ဖရဲသီး ဆေးဖက်ဝင်ပုံ

' ဖရဲသီး ဆေးဖက်ဝင်ပုံ
'

ချိုအေးသော အရသာလဲရှိသော ဖရဲသီးသည် သွားရည်စာအဖြစ်မျှသာမကမူ၍ ဘီတာကာရိုတင်း ၊ ဗီတာမင် B ၊ ဗတာမင် C ၊ ကယ်လစီယံ ၊ ဖော့စဖရပ် ၊ မဂ္ဂနီစီယံ ၊ ပိုတက်စီယံ ၊ အိုင်အိုဒင်း ၊ မန်းဂနိ တို့ ပါရှိသဖြင့် ဆေးဖက်လဲ ၀င်ပါသည် ။

သွေးတိုးကျစေသည် ၊ ဖောရောင်ခြင်းလျော့စေသည် ၊ အရေပြားမှိုရောဂါ ပျောက်သည် စသဖြင့် အစွမ်းများရှိပါသည် ။

ဖရဲစေ့ သည် သွေးကြောများကျယ်စေသဖြင့် သွေးတိုးကျစေသည် ၊ ကျောက်ကပ်သန့် စင်စေသည် ။

...

အစွမ်းသတ္တိများ
***************
...

Kidney cleansing ( ကျောက်ကပ် သန့် စင်စေခြင်း )
တနေကုန် တခြားအစာမစားဘဲ ၊ ဖရဲသီးကို အတုံးလေးများ တုံးထာပြီး ၊ ၁၅ မိနစ်တခါ စားသုံးပေးရပါသည် ။ ကျောက်တည်ခြင်း ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ အတွက်ကောင်းမွန်ပါသည် ။ ဖရဲသီးက ဆီးရွှင်စေသဖြင့် ဖောရောင်ခြင်းလျော့ကျ စေပါသည် ။
ထောင်းချေ ထားသော ဖရဲစေ့ လက်ဘက်ရည် တဇွန်းစာ ကို ကျက်ကျက်ဆူ ရေနွေးမတ်ခွက်ငယ် တလုံးစာ လောင်းထဲ့ ၊ အအေးခံထား ။ တနေ့  ၃ခွက် သောက်ပေးပါကကျောက်ကြေ စေပါသည် ။

...
Liver cleansing ( အသဲ သန့် စင်စေခြင်း )

ဖရဲသီးဖျော်ရေ တနေ့ ၃ခွက် သောက်ပေးပါက အမိုနီးယားဓါတ်ကိုခြေဖျက်၍ ယူရိယားအဖြစ် စွန့် ထုတ်ပစ်သည့် အသဲလုပ်ငန်းကို အကူအညီပေးပါသည် ။

...
Skin fungi ( အရေပြား မှို ။ ဥပမာ .. ပွေး ၊ ၀ဲနှင်းခူ ၊ ဒက် ၊ ဂျွတ် )တို့ကို ဖရဲခွံ ဖြင့် ပွတ်တိုက် ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည် ။

...

Skin pimples ( ၀က်ခြံ ) ကိုလဲ ဖရဲခွံ ဖြင့် ပွတ်တိုက် ပေးခြင်းဖြင့်ပျောက်ကင်းစေပါသည် ။

...
Edema ( ဖောခြင်း ) ဖရဲရေ တနေ့ ၃ ခွက်သောက်သုံး ပါက ဆီးရွှင်၍ အဖောကျ စေပါသည် ။

...

Constipation ( ၀မ်းချုပ်ခြင်း ) ကိုလဲ ဖရဲသီး စားသုံးခြင်းဖြင့် ကုသနိုင်ပါသည် ။
ဖရဲသီး တွင် အရည် နှင့် ဖိုင်ဘာ ကြွယ်ဝသဖြင့် အူများကို ရှင်းလင်းစေပြီးဝမ်းသွားခြင်း လွယ်ကူစေပါသည် ။

...

ဖရဲသီးတွင်  L-citrulline အမိုင်နိုအက်ဆစ်က သွေးလှည့်ပတ်မှု ကောင်းစေသဖြင့် သွေးတိုးခြင်းလျော့ကျစေပါသည် ။

...

Gout ( ဂေါက် ရောဂါ ) ကိုလဲ uric acid စွန့် ပစ်ခြင်း ကို ကူညီပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည် ။

...

Diabetes ( ဆီးချိုရောဂါ ) ရှိသူများ ဖရဲသီး စားသုံးပေးပါက ၊ ဖရဲသီးတွင် အရည် နှင့်သဘာဝ အချိုဓါတ် ပြည့်ဝသောကြောင့် အဟာရ လဲဖြစ် တင်းတိမ်မှုလဲ ဖြစ်စေပါသည် ။

...

Heartburn ( ရင်ပူခြင်းဝေဒနာ ) ရှိသူများလဲ ဖရဲသီးစိတ် ၄စိတ် မှ ၆ စိတ် ထိ စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည် ။

...

ဒေါက်တာမြင့်သိန်း
၂၇ မေ ၂၀၁၄

#credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