" စင်ကာပူ ချန်ဂီ လေဆိပ် ''

" စင်ကာပူ ချန်ဂီ လေဆိပ် ''












စင်ကာပူ ချန်ဂီ လေဆိပ် (အင်္ဂလိပ်: Singapore Changi Airport) သို့မဟုတ် ချန်ဂီ လေဆိပ်(IATA: SIN, ICAO: WSSS)သည် အာရှဒေသ၏ အထူးသဖြင့် အရှေ့တောင်အာရှ၏ လေကြောင်းပို့ဆောင်ရေး အချက်အချာဖြစ်ပြီးစင်ကာပူရှိ အဓိကလေဆိပ်လည်း ဖြစ်သည်။ စင်ကာပူမြို့တွင်း စီးပွားရေး အချက်အချာကျရာ မြို့လယ်ခေါင်၏ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ်ရပ်တည်နေပြီး ကမ္ဘာပေါ်မှာ ခရီးသည်နှင့် ကုန်ပစ္စည်း အလုပ်အများဆုံးလေဆိပ်အဖြစ် တည်ရှိနေပါသည်။ လေဆိပ်သည် စင်ကာပူနိုင်ငံ ချန်ဂီဒေသတွင် တည်ရှိသည်။ လေဆိပ်ကို Changi Airport Group မှ အုပ်ချုပ်စီမံလျက်ရှိသည်။ ချန်ဂီလေဆိပ်သည် Singapore Airlines, Singapore Airlines Cargo, ဆစ်အဲ လေကြောင်းလိုင်း, Scoot, Tigerair နှင့် Jetstar Asia Airways လေကြောင်းလိုင်းတို့အတွက် အဓိက အခြေစိုက်ရာဖြစ်သည်။

နောက်ခံအချက်အလက်.....

ချန်ဂီလေဆိပ်သည် လေကြောင်းလိုင်း ၁၀၀ ကျော်ကို ဝန်ဆောင်မှုပေးထားသည်။ ချန်ဂီလေဆိပ်သည် နိုင်ငံပေါင်း ၈၀ ကျော် မြို့ပေါင်း ၃၀၀ ကျော်နှင့် ချိတ်ဆက်ပျံသန်းနေသည်။ ရက်သတ္တပတ်တိုင်းတွင် လေယာဉ်အတက်အဆင်း ၆,၆၀၀ ရှိသည်။ စက္ကန့် ၉၀ တိုင်းကို ၁ မိနစ် ဆင်းသက်နေကြသည်။ ၂၀၁၄ ခုနှစ်အတွက် ခရီးသည် ၅၄.၁ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

ချန်ဂီလေဆိပ်တွင် အဆောက်အဦး (၃) ခုရှိပြီး ခရီးသည် ၆၆ သန်းကို နှစ်စဉ် ဝန်ဆောင်မှုပေးနိုင်စွမ်းရှိသည်။ လေဆိပ်အဆောက်အဦး (၁) ကို ၁၉၈၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အမှတ်(၂) ကို ၁၉၉၀ နှင့် အမှတ် (၃) ကို ၂၀၀၈ ခုနှစ် မှာ အသီးသီးဖွင့်လှစ်ခဲ့သည်။ ဘတ်ဂျက်အဆောက်အဦးကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ပြန်လည်ပိတ်ခဲ့သည်။ အဆောက်အဦး (၄) ကို စတင်ဆောက်လုပ်နေပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။ အဆောက်အဦး (၅) ကို ၂၀၂၀ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ရန် စီမံကိန်းထားရှိသည်။

