" ရဟန်းတို့သည် တရားသဖြင့် မိမိပိုင်သောပစ္စည်းကို အောက်ပါပုဂ္ဂိုလ်များအား လှူနိုင်ပေးနိုင်ပါသလား "

" ရဟန်းတို့သည် တရားသဖြင့် မိမိပိုင်သောပစ္စည်းကို
အောက်ပါပုဂ္ဂိုလ်များအား လှူနိုင်ပေးနိုင်ပါသလား "

(က)ကျောင်းတိုက်ရှိသံဃာအားလုံး။
(ခ) မိမိလိုလားသောရဟန်းသာမဏေတစ်ပါး။
(ဂ) ကျောင်းသား(ကပ္ပိယ၊ ဝေယျာဝစ္စပြုသူ)
(ဃ) မိဘ ဆွေမျိုး။
(င) လူ့ဘ၀ ဇနီး သားသမီး။
(စ) ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမ။
(ဆ) ပစ္စည်းလေးပါ ဒါယကာ ဒါယိကာမ မဟုတ်သူ
လူအများ။
အဖြေ။ ။ ကျောင်းတိုက်ရှိသံဃာအားလုံး၊ မိမိလိုလား
သောရဟန်းသာမဏေတစ်ပါးကို လှူဒါန်းနိုင်ပါ၏။
ကျောင်းသား(ကပ္ပိယ၊ ဝေယျာဝစ္စပြုသူတို့အားလည်း
ပေးကောင်း၏။ သို့သော်လူတို့ကလှူထားသောပစ္စည်း
ကို ခဏမျှဖြစ်စေ၊ နည်းနည်းဖြစ်စေမိမိသုံးပြီးမှပေး
ကောင်း၏။ မိဘ ဆွေမျိုးတွင် မိဘကိုပေးကောင်း၏။
ဆွေမျိုးကိုကားအကြောင်းထူးမရှိဘဲ မပေးကောင်း
အကြောင်းရှိ၍တောင်းလာလျှင် တစ်စုံတစ်ခုကိုစေခိုင်း
ပြီးမှ ဝေယျာဝစ္စလုပ်သူအနေဖြင့် နည်းနည်းပါးပါးပေး
ရသည်။ သူတို့မှာ ၀တ်ဖို့စားဖို့ အရင်းအနှီးလုပ်ဖို့ကား
မပေးရ။ လူ့ဘ၀ကဇနီးမှာ ပစ္စည်းလေးပါးဖိတ်ထား
လျှင် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမဖြစ်၍
မဖိတ်လျှင် ပစ္စည်းလေးပါ ဒါယကာ ဒါယိကာမ
မဟုတ်သူ လူအများစာရင်းတွင်ပါဝင်သွား၏။
ဒကာဒကာမတို့အားလည်း အကြောင်းထူးမရှိလျှင်
မပေးကောင်း တောင်းလာလျှင်ဝေယျာဝစ္စအလုပ်
ခိုင်း၍ သစ်သီးသစ်ရွက်စသည် နည်းနည်းပါးပါး
ကို ပေးကောင်း၏။
မှတ်ဖွယ်
ဤနေရာ၌ ရဟန်းသာမဏေတို့က (က) တောင်းသာ
တောင်းကောင်း မပေးကောင်း (ခ) ပေးသာပေး
ကောင်မတောင်းကောင်း (ဂ)တောင်းလည်း
တောင်းကောင်း ပေးလည်းပေးကောင်း၊ (ဃ)
မတောင်းလည်းမတောင်းကောင်း မပေးလည်း
မပေးကောင်းသော လူဝတ်ကြောင်လေးမျိုးကို
မှတ်သားထိုက်၏။ ထိုတွင်
(က) တပည့်တော်ထံ မည်သည့်ပစ္စည်းကို
(သို့မဟုတ်) ပစ္စည်းလေးပါးကို အလိုရှိသော
အခါ တောင်းတော်မူပါဟု ဖိတ်မာန်ထားသူကို
ပ၀ါရိတဟု ခေါ်၏။ ထိုပ၀ါရိတနှင့် မိဘတစ်ပါး
ဆွေခုနှစ်ဆက်စပ်ရသော ဥာတိတို့အထံ၌
တောင်းသာတောင်းကောင်း၏။ မိမိပိုင်ပစ္စည်း
ကိုကား မပေးကောင်း။ သွေးမစပ်သော
သားမက်၊ ချွေးမ၊ မယားတို့သည် ဆွေမျိုးများ
မဟုတ်ကြ။
(ခ) ကိုးကွယ်ရာမဲ့၍ ဆင်းရဲနေသူ (သို့မဟုတ်
သူတောင်းစား) စစ်ရှုံး၍ကျောင်းသို့ပြေးဝင်
လာသော အစိုးရ၊ ရိက္ခာမပါသော ခရီးသွား
ဧည့်သည် ဤသို့သောလူဝတ်ကြောင်တို့အား
ပေးသာပေးကောင်း၍ မတောင်းကောင်း။
(ဂ) မိဘတို့အား ပေးလည်းပေးကောင်း၏
တောင်းလည်းတောင်းကောင်း၏။
(ဃ) ဥာတိပ၀ါရိတမဟုတ်သောလူတို့အား
လည်း မတောင်းကောင်း၊ ပေးလည်းမပေး
ကောင်း သူတို့ပိုင်ပြီးသောရေကိုသော်မျှ
မတောင်းကောင်း၊ သူတို့အထံမှပစ္စည်း
တစ်စုံတစ်ခုကို အလိုရှိလျှင်ဆွမ်းရပ်သလို
ရပ်၍ဖြစ်စေ၊ မိမိ၌ရှိသောပစ္စည်းဖြင့်လူဝတ်
ကြောင်တစ်ယောက်ကိုအလဲခိုင်း၍ဖြစ်စေ
ယူရသည်။
မှတ်ချက်။ ။ အချို့ပုဂ္ဂိုလ်များက ဥာတိ
ပ၀ါရိတမဟုတ်သူအထံ မိမိအတွက်သာ
မတောင်းကောင်း သူများအတွက်ကား
တောင်းကောင်း၏ဟု ယူဆ၍ မြို့ကြီးများ
၍ အခြားရဟန်းတစ်ပါးအတွက်ရဟန်း
တစ်ပါးက ဆွမ်း(ဆွမ်းဟင်း)လောင်းဖို့
ရန် ဖိတ်ကြ(တိုက်တွန်းကြ)၏။ ရှင်ဒကာ
ခံလိုက်ပါ။ ရဟန်းဒကာလုပ်ပါဟုတိုက်
တွန်းကြ၏။ ထိုကဲ့သို့လည်းတိုက်တွန်း
ကောင်းပါ၏။ ထိုသို့တိုက်တွန်းမှုကြောင့်
အာပတ်သင့်၍ ပစ္စည်းကိုရသောအခါ
ပစ္စည်းရှင်နှင့်တကွရဟန်းအားလုံး
(သာမဏေများပါ) မသုံးထိုက်၊ သုံးတိုင်း
သုံးတိုင်း အာပတ်သင့်၏။

(အရှင်ဇနကာဘိဝံသ၏
ဘာသာရေးပြဿနာများနှင့်
စစ်တပ်တရားတော်မှ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း