" သရက်သီးမှပေးသော ကျန်းမာရေးကောင်းကျိုးများ "

သရက်သီးဟာ စားလို့အလွန်ကောင်းတဲ့ အသီးဖြစ်ရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလည်း ဖြစ်ပါတယ်။ “အသီးမှာ သရက်” လို့ပင်ခေါ်ဆိုရသော အသီးများရဲ့ ဘုရင် သရက်သီးကို စားသုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ သရက်သီးနဲ့ ပတ်သက်တဲ့ သဘောကျဖွယ်ရာ အချက်အလက်တွေ သတိထားရမယ့် အချက်တွေကိုလည်း လေ့လာနိုင်ပါတယ်။
' ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများ '
✔ ကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း.....
လေ့လာတွေ့ရှိချက်တွေအရ သရက်သီးမှာပါရှိတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ဟာ အူမကြီး၊ ရင်သား၊ သွေးနဲ့ ဆီးကြိတ် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သဘာဝဓါတ်ပေါင်းများနဲ့ အင်ဇိုင်းအမျိုးမျိုးနဲ့ ပြည့်ဝနေတာကလည်း သရက်သီးပဲဖြစ်ပါတယ်။
သရက်သီးမှာပါဝင်တဲ့ ဖိုင်ဘာမျှင်များ၊ ပက်တင်နဲ့ ဗိုက်တာမင်စီများမှာ လူရဲ့ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေတဲ့ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။
သရက်သီးအား အသားအရေကောင်းမွန်ဖို့ရန်အတွက် စားသုံးခြင်း၊ အရေပြားပေါ်တွင် သုတ်လိမ်းခြင်း အားဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ သရက်သီးဟာ ချွေးပေါက်များကို ကျဉ်းစေတဲ့အပြင် ၀က်ခြံများကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်။
သရက်သီးဖျော်ရည်တစ်ခွက်ကို သောက်သုံးခြင်းအားဖြင့် လူတစ်ဦးအတွက် တစ်နေ့လျှင်လိုအပ်တဲ့ ဗိုက်တာမင် အေ ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပြီး မျက်စိအမြင်အာရုံ အားကောင်းစေတဲ့အပြင် ကြက်မျက်သင့်ခြင်း၊ မျက်ရည်ခမ်းခြောက်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သရက်သီးတွင်တွေ့ရှိရတဲ့ တာတရစ် အက်ဆစ်၊ မဲလက် အက်ဆစ်၊ စစ်ထရစ် အက်ဆစ်များဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အယ်ကာလိုင်းတွေကို ထိန်းညှိပေးထားပါတယ်။
သရက်ပင်ရဲ့အရွက်တွေဟာ သွေးအတွင်းရှိ အင်ဆူလင်အခြေအနေကို သာမန်အနေအထားရှိစေရန် ကူညီပေးပါတယ်။ သရက်အရွက်များကို ရေနဲ့ပြုတ်လို့တစ်ညတာသိုထားပြီး နောက်တစ်နေ့မနက်မှာ အဲဒီအပြုတ်ရည်စစ်ယူ သောက်သုံးခြင်းအားဖြင့်လည်း အိမ်တွင်းဆီးချိုကုသနည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ သရက်သီးမှာတွေ့ရှိရတဲ့ ဂလိုက်စရင်း ပါဝင်မှုအညွှန်းပမာဏမှာလည်း ၄၁မှ၆၀အထိသာ ရှိသောကြောင့် စားသုံးတဲ့အခါ အချိုဓါတ်လွန်ကဲမှုအတွက် စိုးရိမ်စရာမရှိပါဘူး။
သရက်သီးမှာ ဗိုက်တာမင် အီး ပမာဏများစွာ ပါဝင်ပါတယ်။ ယခင်က တိရိစ္ဆာန်များကို အသုံးပြုလျက် ဗိုက်တာမင်အီး နှင့် ကာမဆက်ဆံမှုတို့၏ ဆက်စပ်မှုအကြောင်းကို မှားယွင်းစွာ ကောက်ချက်ချ သုံးသပ်မိခဲ့ ကြသော်လည်း ယခုနောက်ပိုင်းလေ့လာတွေ့ရှိမှုများအရ သရက်သီးမှပေးသော သင့်တင့်မျှတတဲ့ ဗီတာမင် အီး ဟာ ကာမဆက်ဆံမှုကို အားကောင်းစေရန် ပံ့ပိုးပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
သဘောင်္သီးတစ်မျိုးတည်းကသာ ပရိုတင်းများကို ခြေဖျက်ပေးနိုင်သော အင်ဇိုင်းများကို ထုတ်ပေးနိုင်တာ မဟုတ်ဘဲ သရက်သီးအပါအ၀င် အခြားသော အသီးအနှံများမှာလည်း ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ သရက်သီးမှာပါဝင်တဲ့ ဖိုင်ဘာမျှင်များဟာ အစာခြေရာမှာသော်လည်းကောင်း၊ အစာဟောင်းများကို စွန့်ထုတ်ရာမှာသော်လည်းကောင်း အကူအညီ ပေးလျက်ရှိပါတယ်။
