" ကမ္ဘာ့ပေါ်တွင် သွားသင့်သော နေရာ ၂၁ နေရာအကြောင်း "

" ကမ္ဘာ့ပေါ်တွင် သွားသင့်သော နေရာ ၂၁ နေရာအကြောင်း "

ကမ္ဘာပေါ်တွင် နှစ်ပေါင်း 12,000 ကျော်လောက်က စတင် တည်ဆောက်ခဲ့တဲ့ အဆောက်အဦးများအကြောင်းကို ဖော်ပြပေးမျာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမဲ့ အဆောက်အဦးတွေကတော့ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးနဲ့ ကမ္ဘာလှည့်ခရီးသည်များသွားရောက်မှု အများဆုံး နေရာတွေလည်း ဖြစ်ပါတယ်။ ဒီအဆောက်အဦးတွေထဲမှာ ဘုရားကျောင်းတွေ၊ ဇာတ်ဝင်ခန်းတွေ ခင်းကျင်း ပြသကြတဲ့ ဇာတ်ရုံတွေ နှင့် သဘာဝအလျောက်ဖြစ်တည်နေတဲ့ အလှတရားတွေနဲ့ ပြိုင်ဆိုင် နေကြတဲ့ အနုပညာပြတိုက် တွေအကြောင်းကို ဖော်ပြပေးမျာဖြစ်ပါတယ်။


၁။  ။ ပထမဆုံးအနေနဲ့ ဖော်ပြပေးမဲ့ အဆောက်အဦးကတော့ UAE နိုင်ငံ ဒူဘိုင်းမှာ တည်ရှိပြီး အမြင့်ပေ 2,717 ပေ မြင့်မားတဲ့ ကမ္ဘာ့အရှည်ဆုံး အဆောက်အဦးအဖြစ် ရပ်တည်နေတဲ့ The Burj Khalifa အဆောက်အဦး ပဲဖြစ်ပါတယ်။

၂။  ။ ဘေကျင်းမြို့ အမျိုးသားဆိုင်ရင် အနုပညာကို ဖော်ထုတ် ဆောင်ရွက်ရန် တည်ဆောက်ထားသော အဆောက်အဦးဖြစ်ပါတယ်။ ဒီအဆောက်အဦးကို အမည်ပြောင်အနေဖြင့် "The Egg" ဆိုပြီး ခေါ်ကြပါတယ်။

၃။  ။ စပိန် နှင့် ဗလင်စီယာ တို့၏ အနုပညာနှင့် သိပံ္ပ ဆိုင်ရင် လုပ်ဆောင်ချက်များ၊ ငါးပြတိုက်များ ၊ ဇာတ်ရုံအဖြစ်လည်းကောင်း အားလုံးကို ဒီအဆောက်အဦး တစ်ခုတည်းမှာတင် ပြသ ကြသည့်အတွက် IMAX ပြတိုက် all in one ဟု အမည်တွင်နေပါတယ်။

၎။  ။ လန်ဒန်မြို့၏ အလယ်တွင်တည်ရှိသော ဧသြဖွယ်ရာကောင်းလောက်တဲ့ ဗိသုကာ ပညာဖန်တီးရှင် Christopher Wren က ဒီဇိုင်း ရေးဆွဲပေးထားခြင်းဖြစ်ပြီး 1708 ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တဲ့ အဆောက်အဦး ကြီးလည်း ဖြစ်ပါတယ်။ ဒီအဆောက်အဦးကိုတော့ St Paul's ဘုရားရှိခိုးကျောင်း လို့ အမည်ပေးထားပါတယ်။

၅။  ။ 1561 ခုနှစ်မှာ စတင် တည်ဆောက်ပြီးဆီးခဲ့တဲ့ ဒီအဆောက်အဦးဟာ St. Basil's ဘုရားရှိခိုးကျောင်းအဖြစ် မော်စကို မှာ တည်ရှိနေတာဖြစ်ပြီး အခုအချိန်မှာတော့ ရုရှားနိုင်ငံ အမျိုးသား အဆောက်အဦး အဖြစ် သတ်မှတ်ခြင်းခံနေရပြီ ပဲဖြစ်ပါတယ်။

