ခြေကျင်းဝတ်လည်ခြင်း ( Ankle sprain )

' ခြေကျင်းဝတ်လည်ခြင်း ( Ankle sprain ) '

Sprain ဆိုတာကို အိုင်အဘိဓါန်က အဆစ်လွဲခြင်းလို့ ဘာသာပြန်ထားပါတယ် ။

အရပ်ထဲမှာကတော့ အကြောတင်တယ်လို့ ပြောကြပါတယ် ။

မူရင်းအဖြစ်ကတော့ အဆစ်ဟာ မတန်တဆ လိမ်သွားတဲ့ အခါ ၊ လည်သွား

ခေါက်သွားတဲ့အခါ ၊ လန်သွားတဲ့အခါ ၊ အဆစ်ကို ထိန်းထားတဲ့

အရွတ်ကြောတွေ ၊ တွယ်ဆက်တစ်သျှူးတွေ ၊ ကြွက်သားတွေဟာလည်း

မတန်တဆ ဆန့် ထွက်ရပြီး  စုတ်ပြတ်ဒဏ်ရာ ရရှိသွားတာဖြစ်ပါတယ် ။

.

အခုပြောမှာက ခြေကျင်းဝတ် အရွတ်နာခြင်း ( Ankle sprain ) အကြောင်း

ဖြစ်ပါတယ် ။

ခွာမြင့်ဖိနပ်စီးထားပြီး မညီညာတဲ့ မြေပြင်မှာ လမ်းလျှောက်ရင်း ၊ ပြေးရင်း ၊

ခြေခွင်လဲတာမျိုးမှာ ဖြစ်စေ ၊ အလေးအပင် မ တဲ့အခါမျိုးမှာဖြစ်စေ

 ခြေကျင်းဝတ်လည်ပြီး နာကျင်တဲ့ ဒဏ်ရာ ရရှိတတ်ပါတယ် ။

အလွန်နာကျင်ပြီး ၊ ရောင်ရမ်းလာတာ ၊ သွေးခြေဥတာ တွေဖြစ်လာပြီး

မလှမ်းနိုင် ၊ မထောက်နိုင် ဖြစ်တတ်ပါတယ် ။

အတော်အတန် ထိခိုက်တာမျိုး ကနေ ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးထိ

ဖြစ်နိုင်ပါတယ် ။ သိပ်ဆိုးရွားရင်တော့ ဆေးရုံ ဆေးခန်း သွားဖို့ လိုပေမယ့် ၊

တော်ရုံတန်ရုံဆိုရင်တော့ အိမ်တွင်းဖြစ် ဆေးဝါးနဲ့ ကုပေးလို့ ရပါတယ် ။

.

အိမ်တွင်းဖြစ် ကုသနည်း ၁၀ မျိုး တင်ပြပါမယ် ။

.

1. ရေခဲ ( Ice )

ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာ ( sprained ankle ) ကို ရေခဲကပ်ပေးခြင်းဖြင့်

အရောင်လျော့စေပါတယ် ။ ရေခဲက အရွတ်များ ရောင်ရမ်းမှာကို ကာကွယ်

သလို ၊ ပြတ်သွားတဲ့ အရွတ်များမှ သွေးထွက်ခြင်းကိုလည်း ရပ်စေပါတယ် ။

ရေခဲကို ဒဏ်ရာရပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ကပ်ပေးရပါမယ် ။

~  ရေခဲတုံးလေးများကို သဘက်တခုနဲ့ ထုပ်ပြီး ၊ ဒဏ်ရာပေါ်ကို ၁၅မိနစ် -

မိနစ်၂၀ လောက် ဖိကပ်ထားရပါမယ် ။ ၂နာရီ တကြိမ် ကပ်ပေးရပါမယ် ။

~ ရေခဲ အလွယ်မရှိလျှင် ၊ အေးခဲထားတဲ့ အသီးအရွက်ထုပ်နဲ့ ကပ်ပေးလို့

ရပါတယ် ။

(  အ၀တ်မခံပဲနဲ့ ရေခဲကို ထိခိုက်ထားတဲ့ အရေပြားပေါ် တိုက်ရိုက် မကပ်ရပါ )

.

