' ကူးစက်မြန် ဦးနှောက်အမြှေးပါးရောင်ရောဂါ '

ဦးနှောက်နဲ့ အာရုံကြောမကို ဖုံးအုပ်ထားတဲ့ ဦးနှောက်အမြှေးပါး ရောင်ရမ်းတာကို ဦးနှောက်အမြှေးပါးရောင်ရောဂါလို့ခေါ်ပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှား ကူးစက်ခံရတာကြောင့် အဓိက ဖြစ်တာပါ။ အဲဒီပိုးမွှားတွေက ခန္ဓာကု
ိယ်ရဲ့အသက်ရှူလမ်းကြောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ဒါမှမဟုတ် အရေပြားမှတစ်ဆင့် ကူးစက်ကာ သွေးမှတစ်ဆင့် အာရုံကြောစနစ်ကို ပျံ့နှံ့သွားပါတယ်။ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရတာ၊ ဒါမှမဟုတ် ဦးခေါင်းကို ခွဲစိတ်ထားတာ
တွေကြောင့်လည်း ဘက်တီးရီးယားပိုးမွှားတွေက အာရုံကြောစနစ်ကို တိုက်ရိုက် ကူးစက်နိုင်ပါတယ်။
✔ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဦးနှောက်အမြှေးပါးရောင်ရောဂါ
ဦးနှောက်အမြှေးပါးရောင်ရောဂါဟာ ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်ခဲ့ရင် ကူးစက်မှုက ပြင်းထန်ပြီး အချိန်မီ ကုသမှုမခံယူလိုက်ပါက အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ကလေးငယ်၊ ဆယ်ကျော်သက်အရွယ်နဲ့ အသက် ၆၀ ကျော်သူတွေမှာ ပိုအဖြစ်များပါတယ်။ ခုခံအားစနစ်လျော့နည်းနေသူတွေမှာလည်း ပိုအဖြစ်များတတ်ပါတယ်။
✔ ရောဂါလက္ခဏာ
* ပြင်းထန်စွာ ဖျားခြင်း
* အလွန်အမင်းခေါင်းကိုက်ခြင်း
* အန်ခြင်း
* ဇက်တောင့်နေခြင်း
* အလင်းရောင်ကို မကြည့်နိုင်ခြင်း
* မှိန်းနေခြင်း
* အစာစားချင်စိတ်မရှိခြင်း
* နောက်ပိုင်း အရေပြားပေါ်မှာ အနီ ရောင် ဒါမှမဟုတ် ခရမ်းရောင်အစက်အ ပြောက်တွေ ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီအစက်အပြောက်တွေကို မှန်နဲ့ ဖိထားပြီး ကြည့်ပါက အဖြူရောင်အဖြစ် မပြောင်းလဲခဲ့ရင် အခြေအနေဆိုးတဲ့အ
တွက် အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
နို့စို့ကလေးငယ်တွေမှာ ငယ်ထိပ် ဖောင်းနေတာ၊ အာခေါင်ခြစ်ပြီး အော်ငိုတာ၊ အသက်ရှူမြန်နေတာ၊ ဒေါသကြီးနေတာ၊ လက်ဖျားခြေဖျားအေးနေတာ၊ တက်တာနဲ့ သွေးလန့်တာတွေလည်း ဖြစ်တတ်ပါတယ်။
ဦးနှောက်အမြှေးပါးရောင်ရောဂါ ဖြစ်နေရင် ဆေးရုံတက်ပြီး သေချာ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရောဂါဖြစ်သူ ငါးယောက်မှာ တစ်ယောက်နှုန်းက ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ကျန်ရစ်ခဲ့တတ်ပါတယ်။ အသက်ရှင်သူထဲက
၁၅ ရာခိုင်နှုန်းခန့်ဟာ အကြားအာရုံဆုံးရှုံးတာ၊ ဦးနှောက်ပျက်စီးတာနဲ့ အာရုံကြောပြဿနာတွေ အပါအ၀င် မသန်မစွမ်းအဖြစ် ကျန်ရစ်ခဲ့တတ်ကြပါတယ်။
✔ ကာကွယ်ခြင်း
* ပုံမှန်လက်ဆေးတာလိုမျိုး တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။
* အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေကို မျှဝေမသုံးစွဲပါနဲ့။
* ပွဲလမ်းသဘင် လူစည်ကားတဲ့နေရာနဲ့ ဖုန်ထူထပ်တဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
* ရောဂါကူးစက်နိုင်တဲ့ နေရာတွေကို သွားရင် နှာခေါင်းနဲ့ ပါးစပ်ကို Mask နဲ့ ဖုံးအုပ်ထားပါ။
* နှာချေ၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့ ဖုံးအုပ်ထားပါ။
* ဦးနှောက်အမြှေးပါးရောင်ကာကွယ် ဆေးထိုးထားပါ။
.
ဒေါက်တာခင်မိုးမိုး
(Good Health Journal)

Comments
Post a Comment