' ပထမသင်္ဂါယနာခြင်း '

' ပထမသင်္ဂါယနာခြင်း '

အရှင်မဟာ ကဿမမဟာထေရ်သည် သံဃာတော်အာလုံး၏ တာဝန်ပေးချက်အရ သင်္ဂါယနာ ၀န်ဆောင် အဖြစ် ဗုဒ္ဓသာဝကတို့တွင်
အဆင့်အမြင့် ရဟန္တာပုဂ္ဂိုလ် တို့အား အများသံဃာတော်များရဲ့ ဆန္ဒသဘောထားများ အတိုင်း ၀န်ဆောင်သံဃာတော်တို့အား
မူများချမှတ်တော်မူပါတယ် ။သံင်္ဂါယနာ ၀န်ဆောင် ရဟန်းတို့သည်၊

(၁)- ရဟန္တာ အရှင်သူမြတ်များသာ ဖြစ်ရမည်။

(၂)-ပိဋကတ် သုံးပုံဆောင် ဗုဒ္ဓ ၀စန များကို ဆောင်ထားနိုင်သူများဖြစ်ရမည်။

(၃)-ဆဠာဘိညာ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာများသာဖြစ်ရမည်။ဟူသော မူဝါဒတို့ကို ချမှတ်ပြီး သံဃာတော် အားလုံးရဲ့ သဘောထား ဆန္ဒအတိုင်း

သံဂါင်္ယနာတင်ဝန်ဆောင်သံဃာတော်တို့အားရွေးချယ်တင်မြောက်သောမူပါတယ်။အရှင်မဟာကဿပ မဟာထေရ်သည် မူဝါဒ
အရည်အချင်းနဲ့ ကိုက်ညီတော်မူကြသော ရဟန္တာ မထောရ်မြတ် (၄၉၉)ပါး ရွေးချယ်တော် မူခဲ့ပြီး ၊ အရှင်အာနန္ဒာအား သောတာပန်
အဆင့်ဘဲ ရှိသေးသောကြောင့် ပါဝင်ရန် ရည်ရွယ်ထားပေမဲ့လည်း မူဝါဒ နှင့် မကိုက်ညီသည့်အတွက် ရွေးချယ်ခြင်း မပြုခဲ့ချေ၊ ထိုအခါအခြားသော သံဃာတော် တို့က အရှင်အာနန္ဒာသည် သေက္ခပုဂ္ဂိုလ် ဖြစ်သော်ညားလည်း
ဓမ္မဘဏ္ဍာစိုးကြီးဖြစ်တော်မူကြောင်း၊ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ကို ဘုရားရှင် ထံတော်မှ
သင်ကြား၍ နှုတ်တွင်ဆောင်ထားနိုင်သူဖြစ်ပြီး၊မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လက်ရင်းသာဝကကြီး အရှင်အာနန္ဒကို ချန်လှပ်ပြီး
င်္ဂါတင်ဘို့ရန် မသင့်လျှော်ပါကြောင်း လျှောက်ထားကြသဖြင့် သံဃာတော်အများ၏သဘောထားဆန္ဒအတိုင်းအရှင်အာနန္ဒာအား ရွေးချယ်တော်မူခဲ့ပါတယ်။အရှင်အာနန္ဒာကို ရွေးချယ်လိုက်သောကြောင့်သဂါင်္ယနာတင်ရန်သံဃာတော်အပါး(၅၀၀)ပြည့်သွားပါတော့တယ်။ထို သံဃာတော်များ၏ရွေးချယ်တင်မြောက်ပုံကို နောင်အစည်းအဝေးတို့ အတွက်
အတုယူသင့်လှပါသည်။ ထို့ကြောင့် ပညာရှင်များက ဒီမိုကရေစီအစ ဗုဒ္ဓသာသနာတော်က ဟုင်စားပြောဆိုကြပါတယ်။

