' ရိုးစွဲ ချစ်သူ '

' ရိုးစွဲ ချစ်သူ '

မျက်နှာကို ခြေနှင့်ကျောက်စေတော့၊
သွေမဖောက် ခုနော်၊
လင်ငါးယောက် ခုပေါ်စေ၊
ကျွန်တော်က မလွဲ၊
တသက်လုံး လင်ငယ်နေပါ၊
သည်မေကို ရိုးပြာကျစွဲ။

ချစ်လှလို့ သည်းညည်းခံသည်၊
ဆဲရေးသံကိုလဲ
အငြိမ့်သံ သည်ပွဲလို
စိတ်ထဲက ထင်တယ်၊
ကွာမည်ကို မဆိုလိုက်နှင့်
မယ်ရိုက်ရင် ဖုန်းခံပါ့မယ်။

ဘိနပ်နှင့် အရပ်လယ်မှာ၊
မပြတ်ကွယ် မယ်ရိုက်တော့၊
နာလိုက်တဲ့ စိတ်ကယ်နော်၊
ရွေးမျှမပေါ်၊
ခင်လေးက ကြင်ရေးမျှော်လျှင်၊
ထမီလျှော်ခိုင်းပါတော့လေး။

_
စလေဦးပုည (တေးထပ်)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း