" ဗောဓိပင်နှင့်ရွှေပလ္လင် "

" ဗောဓိပင်နှင့်ရွှေပလ္လင် "

မေး။ ။ မြတ်စွာဘုရား ဗောဓိပင်နှင့်ရွှေပလ္လင်အောင်စဉ်က
မြတ်စွာဘုရားထိုင်တော်မူသော ပလ္လင်နှင့်ပက်သတ်၍အမျိုးမျိုး
ပြောဆိုလျက်ရှိကြပါသည်။ အချို့ကသုဒ္ဓိယငစင်လှူသောမြက်
ရှစ်ဆုပ်ကိုဖြန့်ခင်းပြီးထိုင်သည့်အတွက် ပလ္လင်ဆိုသော်လည်း
သာမာန်မြက်ခင်းမျှသာဖြစ်သည်ဟု ဆိုပါသည်။ အချို့ကမူ
ပလ္လင်တော်သည် ဆယ့်လေးတောင်ကျယ်သည်။ သို့သော်
အမြင့်မရှိ။ မြေပေါ်အခင်းတစ်မျိုးသာဖြစ်သည်ဟုဆိုပါသည်။
မည်သည့်စကားသည်မှတ်သားသင့်သောစကားဖြစ်ပါသနည်း။
ဖြေ။ ။ ဘုရားဟောပါဠိတော်များ၌ ပလ္လင်္ကဟူသော ဟော
ကြားချက်ရှိသည်။ မည်မျှကျယ်၍ မည်မျှမြင့်သည်ဟုအတိ
အကျမဆို။ ၀ိနည်းမဟာဝါအဋ္ဌကထာ၌လည်း ပလ္လင်္ကဉ္စဟု
သာ ဖော်ပြသည်။ အတိုင်းအထွာကိုအတိအကျဖော်ပြခြင်း
မရှိချေ။
ရတနသုတ်အဋ္ဌကထာ၌ စုဒ္ဒသဟတ္ထုဗ္ဗေဓောဟုကားရှိ၏။
ဤပါဠိကိုမြန်မာပြန်သောအခါ၌လည်း မဏိဒီပဆရာက
ပလ္လင်တော်သည်ဆယ့်လေးတောင်ကျယ်သည်ဟုဆိုသည်။
ပရိတ်ကြီးဋီကာဆရာစသည်တို့က ပလ္လင်တော်သည်ဆယ့်
လေးတောင်မြင့်သည်ဟုဆိုသည်။
ဤ၀ါဒတို့တွင်ဗုဒ္ဓမြတ်စွာဘုရားကို သာမန်လူသားတစ်ဦး
မျှ သဘောထားသူတို့က သာမန်မြက်ခင်းမျှကိုပင်ပလ္လင်
ဟုဆိုလိုကြသည်။ မဏိဒီပဆရာကမူဆယ့်လေးတောင်
ကျယ်၏။ သို့သော်အမြင့်မရှိဟု ဆိုရာ၌ အခြားဘုရားရှင်
တို့၏ ပလ္လင်တော်ငါးဆယ့်သုံးတောင်မြင့်သည်ဟုဆို
သည့်အတိုင်း ဂေါတမဘုရား၏ပလ္လင်တော်သည်လည်း
ငါးဆယ့်သုံးတောင်မြင့်သည်ဟုယူလျှင် အတောင်ငါး
ဆယ်မြင့်သောဗောဓိခက်ကြားသို့ ပလ္လင်ရောက်နေပေ
မည်။ ဤသို့မဖြစ်သင့်စသည်ဖြင့်ချိန်ဆ၍ ဆုံဖြတ်ချက်
ဖြစ်၏။ သို့သော်ပရိတ်ကြီးဋီကာနှင့်တကွ ဆရာအများ
က လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး
ဆည်းပူးတော်မူခဲ့သော ပါရမီတော်စွမ်းအားတော်ကို
လက်ခံ၍ပါရမီကုသိုလ်တော်ကြောင့် ပလ္လင်တော်
ပေါ်ပေါက်ရမည်ဟု ယူဆဆုံးဖြတ်ကြလေသည်။
ထိုဝါဒတို့အနက် ပလ္လင်တော်ဆယ့်လေးတောင်မြင့်
သည်ဟူသောအယူအဆသည် အများအယူအဆ
ဖြစ်သည်။ ဆယ့်လေးတောင်ကျယ်၏။ အမြင့်မရှိ
ဆိုသည်မှာ မဏိဒီပဆရာ(သက္ကရာဇ် ရှစ်ရာကျော်)
တစ်ဦးတည်း၏အယူအဆသာဖြစ်သည်။ သာမန်
မြက်ခင်းအယူအဆမှာ ဘာသာခြားတို့မှစတင်ယူ
ဆချက်ဖြစ်ပေသည်။
မဟာစေတီတော်၌ ဌာပနာထည့်သွင်းပုံကိုမဟာ
ဝံသကျမ်း၌ဆိုရာတွင် ထုထည်ရှိသော ပလ္လင်တော်
အမြင့်ပုံဖြင့်သာ ဌာပနာခဲ့ကြောင်းဆိုသည်။ ထို့ကြောင့်
ပလ္လင်အမြင့်ရှိ၏ဟူသောအယူအဆသည် ရှေးအစဉ်
အလာအဆက်ဆက်ဆင်းသက်လာသောရှေးရိုးအယူ
ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ အကျိုးစီးပွားတကယ်ရှိအောင်
လက်တွေ့ကျင့်သုံးလိုသူများအဖို့ ဂုဏ်တော်နှင့်
တရားတော်များကိုသာ နှလုံးရောက်အောင်တွေး
ထောက်ကျင့်သုံးရန်ဖြစ်ပေသည်။

(နှစ်ဖက်လှဦးကျော်လွင်
ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာအမေးနှစ်ရာ
အဖြေနှစ်ထောင်)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