အရှင်အာနန္ဒာသည် မိမိအား သင်္ဂါယနာ ၀န်ဆောင်အဖြစ် ရွေးချယ်ပြီးနော် ရဟန္တာ အဖြစ်ဖြင့် သင်္ဂါယနာတင်ပွဲဝင်ရန် တရားဓမ္မကို အားထုပ်လေရာ သင်္ဂါယနာတင်ပွဲ မတိုင်မှီ ရဟန္တာဖြစ်သွားလေသည်။သင်္ဂါယနာဝန်ဆောင် သံဃာတော် အပါး(၅၀၀)ကို ရွေးချယ်တော်မူပြီးနော် သင်္ဂါတင်ရန် နေရာဌာန အား ရာဇဂြိုလ်ပြည်ကိုသတ်မှတ်ပြီး။ သင်္ဂါယနာတင်တော်မူကြမည်
သံဃာတော်အအရှင်မြတ်တို့အား ရာဇဂြိုလ်ပြည်တွင်ဝါကပ်စေ၍ အခြားသော သံဃာတော်တို့အား တခြားသော မြို့ရွာ တွင် ၀ါဆို
ဝါကပ်တော်မူစေ၏။သင်္ဂါယနာ ၀န်ဆောင် သံဃာတော်တို့သည် ရာဇဂြိုလ်ပြည်တွင် ၀ါကပ်တော်မူပြီး အဇာတသတ် မင်းအား
ပစ္စည်းလေးပါး ဒါယကအဖြစ် ပြုလုပ်၍ အာဏာစက်ဖြင့် ကူညီရန်မိန့်ကြားတော်မူ၏၊ အဇာသတတ် မင်းသည် ၀မ်းမြောက် ၀မ်းသာ
လက်ခံပြီး သင်္ဂါယနာတင်မည့် ဝေဘာရတောင် စရည်းပင်ရှိရာ သတ္တပဏ္ဏ လှိုင်ဂူဝတွင် ကြီးကျယ် ခန်းနားသော
မဏ္ဍပ်ကြီး ဆောက်လုပ်လှုဒါန်းပြီး တခြားသော ပစ္စည်းလေးပါကို လှုဒါန်းထောက်ပန့်တော်မူပါတယ်။

အရှင်မဟာကဿမအမှုရှိသောသံဃာတော်အပါး(၅၀၀)တို့သည်၊ဘုရားရှင် ပရိနဗ္ဗာန်စံတော်မူပြီး ၃-လအကြာ မဟာသက္ကရာဇ် ၁၄၈-ခု၊ ၀ါခေခါင်လပြည့် နေ့တွင်စတင်၍၇-လတိုင်တိုင် သင်္ဂါယနာ တင်ပွဲ ကျင်းပတော်မူကြပါတယ်။ပထမသင်္ဂါယနာကို ရဟန္တာ မထေရ်မြတ်တို့ချည်းသာတင်တော်မူခဲ့ကြသဖြင့် ထေရိကာသင်္ဂါယနာဟုလည်းခေါ်တွင်ပါတယ်။

ပထမ သင်္ဂါယနာ တင်ပွဲကြီးတွင် သံဃဦးဆောင် ရဟန္တာ မထေရ်မြတ်ကြီး (၅၀၀)တို့က တညီတညွတ်ထည်း သသဘောတူ
လက်ခံတော်မူကြသော အခြေခံ မူကြီး-၃-ရပ်ကို ချမှတ်တော်မူခဲ့ပါတယ်။

(၁) သံဃော အပ္ပညတ္တံ နပ္ပညသေသိ-
ဘုရားရှင် ကိုယ်တော်မြတ် မဟောကြားတော် မူခဲ့သော မပညတ်တော်မူတဲ့ တရားတွေကို အသစ်ထပ်မံပြီး အထည့်ကြပါကုန်စို့နဲ့။

(၂) ပညတ္တံ န သမုစ္ဆိန္ဒတိ-
ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ ပညတ်တော် မူခဲ့သော တရားတော်တို့ကို ပယ်နုတ်ခြင်း ဖြုတ်ပယ်ခြင်းမပြုလုပ်ကြ ပါကုန်စို့နဲ့။

(၃)ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ၀တ္တတိ-
ဘုရားရှင် ပညတ်တော်မူခဲ့သော သိက္ခာပုဒ်(စည်းကမ်း ဥပဒေ )များအတိုင်း ပြင်ဆင်ခြင်း ပယ်နှုပ်ခြင်းမရှိဘဲ ရိုသေစွာ လိုက်နာ ကျင်ကြံ
ကြပါကုန်စို့။

အထက်ပါ မူကြီး ၃-ချက် အတိုင်း ဘုရားဟောတော်မူခဲ့သော တရားတော်တို့ကို “မူရင်းအတိုင်း ဖြည့်စွက်ခြင်း ၊ ထုပ်ပယ်ခြင်း၊ လုံးဝ
မပြုဘဲ ဘုရားရှင်ဟောကြားတော်မူခဲ့တိုင်းအတိုင်း မူရင်ကျကျ လိုက်နာ ကျင်သုံးကြကုန်သော ၀ါဒကို ထေရ၀ါဒ’’ ဟုခေါ်ပါသည်။ယခု
သာသနာတော် နှစ် ၂၅၀၀ ကျော် ၃၀၀၀ နီးပါတိုင်တိုင် ဘုရားရှင်၏ တရားတော်တို့ကို မူရင်းကျကျ လိုက်နာ ကျင့်သုံနေရသည်မှာ
အဆက်ဆက်သောသံဃာတော်အရှင်တို့၏ ကျေးဇူးကြောင့်ပင်ဖြစ်ပေသည်။