၂၀၁၄ ကိန်းဂဏန်းများအရ ချန်ဂီလေဆိပ်သည် လူဦးရေ ၅၄ ၀၉၃ ၀၇၀ ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်ကထက် ၀.၇၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့သည်။ အဆိုပါ အချက်အလက်မှာ ၃၃ နှစ်တာ ကာလအတွင်း အများဆုံးဖြစ်သည်။ ချန်ဂီလေဆိပ်သည် ကမ္ဘာပေါ်မှာ နံပါတ်(၆) အလုပ်အများဆုံးလေဆိပ်ဖြစ်သည်။ အာရှမှာတွင် နံပါတ်(၂) အလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ အလုပ်အများဆုံး နေ့ရက်များမှာ ခရစ်စမတ်မတိုင်ခင် နေ့ရက်များဖြစ်သည်။ ၂၄ နာရီအတွင်းမှာ လူဦးရေ ၁၈၆ ၅၀၀ ခန့် လေဆိပ်ကို အသုံးပြုခဲ့ကြသည်။ ချန်ဂီလေဆိပ်သည် ကုန်ပစ္စည်းများကိုင်တွယ်ရာတွင် ကမ္ဘာပေါ်၌ အလုပ်အရှုပ်ဆုံး လေဆိပ်ဂိုဒေါင်ကြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကုန်တန်ချိန် ၁.၈၄ သန်း ကို ကိုင်တွယ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း လေယာဉ်ဆင်းသက်မှုပေါင်း ၄၃၁ ၃၈၆ စီးရှိခဲ့သည်။

၁၉၈၁ ခုနှစ်မှ စတင်၍ ဆုတံဆိပ်များ ရရှိခဲ့ရာ ဆုတံဆိပ်စုစုပေါင်း ၄၉၀ ကျော်ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်၏ အကောင်းဆုံးလေဆိပ်ဆုကိုလည်း ရရှိထားသည်။

ဝန်ဆောင်မှု.....

ခရီးသည် ဝန်ဆောင်မှု

လေဆိပ် အဆောက်အဦး (၃) ခုလုံးတွင် ခေတ်မှီလူဝင်မှု ကြီးကြပ်ရေး ကိရိယာများကို တပ်ဆင်ကာ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များအတွက် ဝန်ဆာင်မှုပေးလျက်ရှိသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအပြီး ခရီးသည်များဝင်ရောက်မှုများ ကျဆင်းလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ခရီးသည်များ ဝင်ရောက်မှု တိုးတက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ခရီးသည် သန်း ၃၀ ကျော်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စီးပွားရေးပျက်ကပ်နှင့် ကြုံတွေ့ရခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်လည်း ခရီးသည် သန်း ၅၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

ကုန်စည် ဝန်ဆောင်မှု

လေဆိပ်၏ မြောက်ဘက်တွင် လေဆိပ်ဂိုဒေါင် ထားရှိပြီး လေကြောင်း ကုန်စည်စီးဆင်းမှုကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ချန်ဂီလေဆိပ်အနေဖြင့် ၁.၈၁ သန်း တန်ကို ၂၀၁၂ ခုနှစ်က ကိုင်တွယ်နိုင်ခဲ့သည်။ အဆိုပါ ပမာဏသည် ကမ္ဘာပေါ်တွင် အဆင့် (၇) နှင့် အာရှတွင် အဆင့်(၅) ဖြစ်သည်။ ခေတ်မီလျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြု၍ ကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်စေသည်။ ၂၀၁၄ ခုနှစ်မှာ ၁.၈ သန်း တန်ကို ကိုင်တွယ် ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ချန်ဂီလေဆိပ်သည် လေကြောင်းကုန်သွယ်မှု ထူးချွန်ဆု ကို ရရှိခဲ့သည်။

မြေပြင် သယ်ယူပို့ဆောင်ရေး

ချန်ဂီလေဆိပ်နှင့် မြို့နှင့်ကို East Cost Parkway အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်ပေးထားသည်။ အဝေးပြေးလမ်းမကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော ၂၀ ကီလိုမီတာကို ဖို့မြေပေါ်တွင် သီးသန့် တည်ဆောင်လိုက်သောကြောင့် တည်ရှိပြီးသော လမ်းများနှင့် မရောတော့ဘဲ သီးသန့်ဖြစ်တည်လျက်ရှိသည်။

လေဆိပ်အဆောက်အဦးများကိုလည်း ဘေးချင်းကပ်ရပ် တည်ဆောက်ထားသောကြောင့် အဆောက်အဦး တစ်ခုနှင့် တစ်ခု လွယ်ကူစွာ သွားနိုင်သည်။ ၂၀၀၇ ခုနှစ်မှာ မစ်ဇူဘီရှီ ကုမ္ပဏီမှ လေဆိပ်အဆောက်အဦး အမှတ်(၃) ရှိ Check-in ဧရိယာ ကို သီးသန့်ခွဲထုတ်ခြင်း၊ နည်းပညာများ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။

