ထောပတ်အကြောင်း
ထောပတ်အကြောင်း
ထောပတ်ဟာ သာမန်ဟင်းလျာလေးကို လက်ရာမြောက်ဟင်းပွဲလေး အဖြစ်
ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ် ။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတော့ ၀ဖြိုးခြင်း တို့ ၊ နှလုံးရောဂါ တို့ အတွက်
ထောပတ်ဟာတရားခံဖြစ်နေခဲ့ပါတယ် ။
ယခုတော့ ထောပတ်ဟာ ကျန်းမာစေသောအစာ စာရင်းဝင် ဖြစ်လာပါပြီ ။
ထောပတ်ကို စားသုံးဘို့ ထောက်ခံတဲ့ အချက်တွေ ရှိပါတယ် ။
ထောပတ်မှာ တဲ့
၁ ။ ဗိုက်တာမင် A , E , K2 တို့ အများအပြား ပါဝင်ပါတယ် ။
ဗိုက်တာမင် A , E တို့ဟာ ဓါတ်တိုးခြင်းကာကွယ်တတ်တဲ့ သဘာဝ ရှိတာမို့
အသားအရေ ၊ မျက်စိ ၊ နှလုံးသွေးကြော တို့အတွက် အလွန်ကောင်းမွန်ပါတယ် ။
ဗိုက်တာမင် K2 ဟာ လဲ နှလုံး သွေးကြောရောဂါ ၊ အရိုးပွရောဂါ ၊ ကင်ဆာရောဂါ
တို့ ကို ကာကွယ်နိုင်ပါတယ် ။
၂ ။ manganese, chromium, zinc, copper and selenium စတဲ့ သတ္တု
ဓါတ်တွေပါရှိပါတယ် ။ ၎င်းတို့ဟာ အဖိုးတန် ဓါတ်တိုး ကာကွယ် ပစ္စည်းတွေပါ ။
ရင့်ရော်မှုတွေကို တားဆီးပေးပါတယ် ။
၃ ။ omega-3 and omega-6 fats တို့ လဲ ပါဝင်ပါတယ် ။
၎င်းတိုပဟာ ဦးနှောက်အာရုံကြော အတွက် ရော အရေပြား ကျန်းမာရေး
အတွက်ရော ကောင်းပါတယ် ။
၃ ။ ထောပတ်မှာ ပြည့်ဝဆီ ( Saturated fats ) ပါဝင်ပါတယ် ။ မကြာသေးမီ
က လေ့လာမှုများအရ ပြည့်ဝဆီ နှင့် နှလုံးသွေးကြောရောဂါ တို့ ဆက်ဆပ်မှု သိပ်
မရှိဘူး လို့ ဆိုပါတယ် ၊ နောက်ပြီး ဒီ ပြည့်ဝဆီဟာ HDL ( good cholestrol )
ကို မြှင့်တင်ပေးသလို ၊ LDL ( very bad cholestrol ) ကို အသုံးကျတဲ့ LDL
သို့ ပြောင်းပေးနိုင်တယ် လို့ ဆိုပါတယ် ။
ဒါကြောင့် ထောပတ်ဟာ နှလုံးသွေးကြောရောဂါ မဖြစ်စေဘူးလို့ ပြောပါတယ် ။
( Bottom Line: New studies show that there is no association between saturated fat and heart disease. Butter contains short- and medium chain fats.)
၎ ။ ထောပတ်မှာ ( The Fatty Acid Butyrate ) များပါရှိပါတယ် ။
၎င်း ဗြူထရိတ်များဟာ အစာလမ်းကြောင်းကို ကောင်းမွန်စေပါတယ် ။
၅ ။ ထောပတ်မှာ ( Conjugated Linoleic Acid ) ပါရှိပါတယ် ။
၎င်း CLA ကွန်ဂျူဂိတ်တက် လီနိုလီရစ် အက်ဆစ် ဟာ ဇီဝကမ္မဖြစ်စဉ်ပေါ်မှာ
သက်ရောက်မှုရှိတဲ့အတွက် အဆီကိုလျော့ကျစေသလို ၊ ကင်ဆာကိုလဲ ကာကွယ်
နိုင်စွမ်းရှိပါတယ် ။
၆ ။ တွေ့ ရှိချက်များအရကတော့ ထောပတ်က ၀ဖြိုးခြင်း မဖြစ်စေပါဘူးတဲ့ ။
၇ ။ ထောပတ်မှာ Wulzen Factor ဆိုတာ ပါပါတယ် ။ ၎င်းဟာ အဆစ်အမြစ်
တောင့်တင်းကိုက်ခဲခြင်း အတွက် ကောင်းပါတယ် ။
၈ ။ နောက်ဆုံးတချက်ကတော့ ထောပတ်က အရသာရှိတာပါဘဲ ။
...
ဒါတွေဟာ ထောပတ်ရဲ့ ကောင်းကျိုးတွေဖြစ်ပါတယ် ။
ဒီလိုကောင်းကျိုးတွေပါဘို့ က ထောပတ်ချက်ရာမှာ အသုံးပြုတဲ့ နွားနို့
ပေါ် မူတည်ပါတယ် ။ နွားနို့ ဟာ သဘာဝမြက်တို့ ၊ ပဲတို့ ကျွေးမွေးထားတဲ့
နွားမများဆီက ရရမှာဖြစ်ပါတယ် ။
ပြုပြင်ထားတဲ့ အစာများကျွေးမွေးထားတဲ့ နွားမများထံမှ နို့ နဲ့ ဆိုရင်
ထောပတ်ဟာ ပြောသလောက်ကောင်းမှာ မဟုတ်ဘူးတဲ့ ။
ဒီတိုင်းပြည် အနေနဲ့ ကတော့ အစိုးရရဲ့ အထိန်းအကွပ်လဲ မရှိ
ကုန်သည်တွေကလဲ ၀ိသမလောဘသားတွေချည်းဘဲ ဆိုတော့
အမျိုးကောင်း ထောပတ်တော့ တွေ့ ရဘို့ မလွယ်ပါဘူး
ဒီတော့ ရတာလေးဘဲ သတိထား စားကြတာပေါ့လေ ။
...
ဒေါက်တာမြင့်သိန်း
၁၁ သြဂုတ် ၂၀၁၄
(#credit_Dr_Myint_Thein)

Comments
Post a Comment