" Power-Bank အကြောင်းလေ့လာခြင်း ''

" Power-Bank အကြောင်းလေ့လာခြင်း ''







၁။         တယ်လီဖုန်း အသုံးပြုသူတိုင်း Power-Bank လေးတွေကို အသုံးပြုလေ့ရှိမှာပါ။ ဒါကြောင့် Power-Bank လေးတွေ အလုပ်လုပ်ပုံကို ကျွန်တော်သိသ လောက်လေး ဗဟုသုတအနေနဲ့ ဖေါ်ပြပေးလိုက်ပါါတယ်။

Power-Bank
+++++++++
၂။        Power-Bank ဆိုတာက Power ကိုသိုလှောင်ပြီး မိမိလိုအပ်တဲ့အချိန်မှာ သူ့ဆီကနေ Power ပြန်လည်ထုတ်ယူ သုံးစွဲလို့ရတဲ့ ပစ္စည်းတစ်ခုပါ။ ဒါကြောင့်သူက လုပ်ငန်းကြီး(၂)ရပ်ကို အဓိက လုပ်ဆောင် ပေးရပါတယ်။ ဒါတွေကတော့ #ပါဝါသိုလှောင်ခြင်း (Charging) နဲ့  #ပါဝါထုတ်ပေးခြင်း (Discharging) တို့ဘဲဖြစ်ပါတယ်။ အီလက်ထရောနစ် အမြင်နဲ့ကြည့်ရင် Power-Bankက ပါဝါသိုလှောင်တဲ့အခါမှာ Load တစ်ခုဖြစ်ပြီး ၊ ပါဝါထုတ်ပေးတဲ့အချိန်မှာ Source တစ်ခုဖြစ်ပါတယ်။ Power-Bank တစ်ခုထဲမှာ ပါဝင်တဲ့ အစိတ် အပိုင်းတွေကတော့ အောက်မှာ ဖေါ်ပြပေးထားတဲ့အတိုင်း ပါဝင်ပါတယ်။
      (က)  Charging Control Circuit ။
      (ခ)  DC-DC Boost Converter Circuit ။
      (ဂ)  Battery Protector Circuit  တို့ပါဝင်ပါတယ်။
Circuit Module တွေကို ပုံ (၂)မှာဖေါ်ပြ ထားပါတယ်။

Charging Control Circuit
++++++++++++++++++
၃။          သူကတော့ Battery ကိုအားသွင်းတဲ့ လုပ်ငန်းလုပ်တဲ့ အခါမှာ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ ၊ ကန့်သတ်မှုတွေ  ကိုဆောင်ရွက်ပေးပါတယ်။ Battery Cell ကိုအားသွင်းတဲ့အခါမှာ အဓိကကျတဲ့ အချက်တွေ ဖြစ်တဲ့ အောက်မှာပြ ထားတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရပါတယ်။
       (က)  ဗို့အားကို တသမတ်ထဲ တည်ငြိမ်နေအောင် ဆောင်ရွက်ခြင်း။
       (ခ)  လျှပ်စီးကြောင်းကို တသမတ်ထဲ တည်ငြိမ်နေအောင် ဆောင်ရွက်ခြင်း။
       (ဂ) Battery Cell အပူချိန်မြင့်တက်လာချိန်မှာ အားသွင်းခြင်းလုပ်ငန်းကို ရပ်ဆိုင်းခြင်း။

၎။   Power-Bank တွေမှာ အပေါ်မှာဖေါ်ပြခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့တွက် #LTC (or) TP-4056 Charger Controller IC ကို အသုံးပြုလေ့ရှိပါတယ်။ ပုံ(၃) မှာ TP-4056 IC ကိုနမူနာပြပေး ထားပါတယ်။ #TP-4056 IC အနေနဲ့ Charging Volt: 4.2V မှာ တည်ငြိမ်နေ အောင် ဆောင်ရွက်ပေးထားပါတယ်။ Power Bank ထဲမှာပါတဲ့ Li-Ion Battery Cell တွေက 3.7 Vဘဲရှိတော့ 4.2V ထိ အားသွင်းထားမှ အားပြည့်တာဖြစ်ပါတယ်။ Battery Cell ရဲ့ ဗို့က4.2V ကိုရောက်ချိန်မှာ အားသွင်းခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။

၅။    နောက်တစ်ခုက Charging Current ကိုထိန်းချုပ်တဲ့ အပိုင်းပါ။ ဒီအပိုင်းမှာက IC ရဲ့ Pin-2 (Prog) မှာရှိတဲ့ Resistor နဲ့အားသွင်းတဲ့ Current ကို သတ်မှတ်ထားတာဖြစ်ပါတယ်။ Current ကိုပြောင်းလဲချင်ရင် သူ့ရဲ့ တန်ဖိုးကို ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ Power-Bank တွေမှာတော့ AC-DC  Adapter နဲ့ ထပ်တူဖြစ်တဲ့ Current 1Ampere ကို တစ်ခါတည်း သတ်မှတ်တည်ဆောက် ထားပါတယ်။ 1A ဆိုတာကလည်း Battery အားသွင်းနေတဲ့ တစ်လျောက်လုံးရဲ့ Current Rate မဟုတ်ပါဘူး။ TP-4056 IC မှာ 2.8V ကနေ 4.05V အတွင်းကာလမှာသာ 1A နဲ့အားသွင်းတာဖြစ်ဖြစ်ပြီး 2.8V အောက်နည်းသည်ဖြစ်စေ 4.05V အထက်များသည်ဖြစ်စေ Battery သက်တမ်းရေ ရှည်သုံးစွဲနိုင်အောင် 120mA လောက်နဲ့ အားသွင်းမှာဘဲ ဖြစ်ပါတယ်။ သူ့ကိုတော့ Trickle Charging လို့ခေါ်ပါတယ်။

