' ပဗ္ဗဇ္ဇမင်္ဂလာ '

' ပဗ္ဗဇ္ဇမင်္ဂလာ '

ပဗ္ဗဇ္ဇမင်္ဂလာ ဆိုရာ၌ ပဗ္ဗဇ္ဇဟူသော စကားနှင့် မင်္ဂလာဟူသော စကားနှစ်မျိုးကို တွဲစပ် ထားသည်။ ယင်းနှစ်မျိုးတို့တွင် ပဗ္ဗဇ္ဇ ဟူရာ၌-

    ဘိက္ခုပဗ္ဗဇ္ဇ
    သာမဏေရပဗ္ဗဇ္ဇ
    ဣသိပဗ္ဗဇ္ဇ
    ပရိဟ္မာဇက ပဗ္ဗဇ္ဇဟု လေးမျိုးရှိသည်။

    (၁) ဘိက္ခုပပဗ္ဗဇ္ဇ ဆိုသည်မှာ ရဟန်းပြုခြင်းကို ဆိုသည်။
    (၂) သာမဏေရပဗ္ဗဇ္ဇ ဆိုသည်မှာ သာမဏေပြုခြင်းကိုဆိုသည်။
    (၃) ဣသိပဗ္ဗဇ္ဇ ဆိုသည်မှာ ရသေ့ပြုခြင်းကိုဆို သည်။
    (၄) ပရိဟ္မာဇကပဗ္ဗဇ္ဇ ဆိုသည်မှာ ပရိဗိုဇ်ပြုခြင်းကို ဆိုသည်။

ပဗ္ဗဇ္ဇဆိုသော စကားဝယ် ဗုဒ္ဓသာသနာတွင်း၌ ရသေ့ပြုခြင်းနှင့် ပရိဗိုဇ် ပြုခြင်းများရှိသော်လည်း၊ ပဗ္ဗဇ္ဇဟု မထင်မှတ်ကြကုန်။ ရဟန်းပြုခြင်းနှင့် ရှင်သာမဏေ ပြုခြင်းများကိုသာ ပဗ္ဗဇ္ဇဟု ထင်မှတ်နေကြ သည်။ သာသနာပ၌ကား ရဟန်းနှင့် ရှင်သာမဏေများ မပြုနိုင်ကြသဖြင့်၊ ရသေ့နှင့် ပရဗိုဇ်များကိုသာ ပဗ္ဗဇ္ဇ ဟုထင်မှတ်နေကြ သည်။ စင်စစ် အမှန်မှာ ပဗ္ဗဇ္ဇလေးမျိုးလုံးပင် ပဗ္ဗဇ္ဇဖြစ်သည်။ မင်္ဂလာဟူသော စကားမှာလည်း၊

    လောကုတ္တရာကျမ်းလာ မင်္ဂလာ
    လောကီကျမ်းလာ မင်္ဂလာဟု နှစ်မျိုးရှိသည်။

ယင်းနှစ်မျိုးတို့တွင် မင်္ဂလသုတ်၌ မင်္ဂလာ (၃၈)ပါး ပြဆိုထားသည်။ ငါးရာ့ငါးဆယ်နိပါတ်တော် မဟာမင်္ဂလဇာတ်၌ မင်္ဂ လာကြီး (၈)ပါး ပြဆိုထားသည်။ ဓမ္မပဒအဌကထာ နန္ဒမထေရ်ဝတ္ထု၌ နန္ဒမင်းသားကို မင်္ဂလာပြုရာဝယ်

    (၁) အိမ်တက်မင်္ဂလာ
    (၂) ဥသျှောင်ထုံးမင်္ဂလာ
    (၃) သင်းကျစ်ဆောင်းမင်္ဂလာ
    (၄) ထိမ်းမြားမင်္ဂလာ
    (၅) အိမ်ရှေ့ ထီးဆောင်း မင်္ဂလာ ငါးပါးပြဆိုထားသည်။

