ဥပေက္ခာမျိုး ၁၀-ပါး။
♻️ ဥပေက္ခာမျိုး ၁၀-ပါး။
♻️
(၁) ဆဠင်္ဂုပေက္ခာ- ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါသာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ရှုခြင်းမျိုးခြောက်ပါးကိုဆိုသည်။
(၂) ဗြဟ္မာဝိဟာရုပေက္ခာ- သဗ္ဗေ သတ္တာ ကမ္မ သကာ သတ္တ၀ါတို့ ချမ်းသာဆင်းရဲဟူသည်သူတို့၏ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုသည်။
(၃) ဗောဇျ္စွ င်္ဂုပေက္ခာ- မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇျ္စွင်တရားတို့သည်အလွန်အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ အညီအမျှသာဖြစ်ပေါ်လာခြင်းမျိုးကိုခေါ်ဆိုသည်။
(၄) ၀ီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှတစွာဖြစ်သောဝီရိယကိုဆိုသည်။
(၅) သင်္ခါရုပေက္ခာ- ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန်အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊သို့မဟုတ်ဝိပသနာဥာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကိုအထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၆) ဝေဒနုပေက္ခာ- ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကိုဆိုသည်။
(၇) ၀ိပသနုပေက္ခာ-ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုးလာပုံတို့ကို ငြိမ်သက်စွာလျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကိုဆိုသည်။
(၈) တတြမဇျ္စွ တ္တုပေက္ခာ- သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကိုဆိုသည်။
(၉) ဈာနုပေက္ခာ- မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေပဲလျစ်လျူရှုခြင်းကိုဆိုသည်။
(၁၀) ပါရိသုဒ္ဓုပေက္ခာ-ဆန့်ကျင်ဘက်ဖြစ်သောနီဝရဏဓမ္မတို့မှသန့်စင်နေပြီဖြစ်၍ထိုတရားဆိုးတို့မဖြစ်စေရအောင်ကြောင့်ကြမှုမပြုရတော့သည်ကိုဆိုသည်။
(ဥပေက္ခာမျိုး ၁၀-ပါး။ ။ )
by Myanmar Cupid Forum
www.dhammaweb.net မှကူးယူပူဇော်ပါသည်၊၊

Comments
Post a Comment