အလောင်းတော်မြတ် သိဒ္ဓတ္ထကုမာရ (Prince Siddhartha) သည် မြောက်အရပ်သို့ မျက်နှာမူကာ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူပြီး ခုနှစ်ဖ၀ါးမြောက်တွင် ရပ်တန့်တော်မူလျှက်.....
(က) အဂ္ဂေါဟမသ္မိ လောကဿ …
ငါသည် လောကတွင် အမြင့်မြတ်ဆုံးဖြစ်၏။
(ခ) ဇေဋ္ဌောဟမသ္မိ လောကဿ …
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
(ဂ) သေဋ္ဌောဟမသ္မိ လောကဿ …
ငါသည် လောကတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။
(ဃ) အယမန္တိမာ ဇာတိ …
ငါ့အတွက်ယခုဘ၀တွင် ပဋိသန္ဓေတည်နေရခြင်းသည် နောက်ဆုံးပဋိသန္ဓေတည်နေခြင်းဖြစ်၏။
(င) နတ္တိ ဒါနိ ပုနဗ္ဘဝေါ …
ငါ့အတွက် တစ်ဖန်ဘ၀သစ်ဖြစ်ရခြင်းဟူသည်
မရှိတော့ပြီ။
("" I am chief in the world, supreme in the world, eldest in the universe. This is the last birth. There is now no more coming to be.")
ဟူ၍ ဥဒါန်းကျူးရင့်တော်မူသောအခါတွင် စကြာဝဠာတိုက်သည် အလောင်းတော်မြတ်၏
အသံတော်ဖြင့် လွှတ်ပတ်ပဲ့တင်ကြားရလေ၏။ ထို့အချိန်တွင် ဗြဟ္မာ၊နတ်လူ အပါင်းတို့သည် ကောင်းချီး မင်္ဂလာထောပနာပြုကြပါသည်။

Comments
Post a Comment