' ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက် '

' ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက် '

ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော။

နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။ (ပါဠိ)

(မြန်မာလို)

(၁)  ငါသည် သူတပါးတို့၏ အကျိုးစီးပွားကို။ လိုလိုလားလား နှစ်သက်စွာနဲ့
     ဆောင်ရွက်နိုင်ရပါလို၏။

(၂) သူတပါးတို့ကလည်း ငါ၏ အကျိုးစီးပွားကို လိုလားနှစ်သက်စွာနဲ့
     ဆောင်ရွက်နိုင်ကြပါစေ။

(၃) ငါသည် အခြားတယောက်သော ပုဂ္ဂိုလ်၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲ ပင်ပန်းခြင်းကို
(သူတပါး မကြိုက်တာကို) ဘယ်တော့မှ မလိုလား မနှစ်သက်၊ မဆောင်ရွက်ပါရစေနှင့်။

(၄) သူတပါးကလည်း ငါ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်ကြပါစေနှင့်။

- - - - - - - - - - - - - - - - - - -

နဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။

န စ ဘဝေ အဟံ ဝေရီ၊ မာဝေရီ ဟောတု မေ ပရော။ (ပါဠိ)

(မြန်မာလို)

(၅) ငါသည် တပါးသော သတ္တဝါကို မညှင်းဆဲ မနှိပ်စက် ရပါစေလို၏။

(၆) သူတပါးကလည်း င့ါကို မညှင်းဆဲ မနှိပ်စက်ပါစေနှင့်။

(၇) ငါသည် သူတပါးတို့၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ရပါလို၏။

(၈) သူတပါးကလည်း ငါ၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေနှင့်။

ကုမ္မဂ္ဂဉ္စ ဝိဝေဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။

ဝင်္ကဉ္စာဟံ ဝိဝေဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။ (ပါဠိ)

- - - - - - - - - - - - - - - - -

(မြန်မာလို)

(၉) အားလုံးကုန်သော သတ္တဝါအပေါင်းတို့သည် (လိုချင် တပ်မက်မှုများနှင့်
ဆင်းရဲအားလုံးတို့ရဲ့ကင်းငြိမ်း၍ ချမ်းသာရာမှန် နိဗ္ဗာန်ကို မရောက်နိုင်ပဲ
အပါယ်သွားကြောင်း) မကောင်းသော လမ်းဆိုး လမ်းကောက်ကို ရှောင်ရှား၍
လမ်းကောင်း လမ်းဖြောင့်ကို (မှန်ကန်စွာ) ရွေးချယ်၍သွားနိုင်ကြပါစေ။

(၁၀) ငါသည်လည်း (စိုးရိမ် ပူပင်မှုအပေါင်းတို့မှ မငြိမ်းနိုင်သော)လမ်းဆိုး လမ်းကောက်ကို
ဖယ်ကြဉ်၍ လမ်းကောင်းလမ်းဖြောင့်ကို လိုက်နိုင်သည်ကိုဖြစ်ရပါလို၏။

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း