LED ( Light Emitting Diode )
LED ( Light Emitting Diode )
LED ဆိုသည်မှာ အလင်းရောင်ထွတ်သော်လည်း အမှန်တော့ Diode
ပင်ဖြစ်ပါတယ် သူ့ကိုလည်း Anode နှင့် Cathode ဟူ၍ နှစ်ပိုင်းခွဲထားပြီး Diode ကဲ့သို့ပင် Anode ဘက်မှအဖိုဓါတ်ပေးသွင်းမှသာစီးဆင်းနိုင်မှာဖြစ်ပြီး အမဓါတ်ပေးသွင်းလျှင်မူပိတ်ဆို့ထားခြင်းမှာ Diode နှင့်အတူတူပင်ဖြစ်နေမှာပါ ထူးခြားမှု့က အလင်းရောင်ထုတ်ပေးခြင်းဖြစ်ပါတယ် ။
Anode Cathode အမှတ်အသားမှာ ပစ္စည်း အသစ်ဆိုလျှင် ခြေထောက်အနည်းငယ်ရှည်သည့်ဘက်မှာ Anode ဖြစ်မှာပါ အကယ်၍အတွင်းထဲကိုကြည့်၍မြင်ရလျှင်မူ အပြားငယ်တာ Anode ဖြစ်ပြီး အပြားကြီးတာ Cathode ဖြစ်နေပါတယ် အပု နှင့် အရှည် ဟူ၍ နှစ်မျိုးရှိပြီး အရှည်မှာ မှန်ဘီလူးပါဝင်သောကြောင့် မီးပွိုင့် မီးဘုတ်ကဲ့သို့ ဝေးဝေးသို့မြင်စေလိုလျှင် အရှည်ကိုသုံးကြပြီး မျက်စိမစူးစေလိုသော အတွင်းပိုင်း မီးဘုတ်များ လူ့အသုံးဆောင် စက်များရှိ အသံမီးပြေးများအတွတ်မူ အပုဝိုင်း သို့မဟုတ် အပုလေးထောင့်ကိုသုံးကြပေသည် ။
ထူးခြားချက်မှာ LED ကို မျက်မမြင်ပင် လက်ဖြင့်ကိုင်တွယ်၍ စမ်းသပ်ပြီး Anode Cathode ကိုခွဲခြားနိုင်မည်ဆိုပါက အံသြစရာပင် သို့သော်မအံသြပါနှင့် ၄င်းအချက်မှာ အမှန်တကယ်ဖြစ်ပါတယ် LED ၏ Cathode ဘက်ပိုင်းတွင် အချိုင့်ငယ်လေးကိုဖန်တီးထားခြင်းဖြင့် မျက်လုံးမသုံးပဲ လက်ဖြင့်စမ်းသပ်ခြင်းဖြင့် အလွယ်တကူခွဲခြားနိုင်ပါသေးတယ် ။
Analog Meter ဖြင့်တိုင်းတာစစ်ဆေးသောအခါ ဒိုင်အုပ်ပုံစံအတိုင်း ဖြစ်၍ Ohm Scale x 1 တွင်ထား၍ တိုင်းရမှာဖြစ်ပြီး ထူးခြားချက်မှာ Led ကောင်းသေးလျှင် မှန်မှန်ကန်ကန်တိုင်းမိပါက မီးလင်းမှာဖြစ်ပြီး မီတာလည်းတက်ပါတယ် ပြောင်းပြန်တိုင်းမိပါက မီတာမတက်သည့်အပြင် မီးလဲ လင်းမှာမဟုတ်ပါ ။
Arduino လုပ်ငန်းစဉ် တွင် LED များကို အသုံးချရာတွင်လည်း လွယ်လွယ်ကူကူ ခွဲခြားထုတ်နိုင်မှာဖြစ်ပါတယ် ။
_
ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား #Admin Team

Comments
Post a Comment