" ဂျင်းဘောင်းဘီတွေမှာ ဘာကြောင့် အိပ်ကပ်သေးသေးလေး ထည့်ထားတာလဲ ...?

" ဂျင်းဘောင်းဘီတွေမှာ ဘာကြောင့် အိပ်ကပ်သေးသေးလေး ထည့်ထားတာလဲ ...?


တကယ်လည်း ဘာမှထည့်လို့မရဘဲ ဘာကြောင့် ဒီအိပ်ကပ်သေးသေးလေးကို ထည့်ထားရတာလဲဆိုတာ ကမ္ဘာကျော် ဂျင်းအမှတ်တံဆိပ်ကြီးက ပြောပြထားပါတယ်။
     

ဂျင်းဘောင်းဘီဝတ်သူတိုင်း စဉ်းစားမိဖူးမှာပါ။ ဘာကြောင့် အိပ်ကပ်ပေါ်က အိပ်ကပ်သေးသေးလေးကို ထည့်သွင်းချုပ်လုပ်ထားတာလဲဆိုတာ။ ပြီးတော့ ဘယ်သူမှလည်း ရေရေရာရာ မသိခဲ့ကြပါဘူး။

ဘောင်းဘီရှေ့ဘက်ခြမ်းက အိပ်ကပ်ပေါ်မှာ ထပ်ဆင့်ထည့်သွင်းချုပ်လုပ်ထားတဲ့ အိပ်သေးသေးလေးရဲ့ အကြောင်းကို ခုတာ့ သိလိုက်ရပါပြီ။ အမေရိကန်ရဲ့ နာမည်ကျော် ဂျင်းအမှတ်တံဆိပ် Levi Strauss ရဲ့ အဆိုအရ အဆိုပါ အိပ်ကပ်အငယ်စားလေးဟာ အိတ်ဆောင်နာရီ ထည့်ထားဖို့အတွက် ချုပ်လုပ်ထားတာဖြစ်ပါသတဲ့။

သေသေချာချာ ပြန်ကြည့်လိုက်မယ်ဆိုရင် တကယ်ပဲ အိတ်ဆောင်နာရီ တစ်လုံးစာ ဆံ့တဲ့ အရွယ်အစားပဲ ရှိတာပါ။ ရှေးလူတွေက အိတ်ဆောင်နာရီတွေ ဆောင်လေ့ရှိကြပါတယ်။ အထူးသဖြင့် ကောင်းဘွိုင်တွေအတွက် ရည်ရွယ်ပြီး ချုပ်လုပ်ထားတဲ့ Levi'S ဂျင်းဘောင်းဘီတွေမှာ အိတ်ဆောင်နာရီတစ်လုံးစာပဲဆံ့တဲ့ အိတ်အသေးစားလေးတွေကို စတင် ထည့်သွင်းချုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

_
Source : Independent

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း