' သိုင်းရွိုက်ရောဂါ ဆိုတာ '

' သိုင်းရွိုက်ရောဂါ ဆိုတာ '

           လူတော်တော် များများ မရင်းနှီးတဲ့ရောဂါ၊ မြန်မာလို တိုက်ရိုက် ဘာသာ မပြန် နိုင်တဲ့ရောဂါ။
သိုင်းရွိုက် ဆိုတဲ့ လိပ်ပြာပုံ အကြိတ်ကလေး ဟာ လူတိုင်းရဲ့ လည်ပင်း ရှေ့ မှာရှိပါတယ်။
           သိုင်းရွိုက်ရဲ့ အလုပ်ကတော့ သိုင်းရွိုက် ဟိုမုန်း ထုတ်လုပ်ခြင်းပါပဲ။ သိုင်းရွိုက် ဟိုမုန်းဆိုတာ ခန္ဓာ ကိုယ်ကြီးတစ်ခု လုံးရဲ့ဇီဝ ဖြစ်စဉ်ကို ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။
           သိုင်းရွိုက် ဟိုမုန်း တွေ များနေတဲ့ရောဂါ ကို thyrotoxicosis လို့ခေါ်ပါတယ်။ လူနာတွေ နားလည်အောင် ဆရာဝန်တွေက လည်ပင်း က အဆိပ် ထွက်တယ် လို့ ပြောလေ့ရှိပါတယ်။
          Thyrotoxicosis ဖြစ်ရင် ဇီဝ ဖြစ်စဉ်တွေ မြန်လာ တော့တာပေါ့ ။ ဇီဝ ဖြစ်စဉ် မြန်ရင် လူနာက အောက်ပါ ဝေဒနာတွေ ခံစားရပါမယ်။
၁-ကိုယ်အလေးချိန်ကျခြင်း၊(စားသလောက်မဝခြင်း )
၂-ပူအိုက်တတ်ခြင်း (ဆောင်းတွင်းမှာတောင် အနွေးထည် မဝတ်)
၃-စိတ်တို ၊ ဒေါသ ထွက်ခြင်း၊
၎-ည အိပ်မပျော်ခြင်၊
၅- ဝမ်းခဏခဏ သွားခြင်း၊
၆-မျက် လုံးပြူး လာခြင်း။
၇-ရာသီ မမှန်ခြင်း၊
၈-ကလေးမရခြင်း
          အထက်ပါ လက္ခဏာတွေ ခံစားရရင် ဆေးခန်းမှာပြပြီး သွေးစစ်ကြည့်ဖို့ လိုပါတယ်။
ဆေးမကုပဲ ထားရင် နှလုံး အလုပ် မလုပ် တော့တဲ့ အထိ ၊ အသက်ဆုံးရှုံး သည်ထိ အန္တရာယ် ရှိပဘတယ်။
          Thyrotoxicosis ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတတ်တဲ့ ရောဂါ ဖြစ်ပြီး ၊သူ့ အလိုလို ဖြစ်လာတဲ့ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက် ဟိုမုန်း ထုတ်လုပ်ဖို့ အဓိက လိုအပ်တဲ့ ကုန်ကြမ်းကတော့ အိုင်အိုဒင်းပါ။ အိုင်အိုဒင်းဆား စားသုံးရေး ကို အရမ်းတွန်းအားပေးနေတော့ အိုင်အို ဒင်းစားတာတွေ များလာ လို့လား မသိဘူး အခုတော့ အမျိုးသားတွေတော်တော် များများ မှာဘည်း thyrotoxicosis ရောဂါတွေ တွေ့လာရပါတယ်။
          အိုင်အိုဒင်းဆား စားသုံးဖို့ ဘာကြောင့် တွန်းအားပေးနေတာ လည်းဆိုတော့ သိုင်းရွိုက် ဟိုမုန်း နည်းရင် လည်း ပြဿနာ ရှိတာပါပဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ သိုင်းရိုက်ဟိုမုန်း နည်းရင် မွေးလာတဲ့ကလေးက ဘာမှ သင်လို့မရအောင် ဉာဏ်ရည်မမီတဲ့ ကလေးလေး မွေးလာတတ်ပါတယ်။
 အိုင်အို ဒင်းချို့တဲ့ရင် လည်ပင်းကြီး ရောဂါ goiter ဖြစ်တတ်ပါတယ်။
          ဉာဏ်ရည် မမီတဲ့ ကလေးတွေ မွေးမှာစိုးလို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့က ဈေးတွေထဲမှာ အိုင်အိုဒင်းဆား ရောင်းချမှု ရှိ/မရှိ အမြဲ စစ်ဆေးနေတော့ လူတွေ လည်း အိုင်အိုဒင်းတွေ အစားများပြီးတော့ များ thyrotoxicosis ရောဂါတွေ ဖြစ်လာကြသလား။
          သေချာတာကတော့ အမျိုးသားတွေပါ  လည်ပင်း အဆိပ် ထွက်ကုန်ကြပီ။

_
Credit … ဒေါက်တာမိုးမိုးခိုင် (M.B.B.S / MD AM)
 မိုးပုလဲတိုင်းရင်းဆေး

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း