" ၀ဋ်သုံးပါး ''

" ၀ဋ်သုံးပါး ''

ဝဋ် ဆိုသည် ထပ်ကာထပ်ကာ ဖြစ်နေတယ်လို့  နားလည်ရမယ်။

(၁) ကိလေသ၀ဋ်

(၂) ကမ္မ၀ဋ်

(၃) ၀ိပါက၀ဋ်

မှတ်ရန်။ ကိလေသ၀ဋ် နှင့် ကမ္မ၀ဋ် တို့ကြောင့် ၀ိပါက၀ဋ် တို့ မဆုံးနိုင် ထပ်တလဲလဲ ဖြစ်နေသည်။

(၁) ကိလေသ၀ဋ် ၃ ပါး ရှိတယ်

ပါဠိလိုတော့ –

(၁) အ၀ိဇ္ဇာ ….. (တသမတ်တည်းသောဖောက်ပြန်ပျက်စီးမှု အမှန်တရား-သစ္စာတရား ကို မသိမှု ၊ နားမလည်မှု၊ နားလည်မှုအမှား၊ မှားသောအယူအဆ၊ အထင်မှားမှု)

(၂) တဏှာ ……(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု)

(၃) ဥပါဒါန် …… (စွဲလန်းမှု၊ ငြိတွယ်မှု)

မြန်မာလိုဆိုရင်
ဆုပ်ကိုင်လို့ မရတဲ့ ၊ အတည်ယူလို့မရတဲ့ တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) အမှန်တရားပဲ တကယ်ဖြစ်နေတာကို နားမလည်မသိသောကြာင့် (အ၀ိဇ္ဖာကြောင့်...
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ ဆိုးတာ တွေကို တကယ်ဖြစ်နေသည် ဟူ၍ အထင်မှားကာ ..(ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်မှု၊ မနှစ်သက်မှု၊ ကြိုက်မှု၊ မကြိုက်မှု) တဏှာ …. (စွဲလန်းမှု၊ ငြိတွယ်မှု)ဥပါဒါန် တို့ ဖြစ်ပေါ်လေသည်။

* * * * * * * *

(၂) ကမ္မ၀ဋ် ၂ ပါးရှိတယ်

ပါဠိ လိုတော့
(၁) သင်္ခါရ
(၂) ကမ္မဘဝ

မြန်မာလိုဆိုရင်-
အထက်ပါ ကိလေသ၀ဋ် သုံးပါးကြောင့် (၀ါ) ကိလေသာဝဋ်သုံးပါးနှင့်အတူ ကမ္မ၀ဋ် (၂) ပါး ဖြစ်လေသည်။

တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) သည် ရှေ့က ပျက်စီးနှင့်ခဲ့ပြီးသော မရှိတော့သည် ပျက်စီးမှုခဲ့မှုအရှိန်များကို အရှိလုပ်လျှက် –
ငါပဲ၊ သူတပါးပဲ၊ တစ်ခုခုပဲ၊ တစ်ယောက်ယောက်ပဲ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ဟူ၍ လည်းကောင်း တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး၊ အချိန်၊ နေရာ၊ ပူတာ အေးတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ တင်းတာ၊ လျော့တာ၊ ကောင်းတာ၊ ဆိုးတာ ဟူ၍ ပုံဖော် အသက်သွင်း ဖန်တီးပြုလုပ်မှုကြောင့်

ထို ငါပဲ၊ သူတပါးပဲ၊ ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ၊ အတွေးပဲ၊ ပူပန်မှုပဲ၊ သောကစိတ်ပဲ၊ ဘာစိတ်ပဲ၊ ညာစိတ်ပဲ စသည်ဖြင့်
– အဟုတ်ထင်၊ အတည်ယူ ဆုပ်ကိုင်နေမှု ။…

– အတည်ယူ-ဆုပ်ကိုင်နေအောင် ပြုလုပ်နေမှု တို့ ဖြစ်ပေါ်လေသည်။

(တနည်း) ကာယကံ၊ ၀စီကံ၊ မနောကံတွေဖြစ်စေလေသည်။ …..ဖြစ်နေလေသည်။

* * * * * * * *

(၃) ၀ိပါက၀ဋ် ၈ပါး ရှိတယ် ။

ပါဠိလိုတော့.