သင်္ဂါယနာ ပွဲတွင် ပထမသင်္ဂီတိ နာယက ပုစ္ဆာက (အမေးပုဂ္ဂိုလ်) အဖြစ်အရှင်မဟာကဿပ မဟာထေရ်မှ ဆောင်ရွက်တော်မူ၍
၊၀ိသဇ္ဇက(အဖြေပုဂ္ဂိုလ်)အဖြစ် ၀ိနည်း ပိဋကတ်ကို ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိက ဆောင်ရွက်တော်မူပြီ၊ သုတ္တန် နှင့် အဘိဓမ္မာပိုဋကတ်ကို
အရှင် အာနန္ဒာမထေရ်မြတ်တို့မှ ပထမင်္ဂီတိ ၀ိသဇ္ဇက အဖြစ် ဆောင်ရွက်တော်မူပါတတယ်။ အရှင်အာနန္ဒာသည် ပိဋကတ်တော် အားလုံးကိုဘုရားရှင်ကိုယ်တော်မှောက်ထံမှ မျက်ကွယ်မရှိ ကြားနာခဲ့ပါသော်လည်၊ရှင်ဥပါလိမှာ ၀ိနည်းအရာ၌ ဧတဒဂ်
ရရှိထားတော်မူသောကြောင့် လေးစားသောအားဖြင့် ရှင်ဥပါလိကို ၀ိနယ၀ိသဇ္ဇက အဖြစ် ဆောင်ရွက်စေခြင်းဖြစ်သည်။

ဝိနည်းပိဋကတ်ကို အရှင်မဟာကဿပမထေရ်သည် ၀ိနည်းသိက္ခာပုဒ်တော် တခုစီဖြစ်ပေါ်လာပုံ
အကြောင်းအရာအတ္ထုပ္ပတ်နိဒါန်းကိုလည်းကောင်း၊ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည် မြို့ရွာတို့ကိုလည်းကောင်း၊ အပြစ်ကျူးလွန်းသောပုဂ္ဂိုလ်၊
အာပါတ်သင့်မှု/မသင့်မှု တို့ကိုလည်းကောင်း အသီးသီး စီစစ်တော်မူပါတယ်။ အရှင်ဥပါလိမထေရ်မြတ်ကလည်း မေးတိုင်း မေးတိုင်သော ပြဿနာတို့၏ အဖြေတို့ကို ဘုရားရှငင် ဟောကြားတော်မူခဲ့သော မူရင်းအတိုင်း
ရှင်းလင်းလျှောက်ထားတော်မူ၏၊ အမေးအဖြေပြု၍ ပိဋကတ်ဆောင် ရဟန္တာ မထေရ်အားလုံးမှ ဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း
မှန်ကန်ကြောင်း သဘောတူညီသောအခါ ရဟန္တာအပါး(၅၀၀)တို့သည် ၀ိနည်းပိဋကတ်တော်တို့ကို ဘုရားရှင်ဟောကြားတော်မူခဲ့သည်
မူရင်းအတိုင်း သံပြိုင်ရွတ်ဆို၍ အတည်ပြုလက်ခံတော်မူပါတယ်။ဤသည်ကိုပင် သင်္ဂါယနာဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

ဤနည်းအားဖြင့် သိက္ခာပုဒ်တစ်ခုချင်းစီကို မေးဖြေစီစစ်ပြီးတိုင်း အတည်ပြု စုပေါင်းရွတ်ဆိုကြ၏။ ၀ိနယပိဋကကို သင်္ဂါယနာတင်ရာ၌အပိုင်းကဏ္ဍခွဲခြင်း၊မျိုးတူရာ စုပေါင်းခြင်းပြု၍ ရှေ့နောက်အစီအစဉ်ကျအောင်စီမံတော်မူခဲ့ကြလေသည်။

