" ဣဋ္ဌကာရာမ ယောမင်းကြီး အုတ်ကျောင်း ''

" ဣဋ္ဌကာရာမ ယောမင်းကြီး အုတ်ကျောင်း ''
























မန္တလေး မြောက်ပြင် ဥပုသ်တော်ရပ်မှာ ရှိတဲ့ ယောမင်းကြီးအုတ်ကျောင်း ဟာ ၁၈၆၆နှစ် မင်းတုန်းမင်း လက်ထက် ယောအတွင်းဝန် ဦးဘိုးလှိုင်က ငွေကျပ် ကိုးသောင်း အကုန်အကျခံကာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

မင်းတုန်းမင်းကြီးကလည်း ကုသိုလ်တော် ငွေကျပ်တသောင်း ချီးမြှင့်ထည့် ၀င်ခဲ့ပြီး၊ တခြားသော မန္တလေး လေးပြင် လေးရပ် ရှိ  အုတ်လှေကားတပ် ကျောင်းတိုက်ကြီးများဖြင့် ပုံစံကွဲပြားစွာတည်ဆောက်ထားတဲ့ အိန္ဒိယနှင့် ဥရောပ ဗိသုကာ ပုံစံများ ဖြင့် ရောယှက်ကာ ဖွဲ့စည်းတည်ဆောက်ထားသော မြန်မာအုတ်ကျောင်းကြီးဖြစ်တယ်လို့ နတ်မောက်ထွန်းရှိန်ရေး သားတဲ့ မြန်မာ့ရှေ့ဟောင်း ဘုန်းတော်ကြီးကျောင်းများတွင် ဖော်ပြထားပါတယ်။

ပန်းတော့လက်ရာများ အဓိကထားကာ အိန္ဒိယ ပန်းရံပညာရှင်များကို အသုံးပြုကာ အသောကခေတ် တိုင်လုံးများသဖွယ် ပုံဖော်ခဲ့ကြောင်း ထူးခြားချက်မှာ ကျောင်းတော်အမိုးကို အင်ကြင်းသား အခင်း ရက်မများနှင့် ဘောင်ခွေပြီး၊ ရှေးမြန်မာအုတ်ချပ်များကို အစီအရီခင်းထားတယ်လို့ လည်း သိရပါတယ်။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တို့ ကြဲချတဲ့ ဗုံးဒဏ်ခံရ တဲ့အတွက် အတွင်းပိုင်းရှိ သစ်သားအနုပညာ လက်ရာများ ၊ အင်္ဂတေ ကနုတ်ပန်းများ များစွာပျက်စီးခဲ့ရပြီး လက်ရှိမှာတော့ အုတ်အဆောက် အအုံသာ ကျန်ပါတော့တယ်

၁၉၉၈ခုနှစ်မှာတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ အုတ်ကျောင်းတော်အတွင်းပိုင်း ဗုံးသင့်ခဲ့တဲ့ သစ်သားနေရာများကို ကွန်ကရစ်များဖြင့် အစားထိုးပြန်လည်ပြုပြင်ခဲ့ပါတယ်။

ယခုအခါမှာတော့ သက်တမ်း ၁၅၂နှစ် ရှိပြီဖြစ်တဲ့  ယောမင်းကြီး အုတ်ကျောင်းကို ရေရှည်တည်တန့်နိုင်ဖို့ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။

_
#crd_OriginalPostOwner
ဓာတ်ပုံ … facebookနှင့် websiteများမှ....

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း