သရက်သီးအစိမ်းကို အရည်ဖျော်ပြီး အချိုဓါတ်အနည်းငယ်ရောထားသော သရက်သီးရည်ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို လျော့ချပေးနိုင်ပါတယ်။။ အာယုဝီဒ သဘောတရားအရ၊ လူတစ်ဦးဟာ အီကွေတာ အနီးတ၀ိုက်ဝန်းကျင်နေရာတွေကို ရောက်တဲ့အခါ ရာသီဥတုကြောင့် ဆီးရွှင်နေခြင်း၊ ပင်ပန်းလွယ်ခြင်းအစရှိသည်တို့ကို ခံစားရခြင်းမှာ နေရောင်မှလာတဲ့ စွမ်းအင်ဟာ လူရဲ့ ခန္ဓာကိုယ်ရှိ ကြွက်သားတွေကို လောင်ကျွမ်းနေတာကြောင့်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ အဲဒီအချိန်မှာ ကျောက်ကပ် ဟာလည်း အဆိပ်အတောက်များနဲ့ ပြည့်နေတယ်လို့ အဆိုရှိပါတယ်။
သရက်သီးမှာ ဗိုက်တာမင် စီ နဲ့ အေ ပမာဏအမြောက်အများအပြင် ကာရော့တီနွိုက် ၂၅ မျိုး ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို ကြံခိုင်သန်စွမ်းစေပါတယ်။
✔ သရက်သီးနဲ့ ပတ်သက်တဲ့ သင်သိသင့်တဲ့အချက်အလက်များ.....
သရက်သီးဟာအခြားသောအသီးအနှံများနဲ့ယှဉ်ရင် လက်ဆတ်စွာစားသုံးနိုင်တဲ့ အသီးအနှံ အမျိုးအစားမှာ ပါဝင်ပါတယ်။
သရက်သီးစတင်ပေါ်ပေါက်ထွက်ရှိလာတဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟင်မလေးရန် လွင်ပြင်ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် (၄၀၀၀)ကျော်ခန့်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ သရက်သီးအား အများဆုံးစိုက်ပျိုးပြီး စားသုံးတဲ့နေရာကို “စဖီးဒါး”လို့ ခေါ်ဆိုကြပါတယ်။ သတ္တဗေဒမျိုးနွယ်ဝင်အရ အပွင့်ပွင့်နိုင်သော အပင်မျိုးဖြစ်တဲ့ သီဟိုဠ်၊ ရင်ကွဲစေ့ပင်များနှင့် မျိုးတူဖြစ်ပါတယ်။ သရက်မျိုးကွဲပေါင်း (၁၀၀၀)ကျော် ရှိပါတယ်။
သရက်သီးတစ်ခွက် (၂၂၅ ဂရမ်) တွင် (၁၀၅)ကယ်လိုရီ၊ တစ်နေ့တာအတွက် လိုအပ်သောဗိုက်တာမင် စီ ၇၆ ရာခိုင်နှုန်း၊ ဗိုက်တာမင် အေ ၂၅ ရာခိုင်နှုန်း၊ ဦးနှောက်အတွင်း ဟော်မုန်းထုတ်ပေးမှုနဲ့ နှလုံးရောဂါကို ကာကွယ်ပေးရာမှာ လိုအပ်တဲ့ ဗိုက်တာမင် ဘီ 6 နဲ့ ဘီ ၁၁ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အား အထောက်အကူ ပေးတဲ့ ဖိုင်ဘာ ၉ ရာခိုင်နှုန်း၊ သွေးနီဥများအတွက် လိုအပ်သောအင်ဇိုင်းကို ဖြစ်ပေါ်စေသည့် ကော့ပါး ၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၇ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၄ ရာခိုင်နှုန်းပါဝင်ပါတယ်။
သရက်သီးတွင် ဘီတာ ကယ်ရိုတင်းပါဝင်ပြီး အရေပြားပေါ်သို့ သုတ်လိမ်းလိုက်တဲ့အခါ ဗိုက်တာမင် အေ အဖြစ် ပြောင်းလဲနိုင်တဲ့ အပြင် ဗိုက်တာမင် စီလည်း ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအားပြန်လည် ကောင်းမွန်လာစေရန် သရက်သီးရည်အားမျက်နှာနှင့် အသားအရည်များပေါ်ကို သုတ်လိမ်းပေးနိုင်ပါတယ်။ သရက်သီးအား အစာအဖြစ် စားသုံးပါကလည်း အရေပြားပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ အပြင် ၀က်ခြံများကိုလည်း သက်သာစေပါတယ်။
သရက်သီးအစေ့အားလည်း အစိမ်းသော်လည်းကောင်း ချက်ပြုတ်၍သော်လည်းကောင်း စားသုံးနိုင်ပါတယ်။
