အမျိုးသမီးများအတွက် ထိပ်တန်း ဗီတာမင် ၁၀ မျိုး
' အမျိုးသမီးများအတွက် ထိပ်တန်း ဗီတာမင် ၁၀ မျိုး '
ယနေ့ခေတ်အခါမှာ အမျိုးသမီးများဟာ ကျန်းမာရေးအတွက်
အစားအသောက်ကို ဂရုတစိုက် စားသောက်လာကြပြီဖြစ်ပါတယ် ။
အသက်အရွယ် မရွေး ၊ ပိန်သူ ၀သူ ၊ ငြိမ်သက်သူ လှုပ်ရှားသူ မကျန် ကျန်းမာစေပြီး ၊ ရောဂါဘယ ကင်းဝေးစေမယ့် စားသုံးသင့်တဲ့ ဗီတာမင်များ ရှိပါတယ် ။
ခန္ဓာရဲ့ လုပ်ငန်းကိစ္စအ၀၀ ကို ထောက်ပံ့အကူအညီပြုတဲ့ ဗီတာမင် ၁၀ မျိုး ဖော်ပြပါမယ် ။
.
1. ဗီတာမင် အေ ( Vitamin A )
.
ဗီတာမင်အေ မှာ အင်တီအောက်ဆီဒင့် အစွမ်းသတ္တိတွေ ပါဝင်ပါတယ် ။
အရိုးများ တည်ဆောက်ခြင်း ၊ အရိုးများ သန်မာစေခြင်း ၊ သွားများ သန်မာစေခြင်း ၊ အရေပြား ၊ တစ်ရှုးများ ၊ အရေပါးလွှာများကို ခိုင်ခံ့စေခြင်း အစရှိသည့် အာနိသင်များ ရှိပါတယ် ။
နာတာရှည်ရောဂါများမဖြစ်အောင် ကာကွယ်ခြင်း ၊
အမြင်အာရုံ ကြည်လင်စေခြင်း ၊ အိုမင်းရင့်ရော်မှုကို နှေးစေခြင်း ၊ ကိုယ်ခံအားစံနစ်ကို အားကောင်းစေခြင်း စသည့် အစွမ်းများလည်း ရှိပါတယ် ။
ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာများကတော့
မုန်လာဥ၀ါ ( carrots )
သခွားမွှေးသီး ( cantaloupe )
ရွှေဖရုံသီး ( pumpkin )
တရုတ်ဆီးသီး ( apricots )
ခရမ်းချဉ်သီး ( tomatoes )
ဖရဲသီး ( watermelon )
မာလကာသီး ( guava )
ပန်းဂေါ် ဖီစိမ်း ( broccoli )
ကိုက်လန် ( kale )
သင်္ဘောသီး ( papaya )
မက်မွန်သီး ( peaches )
ပန်းငရုတ် ( red peppers )
ဟင်းနုနယ် ( spinach )
ဥများ ( eggs )
အသည်း ( liver )
နို့ ( milk ) တို့ ဖြစ်ပါတယ် ။
.
2. ဗီတာမင် ဘီတူး ( Vitamin B2 )
.