(၁) ၀ိဥာဏ် (သိမှုသဘော ဆောင်သည့် (၀ါ) သိမှုသဘောကို ဖန်တီးပြုလုပ်နေသည့် ဖောက်ပြန်ပျက်စီးမှု)

(၂) နာမ်ရုပ် (သိတတ်သောသဘော နှင့် မသိတတ်သောသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )

(၃)သဠာယတန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)

(၄) ဖဿ (မျက်စိ+အဆင်း၊ နား+အသံ၊ နှာခေါင်း+အနံ့၊ လျှာ+အရသာ၊ ကိုယ်+တွေ့ထိစရာ၊ စိတ်+ကြံတွေးစရာ) စသည်ဖြင့် တိုက်ဆိုင်မှု

(၅) ဝေဒနာ (ခံစားမှု သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)

(၆) ဇာတိ (ဖြစ်ခြင်း ၊ မွေးခြင်း၊ ဘ၀ဖြစ်ခြင်း သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု)

(၇) ဇရာ (အိုခြင်း Decaying ရင့်ရော်ခြင်းသဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု )

(၈) မရဏ (သေခြင်း၊ ပျက်စီးခြင်း သဘောကိုဆောင်သည့် ဖောက်ပြန်ပျက်စီးနေမှု ) တို့ မဆုံးနိုင်ဖြစ်ကြရလေသည်။

အကျဉ်းပြောရင်…
ပူမှု-အေးမှု (တေဇောဓါတ်)၊
မာမှု၊ ပျော့မှု ၊ တင်းမှု၊ လျော့မှု (ပထ၀ီဓါတ်)၊
လှုပ်မှု၊ ငြိမ်မှု (၀ါယောဓါတ်)၊
ယိုစီးမှု၊ ဖွဲ့စည်းမှု (အာပေါဓါတ်) ဟု
ထင်မှတ်ရလောက်အောင် လျင်မြန်လွန်းသော ဖောက်ပြန်ပျက်စီးမှုများ။ (ရုပ် ခန္ဓာ တစ်ပါး)

ခံစားမှု (ဝေဒနာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
မှတ်သားမှု ၊ ပုံဖော်မှု၊ ဆုံးဖြတ်မှု (သညာ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
စေ့ဆော်မှု (သင်္ခါရ) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။
သိမှု (၀ိဥာဏ်) လို့ ထင်မှတ်ရလောက်အောင် ဖောက်ပြန်ပျက်စီးမှုများ။ (နာမ် ခန္ဓာလေးပါး)

စုစုပေါင်း ခန္ဓာငါးပါး (ဒုက္ခသစ္စာ) (တနည်းအားဖြင့်) တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှုတွေ မဆုံးနိုင် အောင် ထပ်တလဲလဲ ရနေ – ဖြစ်နေခြင်း ကို ၀ိပါက၀ဋ် ဖြစ်နေခြင်း ဟု ခေါ်ပါသည်။

အထက်ဖော်ပြပါ ကမ္မ၀ဋ် နှစ်ပါး နဲ့ ကိလေသ၀ဋ် သုံးပါး ထပ်တလဲလဲ ဖြစ်နေပါက –

ဝိပါက ၀ဋ် ရှစ်ပါး တို့လည်း မဆုံးနိုင်အောင် ထပ်တလဲလဲ ဖြစ်နေမည်။

ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်က ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် များခံနေရသည် ပေးဆပ်နေရသည့် သဘောမဟုတ်ဘဲ၊ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ဟူသော တသမတ်တည်းသော ထပ်တလဲလဲသော ဖောက်ပြန်ပျက်စီးမှုများသက်သက်သာ ဖြစ်နေခြင်း ကို
ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ တစ်ဦးဦး၊ တစ်ယောက်ယောက်၊ အကောင်းအဆိုး၊ အနိမ့် အမြင့်၊ ဆင်းရဲ ချမ်းသာ၊ အပူ အအေး၊ တင်းမှု လျော့မှု၊ အထင်သေးစရာ အထင်ကြီးစရာ၊ အမှား အမှန် စသည်ဖြင့် ထင်မှတ်မှားနေရကြောင်း နားလည် လက်ခံ ယုံကြည် နှလုံးသွင်းဆင်ခြင်နေနိုင်ဖို့ လိုအပ်ပါသည်။

ကိလေသ၀ဋ် သုံး ပါး နှင့် ကမ္မ၀ဋ် နှစ်ပါးကို သမုဒယသစ္စာ ဟု ခေါ်ဆိုနိုင်ပါသည်။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များမှ ကောက်နှုတ်ပူဇော်ပါသည်)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း