" ဝန်ကြီးများရုံး / အတွင်းဝန်များရုံး (ရန်ကုန်) ''

ဝန်ကြီးများရုံးသည် ဗြိတိသျှခေတ်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုများ ဆောင်ရွက်ရာ ရုံးအဖြစ်တည်ရှိခဲ့ပြီး ရန်ကုန်မြို့လယ်ဧရိယာတွင် တည်ရှိသည်။ ဝန်ကြီးများရုံးကို ၁၈၀၀ ခုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၂၀ မျှ ရှိနေပြီ ဖြစ်သည်။
ဝန်ကြီးများရုံးတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရသော နေရာလည်းသည်။
အဆိုပါဝန်ကြီးများရုံးသည် လက်ရှိတွင် ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင် ပါဝင်ခဲ့သော်လည်း လုံးဝနီးပါး စွန့်ပစ်ခံထားရသော အဆောက်အဦတစ်ခုလည်း ဖြစ်သည်။ ဝန်ကြီးများရုံးကို မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင် မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်လည်ဝန်းရံထားသော ဘလောက်တွင် တည်ဆောက်ထားသည်။
ပင်မဆောင်ကို ၁၉၀၂ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး အရှေ့ဘက်နှင့် အနောက်ဘက် အဆောက်အအုံများကို ၁၉၀၅ တွင် တည်ဆောက်ပြီးစီးခဲ့ရာ စုစုပေါင်း မြန်မာကျပ်ငွေ ၂.၅ မီလီယံမျှ ကုန်ကျခဲ့သည်။ ၁၉၇၂ ခုနှစ်ထိ ထိုအဆောက်အအုံအား အတွင်းဝန်များရုံးဟု သုံးနှုန်းခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အမျိုးသားရေးဆွေးနွေးဝိုင်းများ အကြားတွင် ကိုလိုနီခေတ် အဆောက်အဦများအား ခရီးသွားများ ဆွဲဆောင်ရာနေရာများအဖြစ် ပြောင်းလဲရန် ဆွေးနွေးခဲ့ကြရာ ဝန်ကြီးများရုံးကိုလည်း ဟိုတယ်မဟုတ်ပဲ ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲရန် စမ်းသပ်အစီအစဉ်များဖြင့် လုပ်ဆောင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် ပြည်ပကုမ္ပဏီ ၃ ခုတို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဝန်ကြီးများရုံးအား ဟိုတယ်နှင့် ပြတိုက်အဖြစ် ပြုလုပ်ရန် အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။
_
ကိုးကား......
Burma Under British Rule By Joseph Dautremer, p. 151
Htar Htar Khin။ "Tourism official spurs old buildings debate"၊ Myanmar Times၊ 31 October 2011။ 9 March 2012 တွင် ပြန်စစ်ပြီး။
Chan Myae Thu။ "Myanmar to lease colonial-era Ministers’ Office in Yangon for business purpose"၊ Eleven News၊ 2011။ 9 March 2012 တွင် ပြန်စစ်ပြီး။
Min Thet။ "Ministers’ Office building will not be transformed into a hotel"၊ Mizzima News၊ 28 October 2011။ 3 March 2012 တွင် ပြန်စစ်ပြီး။
"ဝန်ကြီးဌာန ရုံးဟောင်းများ၊ မြေကွက်များတွင် ဟိုတယ်နှင့် ပြတိုက်ပြုလုပ်ရန် နိုင်ငံခြား ကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီခုနစ်ခုတို့ MIC သို့ အဆိုပြုလွှာတင်ထား" (in Burmese)၊ Weekly Eleven News၊ 1 February 2012။ 3 March 2012 တွင်ပြန်စစ်ပြီ

Comments
Post a Comment