2. ဖိသိပ်ထားခြင်း ( Compression )

ရောင်ရမ်းတာကို တားဖို့ ၊ ဒဏ်ရာ ရ ရခြင်း ဖိနှိပ်ထားတာ ၊ ပတ်တီးစည်းတာ

အလျှင်အမြန် လုပ်ရပါမယ် ။ ရိုးရိုးပတ်တီး ရရ ၊ အလတ်စတစ် ပတ်တီးရရ

အသုံးပြုနိုင်ပါတယ် ။

~ အလတ်စတစ်ပတ်တီး ( crepe or elastic bandage ) ကို ခြေချောင်း

လေးနားက စ ပတ်ပြီး စည်းရပါမယ် ။ အလွန်လည်း မတင်း ၊ လျော့ရည်း

လျော့ရဲ လည်း မဖြစ်အောင် ၊ ပုံမှန် ဆွဲပြီး ခြေသလုံးထိ စည်းရပါမယ် ။

~ နေ့ တနေ့လုံး ပတ်တီးစည်းထားပြီး ၊ အိပ်ချိန်မှာ ပြန်ဖြည်ရပါမယ် ။

( အရေပြားအရောင် ပြာနှမ်းလာလျှင် ၊ ထုံကျင်လာလျှင် ၊ ပတ်တီးကို

အမြန်ပြန်ဖြည်ရပါမယ် )

.

3. နနွင်း ( Turmeric )

နနွင်းဟာ ရောင်ရမ်းခြင်း လျော့စေပါတယ် ။ နာကျင်ခြင်း လျော့စေပါတယ် ။

ကြွက်သား ၊ တစ်သျှူး ၊ အဆစ်များကို ပြေလျော့စေပါတယ် ။

~ နနွင်း ၂ဇွန်း ၊ သံပုရာရည် ၁ဇွန်း ၊ ရေနွေးနည်းနည်းနဲ့ ပျစ်ပျစ်လေးဖျော် ၊

ထိခိုက်မိတဲ့ ခြေကျင်းဝတ်ကို လိမ်းကျံပါ ။ ပတ်တီး စည်းပါ ။

၁၀နာရီလောက်ထားပါ ။

၁၀နာရီ တကြိမ် လိမ်းပါ ၊ စည်းပါ ။ တပတ်ကြာလောက် လိမ်းရပါမယ် ။

~ နောက်တနည်းက ၊ ည အိပ်ယာမ၀င်မီ အကိုက်အခဲ သက်သာအောင် ၊

နနွင်းနဲ့ ထုံးမှုန့် ဆတူရော ၊ ရေနည်းနည်းနဲ့ ပျစ်ပျစ်လေးဖျော် ၊

 နွေးနွေးလေးဖြစ်အောင် အပူပေး ၊

ထိခိုက်မိတဲ့ ခြေကျင်းဝတ်ကို လိမ်းကျံ ၊ ပတ်တီးစည်း ။

တညလုံးစည်းထားပြီး မနက်မှ ဖြည်ပါ ။

၃ရက် ၄ရက်လောက် ဆက်လုပ်ရပါမယ် ။

~ သိပ်ပြီး နာကျင်ကိုက်ခဲနေရင် ၊ နနွင်း ၁ဇွန်းကို နွားနို့ ပူနွေးနွေးမှာ

မွှေပြီး သောက်နိုင်ပါသည် ။ တရက် ၂ကြိမ် နဲ့ ၁ပတ်လောက်

သောက်ပေးရပါမယ် ။

.