၆။        Battery ရဲ့ အပူချိန်မြင့်က 55 Degree အထက်မှာဆိုရင် TP-4056 IC ကနေ အားသွင်းခြင်းလုပ်ငန်း  လုပ်ဆောင်နိုင်ခြင်း မရှိအောင် ဖြတ်တောက်ပေးပါတယ်။ Thermistor တစ်လုံးကို Battery(-) နဲ့ IC ရဲ့ Pin-1 ကိုချိတ်ဆက်ပြီး အာရုံခံစေပါတယ်။ ဒါကတော့ Charging Control IC TP-4056 ရဲ့ အားသွင်းမှုကို ထိန်းချုပ်တဲ့ လုပ်ဆောင်ချက်တွေပါ။

DC-DC Boost Converter
++++++++++++++++++
၇။         DC-DC Boost Converter ကတော့ Power-Bank ကနေအားပြန်ထုတ်တဲ့ အချိန်မှာ လုပ်ငန်းလုပ် ဆောင်ပေးရတဲ့ အစိတ်အပိုင်းပါ။ ဘာလို့ Boost Converter ကို သုံးရသလဲဆိုတော့ Power Bank ထဲမှာပါတဲ့ Li-Ion Battery Cell က 4.2V ကနေ 3V ထိ အားထုတ်ယူ သုံးစွဲနိုင်တာဖြစ်လို့ အထွက်ဗို့မှာ 5V မှာတည်ငြိမ်နေ စေဖို့ Boost Converter ကိုသုံးရတာဖြစ်ပါတယ်။ Battery ကနေအားထုတ်ယူသုံးစွဲခွင့် ပေးသလောက်ထိ အထွက်ဗို့က 5V မှာတည်ငြိမ်နေမှာပါ။ Boost Converter ရဲ့ အလုပ်လုပ်ဆောင်ပုံကတော့ ကျွန်တော်ယခင်က ဖေါ်ပြပြီး ဖြစ်ပါတယ်။ တစ်ကယ်လို့ အလုပ်လုပ်ဆောင်ပုံ နားမလည်သေးခဲ့လို့ ရှိရင် ကျနော့်ရဲ့ #ကို သားငယ် Account မှာ ၀င်ရောက် ဖတ်နိုင်ပါတယ်။ ပုံ(၄)မှာ DC-DC Boost Converter ကို နမူနာပြထားပါတယ်။

Battery Protector Circuit
++++++++++++++++++

၈။        တစ်ချို့ သော Power Bank တွေမှာဆိုရင် Protector Circuit ကို  DW01A Protector IC နဲ့ AM8205 MOSFET တို့ကိုတွဲဘက် သုံးလေ့ရှိပါတယ်။#ပုံ ( ၅ )မှာ Battery Protection Circuit ကို နမူနာပြပေး  ထားပါတယ်။ Battery Cell ကိုအားသွင်းတဲ့အခါ Battery Level 4.2V ကိုရောက်ရှိသွားချိန်မှာ အားသွင်းခြင်း ကိုရပ်ဆိုင်းဖို့ MOSFET ရဲ့ Gate ကိုပေးထားတဲ့ DW01A IC က Oscillation ကိုရပ်ဆိုင်းခြင်းနဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ DW01A IC က အခြေအနေအားလုံးကို အာရုံခံ စောင့်ကြည့် နေပါတယ်။ အားပြန်လည်ထုတ်ယူတဲ့ အချိန်မှာလည်း Battery Volt: 2.8 ကိုရောက်တဲ့ အချိန်မှာ ဒီနည်းအတိုင်းဘဲလုပ်ဆောင်ပါတယ်။ #ပုံ ( ၆ )မှာ Battery Charging Circuit နဲ့ Charge/ Discharge Protector Circuit တို့ရဲ့ ဆက်သွယ်ထားပုံကို ပြထားပေးပါတယ်။ #Nickel နဲ့ Lithium ကိုအသုံးပြုတည်ဆောက်ထားတဲ့ Ni-Cd (Nickel Cadmium) ၊ Ni-MH (Nickel Metal Hydride) ၊ Li-Ion(Lithium-Iron) ၊ Li-Pol (Lithium Polymer) Battery အားလုံးမှာ သက်တမ်းစေ့ အသုံးပြုနိုင်စေရန် နဲ့ ပျက်စီးဆုံးရှုံမှုကို ကာကွယ်စေဖို့ Battery Protector Circuit များ တည်ဆောက်အသုံးပြု သင့်ပါတယ်။

၉။      Power-Bank ၊ လက်ကိုင်စကားပြောစက် (Walking & Talking / Hand-held) Battery တွေမှာ  အထက်မှာဖေါ်ပြခဲ့တဲ့  စနစ်တွေထည့်သွင်း အသုံးပြုပြီး တည်ဆောက်လေ့ရှိပါတယ်။ TP-4056 Charger IC၊ DW01A protector IC တွေက Battery Charging ပိုင်းဆိုင်ရောတွေမှာ အင်မတန်အသုံးတည့်သော Component များဘဲဖြစ်ပါတယ်။

_
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ>>>

Credit … Ko Thar Nge ( BE , EC )

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း