လောကီကျမ်းလာ မင်္ဂလာမှာလည်း၊

    (၁) အမိဝမ်းမှ ဖွားမြင်ခြင်း ' ဝိဇာယမင်္ဂလာ '
    (၂) နန္ဒိမုခနတ်တို့ အားမျက်နှာပြခြင်း 'မုခဒဿနမင်္ဂလာ '
    (၃) ဝမ်းတွင်း ဆံပင်ကို ရိတ်ခြင်း ' ကေသစ္ဆေဒနမင်္ဂလာ '
    (၄) ဧယဉ်ပုခက်တင်ခြင်း ' ဒေါလာကရဏမင်္ဂလာ '
    (၅) ကွမ်းဦး ခွံ့ခြင်း ' တမ္ဗုလပတ္တမင်္ဂလာ '
    (၆)နေလတို့ကို ကြည့်ရှုစေခြင်း ' ရဝိန္ဒုဒဿနမင်္ဂလာ '
    (၇) အမည်မှည့်ခြင်း ' နာမကရဏမင်္ဂလာ '
    (၈) ထမင်းဦးခွံ့ခြင်း ' မထမ ဘတ္တမင်္ဂလာ'
    (၉) ဆံပင်ထုံးခြင်း ' ကေသဗန္ဓနမင်္ဂလာ '
    (၁၀) နားထွင်းခြင်း ' ကဏ္ဏစ္ဆိဒ္ဒမင်္ဂလာ'
    (၁၁) သာသနာ တွင်းသို့ သွတ်သွင်းခြင်း ' သာသနာနုဂ္ဂဟမင်္ဂလာ '
    (၁၂) ထိမ်းမြားလက်ထပ်ခြင်း ' အာဝါဟ ဝိဝါဟမင်္ဂလာ '
ဟူ၍ဆယ့်နှစ်ပါး ပြဆိုထားသည်။

ထိုပြင် အရပ်ဒေသသို့ လိုက်၍လည်းကောင်း၊ အမျိုးဇာတ်သို့ လိုက်၍၎င်း၊ ဘာသာယဉ်ကျေးမှုသို့ လိုက်၍၎င်း၊ ရိုးရာယဉ်ကျေးမှုသို့ လိုက်၍၎င်း အရာဌာန အားလျော်စွာ ပြုလုပ်ကြသော မင်္ဂလာတို့ကား အများအပြားပင်ရှိသည်။

ပဗ္ဗဇ္ဇမင်္ဂလာ ဟူသောစကား၏ အဓိပ္ပါယ်ကား ယုတ်ညံ့နိမ့်ကျသော လူ့အသွင်အပြင်ကို စွန့်ပယ်၍ ကောင်းမွန် မြင့်မြတ်သော ရဟန်းအဖြစ် ရဟန်းအသွင်အပြင်ကို ယူခြင်းပင် ဖြစ်သည်။

ပဗ္ဗဇ္ဇမင်္ဂလာ ဟူသော စကား၏ အဓိပ္ပါယ်ကား လောကီမင်္ဂလာမှာ ဖြစ်စေ၊ လောကုတ္တရာမင်္ဂလာမှာ ဖြစ်စေ ပစ္စုပ္ပန် သံသရာနှစ်ဖြာသော ဘဝတို့၌ မြင့်မြတ်ကြောင်း ကြီးပွားကြောင်း ချမ်းသာကြောင်း ပြည့်စုံကြောင်း ဖြစ်သော အပြုအမူ အပြောအဆိုများ၊ သို့မဟုတ် မြင့်မြတ်ခြင်း ကြီးပွားခြင်း ချမ်းသာခြင်း ပြည့်စုံ ခြင်းများ ဖြစ်သည်။ ပဗ္ဗဇ္ဇ မင်္ဂလာဟူသော စကား၏ အဓိပ္ပါယ်ကား လူ့အဖြစ် လူ့အသွင်အပြင်ကို စွန့်ပယ်၍ ရဟန်း အဖြစ် ရဟန်းအသွင် အပြင်ကို ယူခြင်းသည်ပင် မြင့်မြတ်ကြောင်း၊ ကြီးပွားကြောင်း၊ ချမ်းသာကြောင်း၊ ပြည့်စုံကြောင်း ဖြစ်သည်။

-
ကိုးကား....

    ↑မြန်မာ့စွယ်စုံကျမ်

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း