4. ကြက်သွန်ဖြူ ( Garlic )

ကြက်သွန်ဖြူက နာကျင်ခြင်း ၊ ရောင်ရမ်းခြင်းတွေ ပျောက်စေပါတယ် ။

ဒဏ်ရာကို မြန်မြန်ပျောက်ကင်းစေပါတယ် ။

~ ကြက်သွန်ဖြူရည် ၁ဇွန်း ၊ ပူပူနွေးနွေး အုန်းဆီ ၂ဇွန်း ကို ရောမွှေ ၊

ဒဏ်ရာကို ပွတ်လိမ်းပါ ။ နာရီဝက်လောက်ထားပြီး ရေနွေးနွေး နဲ့ ဆေးပါ ။

တနေ့ ၃ - ၄ ကြိမ်လောက်နဲ့ ရက်အတန်ကြာလုပ်ပေးရပါမယ် ။

.

5. ဆားခါး ( Epsom Salt )

ဆားခါး ( magnesium sulfate ) ဟာ ရောင်ရမ်းနေတဲ့ ကြွက်သား နဲ့

အာရုံနာဗ်ကြော တွေကို သက်သာစေပါတယ် ။

~ ရေဇလုံတခုထဲ ရေနွေးနွေးထဲ့ ၊ ဆားခါး ခွက် ၁ခွက်လောက်ထဲ့မွှေ ၊

ဒဏ်ဖြစ်နေတဲ့ ခြေကျင်းဝတ်ကို မိနစ် ၃၀လောက်စိမ်ထားပါ ။

တနေ့ ၂ကြိမ် နဲ့  ၃ - ၄ ရက် လုပ်ရပါမယ် ။

.

6. အာနီကဆီ ( Arnica )

အာနီက ဟာ ဒဏ်ရာ အပျောက် မြန်စေသလို ၊ ကြွက်သားသားနဲ့ အဆစ်

တွေကို သန်မာစေပါတယ် ။ သွေးလှည့်ပတ်ခြင်းကောင်းစေလို့ သွေးတွေစု

အောင်းပြီး ရောင်ရမ်းတာကို လျော့စေပါတယ် ။

~ အာနီက ဆီနဲ့ ဒဏ်ရာကို အသာအယာ နှိပ်နယ်ပေးရပါမယ် ။

ပတ်တီးစည်းပေးထားပြီး နာရီ အနည်းငယ် ထားရပါတယ် ။

ရက်အတန်ကြာ ပျောက်ကင်းသည်ထိ လုပ်နိုင်ပါတယ် ။

~ အာနီက ပရုတ်ဆီ သို့ မဟုတ် ခရင်နဲ့ လည်း နှိပ်နယ်ပေးနိုင်ပါတယ် ။

တနေ့ ၃ - ၄ ကြိမ် လုပ်ပေးရပါမယ် ။

( အာနီက နဲ့ မတည့်သူလည်း ရှိတတ်ပါတယ် ၊ ပွန်ပဲ့ ရှနာ ရှိတဲ့ အရေပြား

ပေါ် မလိမ်းရပါ )

.

7. ကြက်ဆူဆီ ( Castor Oil )

ကြက်ဆူဆီဟာ ထရိုင်ဂလစ်စထရိုက် (  triglyceride ) ဖြစ်ပြီး

ရိုင်စီနိုလီရစ် အက်ဆစ် ( ricinoleic acid )  ပါပါတယ် ။

၎င်းအက်ဆစ်က အရောင်အရမ်း လျော့စေပါတယ် ။

~ ပတ်တီးကို အ၀တ်ခေါက်လေးဖြစ်အောင် အထပ်ထပ်ခေါက်ပြီး ၊

ကြက်ဆူဆီထဲ နှစ်ပါ ။

~ ၎င်း အ၀တ်ကို ဒဏ်ရာပေါ် အုပ်ပြီး ပတ်တီး အထပ်ထပ် စည်းပါ ။

~ ရေနွေးပုလင်း ၊ ရေနွေးအိတ် နာရီဝက်လောက် ကပ်ပါ ။

~ ဒဏ်ရာရ ခြေထောက်ကို ပင့်မြှောက်ထားရပါမယ် ။

~ ပတ်တီး ပြန်ဖြည်ပြီး ဆီနဲ့ တခါ နှိပ်နယ်ပါ ။

~ တနေ့ ၃ကြိမ်လောက် နဲ့ ၂ရက်လောက် လုပ်ပေးရပါမယ် ။

.