လေဆိပ်အဆောက်အဦး (၃) ခု အကြား ချန်ဂီလေဆိပ် ကောင်းကင်ရထားသည် ဘူတာ (၇) ဘူတာနှင့် ပြေးဆွဲပေးလျက်ရှိသည်။ ရထားကို ကူးပြောင်းခရီးသည်များစီးရန် နှင့် ခရီးသည်အကုန်လုံးစီးရန် (၂) ခု ပြုလုပ်ပေးထားသည်။

မြေအောက်ရထား

ချန်ဂီ လေဆိပ်ကို စင်္ကာပူနိုင်ငံ၏ မြေအောက်ရထားကွန်ရက်နှင့်လည်း ချိတ်ဆက်ထားသည်။ ချန်ဂီလေဆိပ်ရှိ ဘူတာမှာ ချန်ဂီလေဆိပ်ဘူတာ ဖြစ်ပြီး လေဆိပ်အဆောက်အဦး (၂) နှင့် (၃) ကြား မြေအောက်ထဲတွင် တည်ရှိသည်။ ဘူတာ ၂၀၀၂ ခုနှစ် ကနဦး ဖွင့်ခြင်းတွင် လေဆိပ်နှင့် နိုင်ငံ၏ အနောက်ဘက်နှင့် ချိတ်ဆက်ပေးထားသော ရထား (၁) စင်းသာ ပြေးဆွဲပေးပြီး လေဆိပ်အဆာက်အဦး (၂) မှသာ သွားလာနိုင်သည်။ ၂၀၀၃ ခုနှစ်တွင် ချန်ဂီလေဆိပ်ဘူတာ နှင့် တာရာမရာ (Tanah Merah) ဘူတာတို့နှင့် အသွားအပြန် ချိတ်ဆက်ပြေးခဲ့သည်။ တာရာမာရာ ဘူတာမှ တဆင့် မြောက်-ရှေ့ ရထားလိုင်း သို့ကူးပြောင်းနိုင်သည်။

ဘတ်စ်ကား

ဘတ်စ်ကားများကို လေဆိပ်အဆောက်အဦး (၃) ခုလုံး၏ မြေညီထပ်များတွင် တွေ့နိုင်သည်။

အငှားကား

အငှားကားများကိုလည်း လေဆိပ်အဆောက်ဦး အသီးသီးရှိ ဆိုက်ရောက်ဆောင်များမှာ တွေ့နိုင်သည်။

_
မှတ်စု......

Runway 02L is ၄,၀၀၀ m (၁၃,၀၀၀ ft) and 20R is ၃,၂၆၀ m (၁၀,၇၀၀ ft) with a displaced threshold of ၇၄၀ m (၂,၄၃၀ ft). Thus aircraft landing on 20R will have to avoid touching down on the displaced threshold but may use it for departures.

    Runway 02R/20L is currently restricted to the Republic of Singapore Air Force (see Changi Air Base). It will be extended for commercial use in the future.

ကိုးကား.......

ချန်ဂီလေဆိပ် တရားဝင်ဝက်ဘ်ဆိုဒ်။ Retrieved on 15 August 2012.
Changi Airport crosses 54-million passenger mark in 2014။ Changi Airport Group (17 August 2015)။ 17 August 2015 တွင် ပြန်စစ်ပြီး။

AIRFRANCE Ends Jakarta Service from late-Mar 2016။ airlineroute။ 3 February 2016 တွင် ပြန်စစ်ပြီး။

(Update 2) Emirates Splits Singapore / Brisbane Service May – Sep 2016 (8 December 2015)။ 8 December 2015 တွင် ပြန်စစ်ပြီး။

Direct flights to Fiji from Changi Airport to be launched in early April။ Straits Times (6 November 2015)။

Fiji Airways to fly to Singapore Changi Airport twice weekly, special launch fares starting from F$999

Scoot, Tigerair tie up to service Singapore-Guangzhou air route, Companies & Markets News & Top Stories - The Straits Times

Scoot to fly to Saudi Arabia from May, taking over from parent SIA, Singapore News & Top Stories - The Straits Times

News releases

Singapore Airlines To Add Düsseldorf To Route Network။ Singapore Airlines။ 9 November 2015 တွင်ပြန်စစ်ပြီး။

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း