" သာသနာကွယ်ကြောင်း(၁၅)ပါး ''
🔘 တရားမနာ
စာပေမသင်
နုတ်တွင်မဆောင်
သိအောင်မပြု
ဓမ္မာနုဓမ္မပဋိပတ်ခွာ
ဤငါးဖြာသည်ဘုရားသာသနာကွယ်ကြောင်းတည်း။
🔘 စာသင်ပယ်လျော
ကျယ်မဟောကြား
ကျယ်မချနှင့်
ကျယ်စွာ့မအံ
မကြံမစည်
ဤငါးမည်သည်ဘုရားသာသနာကွယ်ကြောင်းတည်း။
🔘 အက္ခရာပုဒ်ပျက်လေ့ကျက်သင်ချ
ဒုဗ္ဗစမူ
စာချသူရှား
လာဘ်များအောင်ဖန်
ခိုက်ရန်ကွဲပြား
ဤငါးပါးသည်ဘုရားသာသနာကွယ်ကြောင်းတည်း။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🔘
၁။ ရဟန်းများ တရားမနာခြင်း။(ရဟန်းရှင်လူတို့ တရားမနာခြင်း)။
၂။ စာပေကျမ်းဂန်များကို မသင်ကြားခြင်း။
၃။ နှုတ်တက်အာဂုံ, အရမဆောင်ခြင်း။
၎။ အနက်အဓိပ္ပါယ်ကို သိအောင်မပြုခြင်း။
၅။ ပဋိပတ်ကို မကျင့်ခြင်း။
ဆောင်ပုဒ်။ ။ အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊
ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊
ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ဤငါးဖြာတည်း။
.
🔘
၁။ သုတ္တ, ဂေယျ စသော စာပေတရားများကို မသင်ကြားခြင်း
(စာသင်အလုပ်ကို ပယ်ဖြုတ်ထားခြင်း)။
၂။ တရားကို အကျယ်မဟောခြင်း။
၃။ စာပေကျမ်းဂန်များကို အကျယ်အားဖြင့် မပို့ချခြင်း။
၎။ စာပေကျမ်းဂန်ကို အကျယ်အားဖြင့် မသရဇ္ဈာယ်ခြင်း။
၅။ အနက်အဓိပ္ပါယ်ကို မကြံစည်ခြင်း။
.
ဆောင်ပုဒ်။ ။ ထဝါထို့ပြင်၊ စာသင်ပယ်လျှော၊ ကျယ်မဟောကြ၊ ကျယ်မချနဲ့၊ ကျယ်စွာ့မအံ၊ မကြံမစည်၊ ဤငါးလီတည်း။
.
🔘
၁။ မမှန်မကန်, ပုဒ်, ပါဌ်, အက္ခရာ ပါဠိပျက်များကို လေ့ကျင့်သင်ကြားခြင်း။
၂။ ဆရာသမားတို့၏ အဆုံးအမကို မနာယူခြင်း။
၃။ စာချမည့်ပုဂ္ဂိုလ် ရှားပါးခြင်း။
၎။ အချင်းချင်း ခိုက်ရန်ကွဲပြားခြင်း။ (ကျောင်းလုခြင်း စသည်)။
၅။ လာဘ်လာဘ ပေါများအောင် ပြုလုပ်အားထုတ်ခြင်း။
.
ဆောင်ပုဒ်။ ။ ဝါတနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျင့်သင်ကြ၊ ဒုဗ္ဗစမူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ ဘုရားသာသနာ ကွယ်ကြောင်းတည်း။
.
ဤကဗျာသုံးပုဒ်သည် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ကဗျာများဖြစ်၏။
.
ဤ ၁၅-ပါးတို့ကို ပယ်ရှား၍ ကျင့်ကြံလိုက်နာလျှင်
သာသနာတည်ကြောင်း ၁၅-ပါးသည်လည်း
အင်္ဂုတ္တိုရ်ပါဠိတော် (အံ-၂၊ ၁၅၅-၁၅၉။ မြန်မာပြန် ဒုတိယ၊ ပ,ဒု,တ
သဒ္ဓမ္မသမ္မောသသုတ်များ ၁၉၈-၂၀၂) ၌ပင် လာရှိ၏။
_
#credit_ဆရာတော်ဦးဇောတာလင်္ကာရ

Comments
Post a Comment