8. ကြက်သွန် ( Onion )

ကြက်သွန်နီ ရောင်ရမ်းမှု လျော့စေတတ်တဲ့ သတ္တိရှိတဲ့အတွက်

ခြေကျင်းဝတ်နာခြင်းဒဏ်ရာ ၊ လက်ညပ်ခြင်း ဒဏ်ရာ ၊ အဆစ်ရောင်ခြင်း ၊

စတာတွေ ပျောက်စေပါတယ် ။

~ ကြက်သွန်နီကို နုတ်နုတ်စင်း ၊ ပိတ်ပါးနှင့် တင်းတင်းထုပ် ၊ ဒဏ်ရာပေါ်မှာ

၂နာရီလောက် ဖိကပ်ပြီး စည်းထား ။

~ နောက်တနည်းက ၊ ကြက်သွန်နီကို ရေခဲသေတ္တာထဲ အအေးခံထား ၊

နုတ်နုတ်လေးလှီး ၊ ဆား နဲ့ နယ် ၊ ဒဏ်ရာပေါ် အုပ် ၊ ပတ်တီး တင်းတင်းစည်း ။

၇ - ၈ နာရီ တခါ အသစ်လဲ စည်းပေးရပါမယ် ။

.

9. ဂေါ်ဖီထုပ် ( Cabbage )

ဂေါ်ဖီထုပ်ကလည်း ရောင်တာ ရမ်းတာ လျော့စေပါတယ် ။

~ ဂေါ်ဖီရွက်များကို ခဲစက္ကူ ( foil ) နှင့် ထုပ် ၊ မိုက်ကရိုဝေ့ ထဲ အပူပေး ၊

~ ဂေါ်ဖီရွက်တွေကို ဒဏ်ရာပေါ်အုပ် ၊ အပူလုံအောင် ပလပ်စတစ်နှင့် ပတ် ၊

၁ နာရီလောက်ထား ။

~ တနေ့ ၂ကြိမ် ၊ ၂ရက်လောက် လုပ်ရပါမယ် ။

.

10. သံလွင်ဆီ ( Olive Oil )

သံလွင်ဆီမှာ ဖီနိုလစ် ကွန်ပေါင်း ( phenolic compound ) ပါသဖြင့်

အရောင် လျော့စေပါတယ် ။ အပျောက် မြန်စေပါတယ် ။

~ သံလွင်ဆီကို အပူပေး ၊

ခပ်နွေးနွေး သံလွင်ဆီနဲ့ နှိပ်နယ်ပေး ၊

တနေ့ ၃ - ၄ ကြိမ် ၊ ရက်အနည်းငယ် လုပ်ပေးရပါမယ် ။

~ နောက်တနည်းက ၊ သံလွင်ဆီ ၁ဇွန်းနဲ့ ကြက်ဥ အနှစ် ရောမွှေ ၊

ဒဏ်ရာကို လိမ်း ၊ ဂွမ်းခံပြီး ပတ်တီးစည်း ။ ၂ ရက်ထား ။

ဒီအတိုင်း ရက်အနည်းငယ် ဆက်လုပ်ရပါမယ် ။

.

အကြောတင်တယ် ထင်ပြီး အကြောပြင်ဆရာများနှင့် မနှိပ်ဖို့ အရေးကြီး

ပါတယ် ။ ကြွက်သားတွေ အရွတ်တွေ ပိုပျက်စီးသွားရင် ၊ ခြေကျင်းဝတ်

ရောင်တာ ပြန်မလျော့ပဲ ၊ ပုံပျက်သွားတတ်ပါတယ် ။

.

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
1/5/2016

(#credit_Dr_Myint_Thein)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