မျောက်များဟာ သရက်သီးအစိမ်းရဲ့ အစေ့အား စားသုံးတတ်ကြပါတယ်။ အာယုဝီဒ ဆေးကုသနည်းလမ်းများ ကို လိုက်စားသူများမှာ သရက်သီးရဲ အစေ့ဟာ မျောက်များအား အပင်တစ်ပင်မှ တစ်ပင် ခုန်ကူးနိုင်သော စွမ်းအားကို ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
✔ သရက်သီးနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်များကတော့.....
(၁) သင်ဟာအစေးများနဲ့ ဓါတ်မတည့်သူဖြစ်ပါကသရက်စေးများ အထူးသဖြင့် သရက်သီးအစိမ်းမှ ထွက်လာသောအစေးများသည်လည်း သင့်ကိုအန္တရာယ်ပြုနိုင်ပါတယ်။ ဤသို့ ဓါတ်မတည့်ယားယံခြင်း ဖြစ်ခြင်းမှာလည်း သရက်စေးတွင်ပါသော အန်အာကတ်ဒက် အက်ဆစ်တမျိုးကြောင့် ဖြစ်ပါတယ်။
(၂) အဆိပ်နွယ်ပင်များမှာ ပါရှိတဲ့ ဓာတုဓါတ်တစ်မျိုးကို သရက်သီးအခွံနဲ့ အစေးမှာတွေ့ရတာမို့ ဓါတ်မတည့်သူများမှာတော့ ၄င်းတို့နဲ့ ထိတွေ့လိုက်ရင် ယားယံခြင်းများကို ခံစားရမှာဖြစ်ပါတယ်။
(၃) အချို့သောသရက်သီးရောင်းသူများမှာ သရက်သီးကို မှည့်စေရန် ကယ်လ်စီယမ် ကာဗိုက် ဓါတုဓါတ်များကို အသုံးပြုတတ်ပြီး အဲ့ဒီဓါတုဓါတ်ဟာ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အကယ်လို့ သင်စားသုံးမယ့် သရက်သီးမှာသဘာဝမြေသြဇာကို အသုံးပြုထားသော ဒါမှမဟုတ်ပါက မစားသုံးခင် တစ်ညအလိုမှာ ရေစိမ်ထားပြီး သေချာစွာ သန့်စင်ပြီးမှ စားသုံးသင့်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
' သရက်သီး ၏အကျိုးကျေးဇူး '
အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်
သရက်သီး၏ အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီး
မျိုးရင့် Anacardiaceae ထဲတွင်ပါဝင်ပါတယ်။သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့်
အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့်
အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်း စိုက်ပျိုးကြပါတယ်။
သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊
အဆီ ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊
မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့
အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။
သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး
တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း
ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့်
သွေးအတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။
သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင်
အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို
တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အတွက် အစာစားသုံး နေစဉ်နဲ့
အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက်
ကိုယ်အလေးချိန် တိုးလိုသူများ အတွက် အကောင်းဆုံးဖြစ်သလို သရက်သီးမှာ
ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို
ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်
သွေးအားနည်းရောဂါ ဝေဒနာရှင်များအတွက် ကောင်းသလို အရေပြားဆဲလ်များမှာ
ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး
ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက်
ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ
အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး
မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး
ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့တိုက်တွန်းလိုပါတယ်
သရက်သီးဟာ အရသာ ကောင်းမွန်ရုံတင် မဟုတ်ပါဘူး ကျန်းမာရေးကို ကောင်းကျိုး
ပြုနိုင်တဲ့ ဓါတ်တွေလည်း များစွာ ပါဝင် နေပါတယ်။ ဆဲလ်များကို ပျက်စီးစေပြီး
ကင်ဆာ၊ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနဲ့ နှလုံး ရောဂါ စတဲ့
ကျန်းမာရေး ပြဿနာ တွေကို ဖြစ်ပွား လာစေနိုင်တဲ့ ဖရီး ရာဒီကယ် များကို
ထိန်းထားပေး နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင် ပါတယ်။
မျက်နှာမှာ ချွေးပေါက် ပိတ်လို့ ဝက်ခြံတွေ ဖြစ်ပြီး စိတ်ပျက် မနေပါနဲ့။
သရက်သီးကို ခပ်ပါးပါး လေးလှီးပြီး မျက်နှာပေါ် ကပ်ထားပေးပါ။ ဆယ်မိနစ်လောက်
ထားပြီး ရေဆေးလိုက်ပါ။
အစာမကြေ ဖြစ်နေရင်လည်း သရက်သီးလောက် ဘယ်အရာကမှ မထိရောက်ပါဘူး။ သရက်သီးမှာ
ပရိုတင်းတွေကို ဖြိုခွင်းပြီး အစာခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်
တာကြောင့် ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုး ရောဂါကိုလည်း သက်သာ
စေပါတယ်။ သရက်သီးတွင် ပါဝင်သော အစာချေ လွယ်သော အမျှင်ဓါတ်ဟာ သွေးတွင်း
ကိုလက်စထရော ကိုလည်း ကျဆင်း စေပါတယ်။
ကိုယ်အလေးချိန် တက်ချင် နေပါသလား။ နေ့စဉ် သရက်သီးစားပေးပါ။ သရက်သီးမှာ
ကစီဓါတ်လို ကယ်လိုရီများစွာ ပါဝင်တာကြောင့် စားသင့်တဲ့ သစ်သီးတစ်မျိုး
ဖြစ်ပါတယ်။
သရက်သီး စားပေးခြင်းဟာ ကျောက်ကပ် ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျ
စေနိုင်တယ်လို့ လေ့လာမှု တချို့မှာ ဖော်ပြ ထားပါတယ်။ တရုတ်ဆေး ပညာ အရဆိုရင်
သရက်သီးဟာ အချိုဓါတ်၊ အချဉ်ဓါတ်ကို ပေးစွမ်းနိုင်တဲ့ အအေးဓါတ် ရှိတဲ့
သစ်သီးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်း ရောဂါ၊ သွားဖုန်း
သွေးယိုရောဂါ၊ ခေါင်းဆိုး၊ အဖျား တက်ခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊
ပင်လယ် လှိုင်းမူးခြင်း စတဲ့ ဝေဒနာ တွေကို ပျောက်ကင်း စေနိုင်တယ် လို့
ဆိုပါတယ်။
မကြာခဏ ခေါင်းကိုက်တတ်ပါသလား။
ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့
လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊
စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ်
ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့
နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
- တရေးတမောအိပ်လိုက်ပါ။ အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး
အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
- အသက်ပြင်းပြင်းရှုပါ။ အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း
ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။
- နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို
လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။
နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။
- မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို
သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊
ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို
ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
_
Credit ••• IRWD Blog ヅ
Healthy & Knowledge blog

Comments
Post a Comment