ဘီတူးဟာ ကျန်းမာဖို့ ၊ ကြီးထွားဖို့ ၊ ဇီဝကမ္မလုပ်ငန်း ကောင်းဖို့ ၊ကိုယ်ခံစွမ်းအားစံနစ် ကောင်းဖို့ အတွက် လိုအပ်ပါတယ် ။
ထုံနာ ကျဉ်နာ ၊ စိတ်သောက ၊ စိတ်ဖိစီးမှု ၊ နွမ်းနယ်မှုတွေအတွက်လည်း ကောင်းပါတယ် ။
ဘီတူး ချို့ တဲ့ရင် မျက်လုံးများ နှင့် လျှာတို့ ဖြူဖျော့သွားပြီး ၊ လည်ချောင်းနာ ၊
ပါးစပ်နာ ၊ နုတ်ခမ်းကွဲ ၊ ဆံပင်ခြောက် ၊ အရေတွန့် နှင့် အရေပြား ယားယံတာတွေ ဖြစ်တတ်ပါတယ် ။
ဗီတာမင် ဘီတူး ကြွယ်ဝတဲ့ အစားအစာတွေကတော့
အသည်း နှလုံး ကျောက်ကပ် ( organ meats )
ဒိန်ခဲ ( cheese )
နို့ ( milk )
ဒိန်ချဉ် ( yogurt )
အရွက်များသော ဟင်းရွက်များ ( leafy vegetables )
တဆေး ( yeast )
ဥ ( eggs )
အစေ့အနှံများ ( cereals )
ဂျုံ ( whole grains )
ပဲပိစပ် ( soybeans )
မက်မွန် ( almonds )
အခြံမာသီး ( nuts )
မှို ( mushrooms ) တို့ ဖြစ်ပါတယ် ။
.
3. ဗီတာမင် ဘီစစ် ( Vitamin B6 )
.
ကိုယ်ခံအားစံနစ်အတွက် မရှိမဖြစ် ဗီတာမင် ဖြစ်ပါတယ် ။
ဟော်မုန်းများ ထုတ်လုပ်ရာမှာ၎င်း ၊ ဦးနှောက်တွင်း ဓါတ်ပစ္စည်းများထုတ်လုပ်ရာမှာ၎င်း အရေးပါပါတယ် ။ ထို့အတွက် စိတ်ကျခြင်း ၊နှလုံးရောဂါဖြစ်ခြင်း ၊ မှတ်ဥာဏ်ယိုယွင်းခြင်း တို့ကို ကာကွယ်ပြီး ၊
သွေးတွင်းသကြားဓါတ် ထိန်းခြင်း ကိုလည်း အထောက်အကူပြုပါတယ် ။
ကိုယ်ဝန်ဆောင်မိခင်များ မနက်ခင်းအန်သည့်ဝေဒနာ ကိုလည်း သက်သာစေပါတယ် ။
ဘီစစ် ချို့ တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ် ။
ဗီတာမင် ဘီစစ် ကြွယ်ဝသည့် အစားအစာများကတော့
အစေ့အနှံများ ( fortified cereals )
ထောပတ်သီး ( avocados )
ငှက်ပျောသီး ( bananas )
အသားများ ( meats )
ပဲများ ( beans )
ငါးများ ( fish )
အုတ်ဂျုံမှုန့် ( oatmeal )
အခြံမာသီး ( nuts )
အစေ့များ ( seeds )
အသီးခြောက်များ ( dried fruits )
.
4. ဗီတာမင် ဘီဆဲဗင်း ( Vitamin B7 )
.
ဘီဆယ်ဗင်းကို ဘိုင်အိုတင် ( biotin ) လို့ ခေါ်ပါတယ် ။ ဆဲလ်များ ကြီးထွားဖို့အတွက် လိုအပ်ပါတယ် ။
အဆီအက်ဆစ် ( fatty acids ) ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ် ။
ဘီဆယ်ဗင်းဟာ ချွေးဂလင်းများ ၊ ဆံပင် ၊ အရေပြား ကျန်းမာစေဖို့လိုအပ်ပါတယ် ။
ဆံပင်များ သန်စွမ်းစေပြီး ၊ လက်သည်းများ ကြွပ်ဆတ်ခြင်းကို ကာကွယ်ပါတယ် ။
