" စူဠာမုနိလောကချမ်းသာစေတီတော် ''

" စူဠာမုနိလောကချမ်းသာစေတီတော် ''

စူဠာမုနိလောကချမ်းသာစေတီတော် သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ပုဂံဒေသရှိ ကျန်စစ်သားမင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် အာနန္ဒာဘုရား၏ မူရင်းပုံစံ အနုပညာလက်ရာများအတိုင်း အချိုးအစားကျနစွာ တည်ထားကိုးကွယ်ထားခြင်း ဖြစ်သည်။

စေတီတော်၏ အချိုးအစားများ.....

    ဉာဏ်တော်အမြင့် = ၁၈၀ ပေ
    အထွတ်စေတီအမြင့် = ၂၀ ပေ
    ကွန်းတောင်အမြင့် = ၂၄ ပေ
    အာရုံခံတိုက်မအမြင့် = ၂၆ ပေ
    အာရုံခံတိုက်မအကျယ် = ၁၁၃ ပေ
    လိုဏ်ပတ်လမ်းအရှည် (တစ်ဖက်) = ၈၈ ပေ
    လိုဏ်ပတ်လမ်းအကျယ် = ၉ ပေ
    ဖိနပ်တော်အလျား = ၁၁၇ ပေ
    အထွတ်စေတီ = ၁ ဆူ
    တိုက်မအရံ = ၄ ဆူ
    ကွန်းတောင်အရံစေတီ = ၄ ဆူ
    မုခ်ဦးစေတီတော် = ၈ ဆူ

စေတီတော်မှတ်တမ်းများ.....

    ၁၃ − ၃ − ၁၉၉၄ တွင် ပရိကမ္မမြေသန့်ခြင်း အခမ်းအနား။
    ၂၆− ၃ − ၁၉၉၄ တွင် ရွှေပန္နက်တော်တင်ခြင်း မင်္ဂလာအခမ်းအနား။
    ၁၇ −၁ ၁၁ − ၁၉၉၄ တွင် ရွှေအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား။
    ၁၄ − ၂ − ၁၉၉၅ တွင် ပထမအဆင့် မူလဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား။
    ၄ − ၁ − ၁၉၉၆ တွင် ဒုတိယအဆင့် သတ္တဌာန ဌာပနာတော်သွင်းမင်္ဂလာအခမ်းအနား။
    ၂ − ၁၁ − ၁၉၉၆ တွင် အထက်အဆင့် ဌာပနာနှင့် ပန်းလည်တိုင် စိုက်ထူခြင်း မင်္ဂလာကို ဘုရားရှင်၏ မွေတော်၊ ဓာတ်တော်နှင့် ရဟန္တာဓာတ်တော်များအပါအဝင် ထည့်သွင်းကာ ဌာပနာခဲ့သည်။
    ၂၅ − ၁၁ − ၁၉၉၆ တွင် ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
    ၁ − ၂ − ၁၉၉၇ အထွတ်စေတီ ကြေးပြားကပ်ရွှေချ ကပ်လှူပူဇော်ခဲ့သည်။

_
ကိုးကား......

စူဠာမုနိလောကချမ်းသာစေတီတော် တည်ဆောက်ရေးလုပ်ငန်းအကျဉ်းချုပ် (လက်ကမ်းစာစောင်)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း