" အင်ဂျင်နီယာရှု့ဒေါင့်က N95 Mask အကြောင်း တစေ့တစောင်း ''

N95 အကြောင်းလေး ပြောချင်လာလို့ပါ။ Medical field ကတော့ ဆရာဝန်တွေ ပြောပါလိမ့်မယ်။ ကိုယ်ကတော့ ကိုယ်ကျွမ်းကျင်ရာ engineer ရှုထောင့်ကပေါ့လေ။ အဲဒီ mask တွေက အလုပ်ထဲမှာက PPE အဖြစ် အမြဲသုံးနေရတာဆိုတော့ Safety အကျင့်တွေ ပါလာတာပေါ့။ အဓိကကတော့ N95 ဆိုတိုင်း မဝယ်မိဖို့။ Company တွေ ဂျင်းထည့်နေတာ မမိစေဖို့ပါ။
ပထမဆုံး N95 ဆိုတာဘာလဲဆိုတော့ face mask တွေအတွက် အမှုန်စစ်ယူနိုင်မှု စံသတ်မှတ်ချက်တခုပါ။ NIOSH လို့ခေါ်တဲ့ USA ရဲ့ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းပါ။ N98 တို့ N99 တို့လဲ ရှိပါတယ်။ N95 စံအတွက်က အဲဒီ mask ဟာ 0.3 micron ရှိတဲ့အမှုန်တွေကို 95% အထိ ဖယ်ရှားနိုင်ပါတယ်။ အဖျားရောဂါဖြစ်စေတဲ့ H1N1 တို့ H5N1 တို့ရဲ့ အရွယ်အစားဟာ 0.08-0.12 micron ရှိပါတယ်။ အဲဒီတော့ N95 Mask တွေရဲ့စံ 0.3 micron ထက် ပိုသေးငယ်တဲ့အတွက် 95% အထိ ဖယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး။
နောက်တခုက N95 mask အများစုဟာ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းစတဲ့ လုပ်ငန်းခွင်သုံးအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးတဲ့ mask တွေကိုတော့ surgical N95 respirators လို့ ခေါ်ပါတယ်။ NIOSH စစ်ဆေးရုံနဲ့ မရပါဘူး။ FDA ကပါ ထပ်မံစစ်ဆေးပြီးမှ ကျန်းမာရေးသုံးအတွက် ခွင့်ပြုပါတယ်။ ဘယ်လိုခွဲခြားနိုင်သလဲဆိုရင် Product code ကိုကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာ 3M ကထုတ်တဲ့ N95 mask တွေသုံးပါတယ်။ လုပ်ငန်းခွင်သုံးဖြစ်ပြီး Product code က 8210 ပါ။ ကျန်းမာရေးလုပ်ငန်းသုံးအဖြစ် FDA က သတ်မှတ်ထားတာက 3M 8670F, 8612F တွေ ဖြစ်ပါတယ်။ အခြား company ထုတ်တွေဆိုရင်လဲ ဘူးခွံပေါ်မှာ ဖော်ပြထားတာကို သေချာဖတ်ပါ။
ပြီးတော့ N95 mask တွေဟာ ကလေးငယ်တွေနဲ့ မျက်နှာအမွှေးအမျှင်ရှိသူတွေ တပ်ဖို့ မသင့်တော်ပါဘူး။ mask ရဲ့ ခွက်နဲ့ မျက်နှာနဲ့ အတိအကျ fitting မဖြစ်ရင် သူ့ရဲ့သတ်မှတ်ချက်အပြည့် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
တကယ်တမ်း ရောဂါကာကွယ်ချင်ရင် N95 တခုတည်းနဲ့ စိတ်ချရတဲ့ ကာကွယ်မှု မရပါဘူး။ N95 ဆိုပြီးတော့လဲ အသည်းအသန် ဝယ်နေစရာမလိုပါဘူး။ Company တွေက N95 ဆိုပြီး ဈေးကြီးနဲ့ ဂျင်းထည့်တာတွေကိုလဲ ရှောင်ကြပါ။ ကိုယ်လုပ်ရတဲ့အလုပ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်ပြီး ကာကွယ်ဖို့လိုအပ်လာရင်လဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို သေချာလိုက်နာပါ။ fb ပေါ်မှာ ဟိုလူဒီလူတွေ လျှောက်ပြောတိုင်းမယုံဘဲ ဦးနှောက်လေးသုံးပြီး ချင့်ချိန်ယုံကြပါလို့။
_
Credit Original Post Uploader (Engineer)

Comments
Post a Comment