ခြင်ဘာကြောင့်ကိုက်သလဲ
' ခြင်ဘာကြောင့်ကိုက်သလဲ '
ခြင်က ငါးမန်းတွေလိုအနံ့ခံကောင်းပါတယ် ၊
သူတို့အမြင်က အရောင်တွေကိုလည်းသိပါတယ် ။
ခြင်တွေကိုဆွဲဆောင်တဲ့အရာတွေက လူကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၊
ကိုယ်ပေါ်က ဗက်တီးရီးယားများ ၊ အဝတ်အစားများ ၊ ကိုယ်နံ့ နဲ့ ဘီယာနံ့တို့ ဖြစ်ပါတယ် ။
လူစုလူဝေးများရင် များသလောက် အသက်ရှုရှိုက်ထုတ်လိုက်တဲ့
ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ပမာဏက အလွန်များပြားပါတယ် ။
အဲဒီကာဗွန်ဒိုင်အောက်ဆိုက်အငွေ့ကို ခြင်က ပေ ၁၅၀ ကနေ အနံ့ရပါတယ် ။
အချို့ဒေသတွေမှာ ကိုယ်ဝန်ဆောင်မိခင်များကို ခြင်ပိုကြိုက်ပါတယ် ၊
သူတို့ဆီက ကာဗွန်ဒိုင်အောက်ဆိုက် ပိုထုတ်လွှတ်လို့ပါ ။
အားကစားလေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်နေသူတွေ ၊
ဘီယာသောက်ထားသူတွေကလည်း
ကာဗွန်ဒိုင်အောက်ဆိုက် ပိုထွက်ပါတယ် ။
ခြင်ပိုကြိုက်ပါတယ် ။
ပူနွေးတဲ့ကိုယ်ခန္ဓာ ၊ ချဉ်နံ့ထွက်တဲ့ ကိုယ်ခန္ဓာ ကလည်း ခြင်တွေကို ဆွဲဆောင်ပါတယ် ။
တချို့ကိုယ်နံ့တွေကတော့ ခြင်တွေကို ပြေးစေတတ်ပါတယ် ။
အရောင်ဖျော့တဲ့အဝတ်တွေက ခြင်ပြေးစေပါတယ် ။
အမည်းရောင် အပြာရောင်တွေက ခြင်တွေကြိုက်တဲ့အရောင်တွေ ဖြစ်ပါတယ် ။
အနီရောင်က ပိုဆွဲဆောင်ပါတယ် ။
နေဝင်စအချိန် ၊ မိုးလင်းစအချိန်တွေမှာ ခြင်ပိုထပါတယ် ။
ခြင်ကိုက်ခံရလို့ ယားယံပြီး အဖုအပိန့် ထလာရင် ပန်းသီးရှာလကာရည်နဲ့ဖြစ်ဖြစ် ၊
ယူကလစ်ဆီနဲ့ဖြစ်ဖြစ် ပွတ်ပေးလိုက်ရင် နီရဲ ယားယံတဲ့ အဖုအပိန့်တွေ ပျောက်စေပါတယ်
...
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
2/8/2017
#credit_Dr_Myint_Thein

Comments
Post a Comment