၆။  ။ မင်းဧကရာဇ် အုပ်ချုပ်မှု နောက်ပိုင်းမှ 1931 ခုနှစ် နောက်ပိုင်းမှ စတင် ဖွင့်လှစ်ခဲ့တဲ့ ဒီအဆောက်အဦးဟာ နှစ်လေးဆယ်နီးပါးတစ်လျှောက်လုံး ကမ္ဘာ့အရှည်ဆုံး အဆောက်အဦး အဖြစ် တည်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိလည်း ကောင်းကင်ထဲတွင် ဆွဲဆောင်မှု အကောင်းဆုံး အဆောက်အဦး အဖြစ် တည်ရှိနေဆဲပင်ဖြစ်ပါတယ်။

၇။  ။ အစ္စတန်ဘူမှာ တည်ရှိတဲ့ Siileymaniye ဗလီကျောင်းဟာ တူရကီ ဘုရင် ဧကရာဇ်မှ ကြီးမှူး တည်ဆောက်ခဲ့တဲ့ အဆောက်အဦး ဖြစ်ပြီး ကြီးကျယ် အခန်းနား Siileyman ဟု အမည် ပေးခဲ့ပါတယ်။

၈။  ။ Frank Lloyd Wright's အဆောက်အဦးကတော့ ရေတံခွန်ကို မှီတင်း၍ တည်ဆောက်ထားပြီး Stewart မြို့နယ်ရှိ ရေတံခွန်ကိုလာရောက်လည်ပတ်ကြတဲ့ အပန်းဖြေသူတွေအတွက် ထူးခြားလှသည့် အဆောက်အဦးအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

၉။  ။ ဘာစီလိုနာမှာမြို့မှာ ရှိတဲ့ la Sagrada Família အဆောက်အဦးကြီးကိုတော့ 1822 ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအဆောက်အဦးဟာ လည်း စိတ်ကူး အိပ်မက် ဆန်ဆန်  အံ့သြဖွယ်ရာ ဘုရားရှိခိုးကျောင်းကြီး တစ်ကျောင်းအဖြစ် ဆက်လက် တည်ရှိနေခြင်းဖြစ်ပါတယ်။

၁၀။  ။ Prague မှာတည်ရှိတဲ့ ကပွဲရုံကြီးကို မူလ ပထမကတော့ 'Fred and Ginger' လို့ ခေါ်ဝေါ်ကြပြီး ယခုအခါမှာတော့ Fred Astaire and Ginger Rogers ကပွဲခန်းမလို့ ခေါ်ဝေါ်ကြပြပါတယ်။

၁၁။  ။ ဂျပန်နိုင်ငံ Kyoto မြို့မှာရှိတဲ့ ရွေဘုရားကျောင်းတော်ကြီးနဲ့ 'Muromachi' ပန်းခြံကြီးတို့ ပတ်လည် ၀န်းရံနေတဲ့ ကြားမှာ အံ့သြဖွယ်ရာ စည်းချက်ညီစွာ လှပနေတဲ့ အဆောက်အဦးကြီးဖြစ်ပါတယ်။

၁၂။  ။ သြစတေးလျ နိုင်ငံ Vienna မှာတည်ရှိတဲ့ Hundertwasser အဆောက်အဦး ကြီးဟာ မျိုးဆက်သစ် ဆံပင်ရှည်ပြီး ထုံးစံ မဟုတ်သော အ၀တ်အစားများကို ၀န်ဆင်တဲ့ လူမျိုးများက ဒီဇိုင်း ရေးစွဲထားခြင်း ဖြစ်ပြီး သူတို့ရဲ့အမည်ကတော့ Friedensreich Regentag Dunkelbunt Hundertwasser ကို အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်ပါတယ်။

၁၃။  ။ ဒီအဆောက်အဦးကို ဘေကျင်းမှာ နေထိုင်ကြတဲ့ လူတိုင်းဟာ ဘေကျင်း CCTV ဌာနချုပ်ကြီးအဖြစ် အမည်ပေးထားပါတယ်။ နာမည်ကတော့ "big boxer shorts" ဟု ခေါ်ပါတယ်။