ဝိနယကို သင်္ဂါယနာတင်ပြီးသောအခါ သုတ္တန်နှင့်အဘိဓမ္မာကို ဆက်လက်သင်္ဂါယနာတင်ရာ ရှေးဦးစွာ သုတ္တန်ပိဋက၏
တစ်သုတ်ချင်းစီ၏အကြောင်း အတ္ထုပ္ပတ်နိဒါန်းကိုလည်းကောင်း တစ်သုတ်ချင်းစီ၌ပါဝင်သောတရားကိုလည်းကောင်း မေးစီစစ်တော်မူ၏၊ မေးတိုင်းမေးတိုင်းသော အခြင်းအရာတို့ကို
ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့သည် တရားတော်မူအရင်းအတိုင်း အရှုင်အာနန္ဒာမထေရ်က
ရှင်းလင်းပြတ်သားစွာ ဖြေဆိုတော်မူ၏၊ ဤနည်းအားဖြင့်မေးဖြေစီစစ်ပြီးသောအခါ ရဟန္တာငါးရာတို့သည် စုပေါင်းညီညာ သံပြိုင်ရွတ်ဆိုအတည်ပြုလက်ခံတော်မူကြ၏။

ဤနည်းအတိုင်းသုတ္တန္တပိဋကကို ဒီဃနိကာယ်၊မဇ္ဈိမနိကာယ်၊ အဂုင်္တ္တရနိကာယ်၊ခုဒ္ဒကနိကာယ်ဟူ၍ အပိုင်းကဏ္ဍခွဲခြင်း မျိုးတူရာ
စုပေါင်းခြင်း ရှေ့နောက်အစီအစဉ်ကျနအောင် စီမံတော်မူခဲ့ကြသည်။ထိုနောက်အဘိဓမ္မာခုနစ်ကျမ်းကို အစီအစဉ်ကျခွဲခြားကာအရှင်မဟာကဿပမှ ပုစ္ဆာကပြု အရှုင်အာနန္ဒာမှ ၀ိဿဇ္ဇကပြု၍ အဘိဓမ္မာခုနစ်ကျမ်းကိုအစီအစဉ်တကျခွဲခြားကာ
သင်္ဂါယနာတင်တော်မူခဲ့ကြသည်။

ဤသိုပဌမသင်္ဂါယနာတင်စဉ်ကပင်လျှင် ဓမ္မ-၀ိနယအားဖြင်းလည်းကောင်း၊ပိဋကသုံးပုံအားဖြင့်လည်းကောင်း
နိကာယ်ငါးရပ်အားဖြင့်လည်းကောင်း၊အင်္ဂါကိုးတန်အားဖြင့်လည်းကောင်း၊ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်အားဖြင့်လည်ကောင်း၊ဧကနိပါတ်
ဒုကနိပါတ်အားဖြင့်လည်းကောင်း အစီအစဉ်တကျခွဲခြားသတ်မှတ်၍ သင်္ဂါယနာတင်တော်မူခဲ့ကြ၏။

ယနေ့မြန်မာနိင်ငံ၌ရှိသော ထေရ၀ါဒပိဋကသုံးပုံသည် ပဌမသင်္ဂါယနာတင်စဉ်ကပင် အရှင်မဟာကဿပ အရှင်အာနန္ဒာအမူုးပြုသောရဟန္တာမထေရ်မြတ်ငါးရာတို့ မူဝါဒအတိုင်း ဘုရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့သောတရားတော်များအတိုင်း ရှေးမူမပျက်မူအရင်းအတိုင်းဖြစ်သော ဗုဒ္ဓပါဝစနများဖြစ်ပေသည်။

ဤသည်ကား ပထမ သင်္ဂါယနာပင်ဖြစ်ပေသည်။ ။

(ပထမ သင်္ဂါယနာ မှတ်တမ်း အကျဉ်း)
=====================
ဝန်ဆောင် မထေရ် သံဃာတော်များ- ရဟန္တာ အပါး(၅၀၀)

နေရာဌာန- ရာဇဂြိုလ်ပြည်၊သတ္တပဏ္ဏလိုင်ဂူ

အကြီးမှုးမထေရ်- အရှင်မဟာ ကဿပ

ဝိသဇ္ဇက- အရှင်အာနန္ဒာ ၊အရှင်ဥပါလိ

ကြာမြင့်ချိန်- (၇)-လ

ပစ္စည်းလေးပါဒါယကာ- အဇာတသတ် မင်းနှင့် ပြည်သူ/သားများ

(သံဂါယနာ-နှင့် သင်္ဂါယနာ စာလုံး အဓိပ္ပါယ် အတူတူပင်ဖြစ်ပါသည် )

(သူ့အကျိုး ကိုယ့်အကျိုး သည်ပိုးနိုင်သူများဖြစ်ကြပါစေ )

_
ရေးသားသူ … ဓမ္မ၀ီရ-အရှင်တေဇနိယ
(ခေတ္တ-သီရိလင်္ကာနိုင်ငံ)
University of Kelaniya

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း