" ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး "

" ချိုင်းနားဝုဒ်(သို့မဟုတ်) ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စတူဒီယိုကြီး "

ရုပ်ရှင်နှင့်ပတ်သက်လျှင် အမေရိကန်နိုင်ငံ၏ ဟောလီးဝုဒ် (Hollywood) ကိုသာအများကသိကြသည်။အရှေ့တိုင်းသားများအဖို့ရုပ်ရှင်နှင့်ပတ်သက်၍ ဂုဏ်ယူနိုင် သလို သိထားသင့်သောအကြောင်းများစွာအနက် ချိုင်းနားဝုဒ်(China wood) ဟု အများခေါ်ကြသည့် Hengdian World Studios လည်းတစ်ခုအပါ အဝင်ဖြစ် သည်။ Hengdian World Stu-dios(HWS) သည်ကမ္ဘာ့အကြီးဆုံးရုပ်ရှင်စတူဒီယိုကြီးဖြစ်သည်။တရုတ်နိုင်ငံ Zhejiang  ပြည်နယ်သုန်ယန် မြို့ရှိ Hengdian အရပ်၌ တည်ရှိသည်။

ချိုင်းနားဝုဒ်ပိုင်ရှင်

ချိုင်းနားဝုဒ်  (China-wood) ဟု တစ်ခါတစ်ရံခေါ် သော HWS စတူဒီယိုကြီးကို ရှုဝမ်းရုံ (Xu Wenrong) ဟုခေါ် သောသူပိုင်ဆိုင်သည့် Hengidanအုပ်စုက စီမံဆောင် ရွက် လျက်ရှိသည်။ သူသည်လယ်မြေ ဧက ပေါင်းများစွာကို အာရှ တိုက် အတွင်းအကြီးဆုံးရုပ်ရှင် စတူဒီယိုကြီးအဖြစ် အသွင် ပြောင်း လဲခဲ့သည်။ ၁၉၉ဝခုနှစ် နှောင်းပိုင်း ကာလတွင်စတင် တည်ဆောက်ခဲ့ပြီးဒေါ်လာ ၃ ဘီလျံကုန်ကျခဲ့သည်။ မကြာသေးမီနှစ်များကပင် ပေကျင်းမြို့ရှိ ဘုရင့်ဥယျာဉ်တော်(Imperial Gardens) ပုံစံတူ "နွေရာသီစံကျောင်းတော်"တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ ယခုအခါတွင် ကွမ်ကျိုလမ်း၊ ဟောင်ကောင်လမ်း၊ မင်(Ming) နှင့် ချင်(Qing) မင်းဆက်နန်းတော်ပုံစံ စသည်တို့ကိုပါ တည်ဆောက်ထားသည်။

တရုတ်ပြည်ရဲ့ဟောလီးဝုဒ်

Hengidan World Sudios ကိုအမေရိကန်  ဟော လီးဝုဒ်ရုပ်ရှင်မဂ္ဂဇင်းကြီးက "တရုတ် ပြည်ရဲ့ဟောလီးဝုဒ်" (China's Hollywood) ဖြစ်အမည်ပေးခဲ့သည်။HWS တွင် အပိုင်း၂၁ပိုင်း ပါ ဝင်ပြီးကျွမ်းကျင် ဝန်ထမ်း ပေါင်း ၂ဝဝဝ ကျော်ရှိသည်။ ရုပ်ရှင် ရိုက်ကူးနေရာ ၁၃နေရာ ရှိပြီး စတုရန်းဧက ၄၉၅၉၉၅ မီတာ ကျယ်ဝန်းသည်။

ထူးခြားချက်များ

HWS  စတူဒီယိုတွင် အံသြစရာကောင်းလောက်သော အရာများစွာရှိသည်။ ယင်းတို့ အနက် ၄၅.ဝ၅ မီတာမြင့်သော ဗုဒ္ဓဘုရားတန်ဆောင်ကြီးနှင့် ၂၈ ဒသမ ၈မီတာ မြင့်သောစကြ မုနိဆင်းတု တော်တော်ကြီး လည်း အပါအဝင်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု အများဆုံး စတူဒီယို လည်း ဖြစ်ခဲ့ သည်။

ကမ္ဘာကျော်ဇာတ်ကားကြီးများ

HWS  စတူဒီယိုကြီးတွင် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ၂ဝ၁၂ခုနှစ်တွင် တရုတ်မင်းသား ဂျက်လီ ပါဝင်ရိုက်ကူးခဲ့သော "Hero" ရုပ်ရှင်ဇာတ် ကားကိုလည်း  HWS တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည်တရုတ်ရုပ်ရှင်သမိုင်းတွင် အကုန်အကျအများဆုံး ဇာတ်ကားဖြစ် သည်။ ဟောင်ကောင် အခြေစိုက် TVB ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော "A Step into the past" ဇာတ်လမ်း တွဲကိုလည်း  HWS တွင်ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ တရုတ်မင်း သားကြီးများ ဖြစ်ကြသော ဂျက်ကီချန်းနှင့် ဂျက်လီတို့ ပူးတွဲပါဝင် သရုပ်ဆောင် ထားသော ကမ္ဘာကျော် "The Forbidden Kingdom" ရုပ်ရှင် ဇာတ်ကားမှာ လည်း HWS တွင် ရိုက်ကူးခဲ့သည်။

.
April Moe Satt

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း