၁၄။  ။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေပေါင်း 10,000 ကျော်ရှိပြီး Bhutan မှာ တည်ဆောက်ထားတဲ့  ဒီအဆောက်အဦးကို  Tiger Nest Monastery ဟု အမည်ပေး ခေါဝေါ်ကြပါတယ်။

၁၅။  ။ Rio de Janeiro တည်ဆောက်ထားတဲ့ ပြတိုက်အဆောက်အဦးကြီးဖြစ်ပါတယ်။ ဒီအဆောက်အဦးကနေ အာကာသ ယာဉ်တွေကို ကြည့်ရှုနိုင်တယ်လို့လည်း ဆိုကြပါတယ်။

၁၆။  ။ ဟိန္ဒူဝါဒမှ ဖြစ်လာသည့် ဘာသာရေးကို လက်ခံ ကျင့်သုံးကြသည့် ၀ါဒီသမားများရဲ့ အယူအဆ အရ  ဒီဘုရားကျောင်းတော်ကြီးဟာ အိန္ဒိယနိုင်ငံ Amritsar ရဲ့ မြို့လယ်ခေါင်မှာ တည်ရှိနေတဲ့ ဘုရားကျောင်းကြီး တစ်ကျောင်းလည်း ဖြစ်ပါတယ်။

၁၇။  ။ ကမ္ဘာ့အကြီးဆုံး ရွံ့ဖြင့် ပြုလုပ်ထားတဲ့ အဆောက်အဦးကြီးဖြစ်ပြီး Mali , Djenne ရဲ့ အကြီးဆုံး ဗလီ ၀တ်ပြု ကျောင်းကြီး အဖြစ် တည်ရှိနေတဲ့ ကျောင်းကြီး တစ်ကျောင်းဖြစ်ပါတယ်။

၁၈။  ။ လက်ရှိမျက်မှောက်ခေတ် ယဉ်ကျေးမှု အမွေအနှစ်နဲ့ ကိုက်ညီတဲ့ ဒီဆောက်အဦးကြီးကို Mies van der Rohe မှ ဒီဇိုင်းရေးဆွဲထားပြီး Plano အနီး တည်ရှိပြီး အမည်ကိုတော့ Farnsworth အဆောက်အဦးအဖြစ် အမည်ပေးထားပါတယ်။

၁၉။  ။ မညီမညာ ကြမ်းတမ်းနေသေးသော်လည်း လှပခြင်းများနဲ့ ပြည့်စုံတဲ့ ပန်းချီပညာရှင် St. Michel မှရေးဆွဲထားပြီး  Normandy မှာတည်ဆောက် ခဲ့တဲ့ အဆောက်အဦး ကြီး တစ်ခုဖြစ်ပါတယ်။

၂၀။  ။ 1893 ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး Los Angeles မှာ တည်ရှိတဲ့ ကမ္ဘာ့ အကြာရှည်ဆုံး နယ်နိမိတ် စည်းမျဉ်းအဖြစ် အသိမှတ်ပြုခြင်း ခံထားရတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဒီအဆောက်ဦးကိုတော့ The Bradbury အဆောက်အဦး လို့ ခေါ်ပါတယ်။

၂၁။  ။ ဘီစီ 2560-2540 ခန့်မှာ အီဂျစ်ပညာရှင်များက တည်ဆောက်ခဲ့ကြတဲ့ အဆောက်အဦးကြီးဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ အကြီးဆုံး ပိရမစ်ကြီး အဖြစ် Giza မြို့အလယ်မှာ အီဂျစ် တိုင်းပြည် အုပ်ချုပ်သူတွေက တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုချိန်မှာတော့ အကြီး ဆုံး အဆောက်အဦး အဖြစ် ရပ်တည်နေခြင်းဖြစ်ပါတယ်။

အထက်ဖော်ပြပါ နေရာတွေကတော့ ကမ္ဘာ့ အံ့သြဖွယ်ရာ အကောင်းဆုံးနဲ့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်အသင့်ဆုံး နေရာ ၂၁ နေရာအဖြစ် စုစည်း တင်ပြပေးလိုက်ရပါတယ်။
:

-
Credit .... (www.ict.com.mm)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း