက် အမတ်တစ်ဦးအား စေခိုင်းခဲ့ သည်။ ထိုအမတ်၏ သာသနာရေး မကျွမ်းကျင် မလိမ္မာမှုကြောင့် သူတော်ကောင်းသံဃာတော် အများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ တူတော် တိဿမထေရ်ကို အကြောင်းပြု၍ ထိုအချင်းအရာကို သီရိဓမ္မာသောက မင်း ကြီး သိရှိခဲ့ရသည်။ သတိသံဝေဂကြီးစွာလည်း ရခဲ့သည်။
ထို့နောက် သီရိဓမ္မာသောကမင်းကြီးသည် ကိုယ်တော်တိုင် ရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ် ၏ အထံတော်၌ လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာနားလည်းစေရန် သင်ယူ ခဲ့ရသည်။
သာသနာရေးနှင့်စပ်၍ လုပ်ဆောင်ကြရာတွင် သာသနာတော်နှင့်သက်ဆိုင်သော သင်ယူ သင့် သင် ယူထိုက်ရာ ပညာရပ်များကို တကယ်လေ့လာပြီး လုပ်ကိုင်ဆောင်ရွက်မှသာလျှင် အမှား အယွင်းကင်းပြီး သာ သနာတော်အားလည်း ချီးမြှောက်ရာရောက်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါ က သာသနာတော်ကို ချီးမြှောက် ရာမရောက်ဘဲ တိုးတက်ခြင်းမှ ဆုတ်ယုတ်အောင် ပြုလုပ်သည့် အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မနှင့် လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာ နား လည်ပြီးနောက် သံဃာတော်တို့ကို အသောကာရာမကျောင်းတိုက်ကြီး၌ တူရာတူရာစုဝေးစေပြီး-
''ဘုရားရှင်ဟာ ဘယ်လို အယူဝါဒရှိပါသလဲ'' စသည်ဖြင့် မြတ်ဗုဒ္ဓ၏ အယူဝါဒကို မေးစိစစ်ခဲ့ရသည်။ ထိုမေးခွန်းကို ရဟန်းတု,ရဟန်းယောင် တို့က မှန်အောင်မဖြေနိုင်ကြပေ။
အချို့က -
''ဗုဒ္ဓဟာ သဿတ၀ါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ ဥစ္ဆေဒ၀ါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ သညာဝါဒ ရှိပါတယ်''
အချို့က -
''ဗုဒ္ဓဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိပါတယ်'' စသဖြင့် မဟုတ် မမှန်သော မိစ္ဆာဝါဒတို့ကို ဖြေဆိုကြသည်။ အသောကမင်းကြီးသည် ထိုရဟန်းတု ရဟန်းယောင်တို့ကို လူထွက်စေပြီးသာသနာ့ဘောင်မှ နှင်ထုတ်ပစ် ခဲ့သည်။
အသောကမင်းကြီးသည် မြတ်ဗုဒ္ဓ၏ အယူဝါဒမှန်ကို လက်ခံကျင့်သုံးကြသည့် ရဟန်း တော်တို့အား
''အရှင်ဘုရားတို့ မြတ်ဗုဒ္ဓဟာ အဘယ်အယူဝါဒရှိပါသလဲ'' ဟုမေးမြန်းသည်။
ရဟန်းတော်တို့က -
''မင်းကြီး မြတ်ဗုဒ္ဓဟာ သဿတအယူ၊ ဥစ္ဆေဒအယူဝါဒတွေကို ခွဲခြမ်းဝေဘန်ပြီး အမြဲ ဆိုတော်မူတတ်သော ၀ိဘဇ္ဇ၀ါဒီ ဖြစ်ပါတယ်'' ဟု ဖြေဆိုကြသည်။ (၀ိ၊ ဋ္ဌ၊ ၁။ ၄၅။ )
မင်းကြီးသည် ထိုအဖြေကိုခိုင်မာစေရန် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အား လျှောက်၏။
''မင်းကြီး ဒါဟာ မြတ်ဗုဒ္ဓ၏ အယူဖြစ်တယ်'' ဟုမထေရ်မြတ်ကဖြေကြား၏။
''ရဟန်းစစ် ရဟန်းမှန်တို့ကို တွေ့ရပြီ'' ဟု မင်းကြီးဆုံးဖြတ်၍ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ခဲ့သည်။
ထိုအချိန်မှစကာ မင်းကြီးသည် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသံဃာတို့ကို ချီးမြှင့်ပူဇော်မှုကို ပြုလေတော့သည်။
ထို့ကြောင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် အသောကမင်းကြီး၏ အဓိကကိုးကွယ်ရာ ဂိုဏ်းဖြစ်သည်ဟု ဆိုနိုင်ပေ သည်။
ဝိဘဇ္ဇ၀ါဒီဂိုဏ်း၏ အယူဝါဒကို သာသနာ့သမိုင်း၌ ဖော်ပြထားခြင်း မရှိပေ။ ထိုသို့ဖော် ပြထားခြင်း မရှိ သည်မှာ မူလထေရ၀ါဒနှင့် အယူဝါဒချင်း၊ တရားဓမ္မချင်း၊ ခံယူကျင့်သုံးမှုချင်း တူညီ နေသော ကြောင့် သာ ဖြစ်သည်ဟု ဆိုရပေမည်။
ဤသို့ အယူဝါဒချင်း တရားဓမ္မချင်း တူညီနေသော ကြောင့်လည်း နောင်အခါတွင် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် သီးခြားဂိုဏ်းတစ်ဂိုဏ်းအဖြစ်ဖြင့် ရပ်တည် မှုမရှိဘဲ မူလထေရ၀ါဒနှင့် ပြန်လည်ပေါင်းစပ်ခဲ့သည်။
-
ဓမ္မစာပေများ

Comments
Post a Comment