' ဘုရားရှင်တိုင်း ဖြစ်မြဲ ဓမ္မာတာ တရား သုံးဆယ် ' (သမတိံသ၀ိဓာ ဓမ္မတာ)

၁။ ဘုရားအလောင်တော်တိုင်းသည် နောက်ဆုံး ဘ၀ ပဋိသန္ဓေယူတော်မူစဉ် ဉာဏ်နှင့်ယှဉ်လျက် ယူတော်မူခြင်း။
၂။မယ်တော်၏ ၀မ်းကြာတိုက်တွင် တင်ပလ္လင်ခွေလျက် အပြင်ဘက် မျက်နှာမူ၍ တည်တော်မူခြင်း။
၃။မယ်တော်သည် အလောင်းတော်အား ရပ်လျက်သာ ဖွားတော်မူခြင်း။
၎။ တောအရပ်၌သာ ဖွားတော်မူခြင်း (အရညေ)။
၅။ ဖွားတော်မူပြီးလျင်ပြီးချင်း မြောက်အရပ်သို့ ခုနှစ်လှမ်း ကြွလှမ်း၍ သီဟနာဒစကားမြွက်ကြားတော်မူခြင်း။
၆။ ကြင်ယာတော်မှ သားတော်တစ်ပါးဖွားတော်မူပြီးလျှင်နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူခြင်း။
၇။ တောထွက်တော်မူပြီးနောက် ဖန်ရည်စွန်းသင်္ကန်းဆင်မြန်းပြီးလျှင် ဒုက္ကရစရိယအကျင့်အား အနည်းဆုံး (၇) ရက်ကျင့်တော်မူခြင်း။
၈။ ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းအား ဘုဉ်းပေးတော်မူခြင်း။
၉။ သဗ္ဗညုတဉာဏ်တော်အား မြက်ခင်း ပေါ်တွင်ထိုင်လျက်ရတော်မူခြင်း။
၁၀။ အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်းတော်မူခြင်း။
၁၁။ မာန်နတ်၏ တပ်တို့အား အောင်တော်မူခြင်း။
၁၂။ ဗောဓိပင်၏ အောက်၌ သီတင်းသုံးလျက်သာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူ၍ ဘုရားအဖြစ်ရောက်တော်မူခြင်း။
၁၃။ မဟာဗြဟ္မာမင်းမှ တရားဟောကြားတော်မူရန် တောင်းပန်လျှောက်ထားခြင်း။
၁၄။ ဣသိပတန၊ မိဂါဒ၀ုန်ဥယျာဉ်၌ တရားဦးဟောတော်မူခြင်း။
၁၅။ တပို့လပြည့်နေ့တွင် ပရိသတ်လေးပါးတို့၌ ပါတိမောက်ပြတော်မူခြင်း။
၁၆/၁၇။ ဇေတ၀န်ကျောင်းတော်၌သာ အစဉ်တစိုက်သီတင်းသုံးတော်မူ၍ ယမက ပါဋိဟာရိယ တန်းခိုးပြာဋိဟာ အား သာဝတ္ထိပြည်၌ ပြတော်မူခြင်း။
၁၈။ အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်၌သာ ဟောကြားတော်မူခြင်း။
၁၉။ အဘိဓမ္မာတရားဟောကြားတော်မူပြီး၍ လူပြည်သို့ ဆင်းကြွတော်မူသောအခါ သင်္ကဿ မြို့တံခါးဝ၌သာ
ဆင်းကြွတော်မူခြင်း။
၂၀။ ဖလသမာပတ်ဖြင့်သာ အမြဲမပြတ်နေတော်မူခြင်း။
၂၁။ ဈာန်သမာပတ်နှစ် မျိုးဝင်စားသောအခါ၌ ကျွတ်ထိုက်သော သတ္တ၀ါတို့အား ကြည့်ရူတော်မူခြင်း။
၂၂။ အပြစ်ကျုးလွန်သောသူ ပေါ်ပေါက်သောအခါမှာသာ ၀ိနည်းပညတ်တော်မူခြင်း။
၂၃။ လျောက်ပတ်သောအခါတို့၌ ဖြစ်တော်စဉ် ဇာတ်တော်တို့အား ဟောကြားတော်မူခြင်း။
၂၄။ ဗုဒ္ဓ၀င်ဖြစ်စဉ်တို့ကို ဆွေတော်မျိုးတော် ပရိသတ်၌ ဟောကြားတော်မူခြင်း။
၂၅။ ဖူးတွေ့ရန်လာသော တပည့်သာဝက ရဟန်းတော်တို့အား ပျုငှာစွာ နူတ်ဆက်တော်မူခြင်း။
၂၆။ ၀ါကပ်တော်မူသောနေရာတို့၌ ပင့်ဖိတ်သော ဒါယကာ၊ ဒါယိကာမတို့အား အသိပြောကြားခြင်းမပြုဘဲ
ဖဲကြွတော်မမူခြင်း။
၂၇/၂၈။ ဆွမ်းမဘုဉ်းပေးမှီနှင့် ဆွမ်းစားပြီးချိန်တွင်လည်းကောင်း၊ ညဥ့်သုံးယမ် တို့၌ လည်းကောင်း ဗုဒ္ဓကိစ္စတို့အား ဆောက်ရွက်တော်မူခြင်း။
၂၉။ ပရိနိဗ္ဗာန် ၀င်စံတော်မမူခင်တွင် အသားဟင်း (မံသရဇဘောဇန) အား ဘုဉ်းပေးတော်မူခြင်း။
၃၀။ ပရိနိဗ္ဗာန် ၀င်စံတော်မမူမှီကာလ၌ နှစ်ဆယ့်လေးကုဋေ၊ တစ်သိန်း အရေအတွက်ရှိသော သမာပတ်တော်အားဝင်စားတော်မူခြင်း။

Comments
Post a Comment