အရိုးများ ကြီးထွားစေပါတယ် ။ ချဉ်ဆီထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။
ကိုလက်စထရောကို ထိန်းပေးပါတယ် ။
ဘီဆယ်ဗင်း ချို့ တဲ့ရင် ဆံပင်များ ကြွပ်ဆတ်ခြင်း ၊ နှလုံးဖောက်ခြင်း ၊အင်ပြင်ထခြင်း ၊ အားပြတ်ခြင်း ၊ သွေးအားနည်းခြင်း ၊ စိတ်ကျခြင်း စတာတွေ
ဖြစ်တတ်ပါတယ် ။
ဘီဆယ်ဗင်း ကြွယ်ဝတဲ့ စားစရာတွေကတော့
ငါး ( fish )
ကန်ဇွန်းဥ ( sweet potatoes )
မက်မွန် ( almonds )
မုန်လာဥ၀ါ ( carrots )
ငှက်ပျောသီး ( bananas )
သခွားမွှေး ( cantaloupe )
အ၀ါရောင် အသီးများ ( yellow fruits )
အစိမ်းရောင် အရွက်များသော ဟင်းရွက်များ ( green leafy vegetables )
ပဲနီလေး ( lentils )
ဆန်လုံးညို ( brown rice )
ငရုတ်ကောင်း ( peppers )
ဥ အနှစ် ( egg yolks )
ပဲပိစပ် ( soybeans )
အုတ်ဂျုံမှုန့် ( oatmeal )
နို့ ( milk )
ဒိန်ခဲ ( cheese )
ဒိန်ချဉ် ( yogurt )
အခွံမာသီးများ ( nuts ) တို့ ဖြစ်ပါတယ် ။
.
5. ဗီတာမင် ဘီနိုင်း ( Vitamin B9 )
.
ဖောလစ်အက်ဆစ်ကို ခေါ်တာပါ ။
နှလုံးရောဂါ ၊ သွေးတိုး ၊ အယ်ဇိုင်းမား ၊ စိတ်ကျရောဂါ ၊ ကင်ဆာ ၊မှတ်ဥာဏ်ချို့ ယွင်းခြင်း စတာတွေကို ကာကွယ်ပေးပါတယ် ။
ဦးနှောက် ကျန်းမာစေပါတယ် ၊ ဆဲလုပ်ငန်းများ ကောင်းစေပါတယ် ။
သန္ဓေအောင်ခြင်းကို အထောက်အပံ့ပေးပါတယ် ။
ကိုယ်ဝန်ဆောင်မိခင်မှာ ဖောလစ်အက်ဆစ် ချို့ တဲ့ရင် သန္ဓေသားမှာ အာရုံကြောအဖွဲ့အစည်း တည်ဆောက်မှု ချို့ ယွင်းတတ်ပါတယ် ။
ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ စားစရာတွေကတော့
အစိမ်းရင့်ရင့် အရွက်များများ ဟင်းရွက်များ (dark leafy green vegetable
လိမ္မော်ရည် ( orange juice )
ကညွတ် ( asparagus )
ဖရဲသီး ၊ သခြားမသီး ( melons )
စတော်ဘယ်ရီ ( strawberries )
ဆန် ၊ ဂျုံ ( fortified grains )
ပဲတောင့်ရှည် ( legumes )
ပဲသီးတောင့် ( beans )
တဆေး ( nutritional yeast )
ဥ ( eggs )
.
6. ဗီတာမင် ဘီတွဲ ( Vitamin B12 )
.
ဘီတွဲ ဟာ ဇီဝကမ္မလုပ်ငန်း များ ၊ ဆဲလ် ပွားခြင်းများ ၊ ပရိုတိန် ထုတ်လုပ်မှုစသည်တို့ မှာ လိုအပ်ပါတယ် ။ ဦးနှောက် အာရုံကြောလုပ်ငန်းတွေ ကောင်းစေပါတယ် ။
နှလုံးရောဂါ ၊ မှတ်ဥာဏ်ပျောက်ခြင်း ၊ သွေးအားနည်းခြင်း တို့ကို ကာကွယ်ပေးပါတယ် ။
ဘီတွဲ ချို့ တဲ့ရင် စိတ်ဆတ်ခြင်း ၊ စိတ်ကျခြင်း ၊ စိတ်ရှုတ်ထွေးခြင်းတို့ ဖြစ်တတ်ပါတယ် ။ လျှာတွေ ၊ ပါးစပ်တွေ ရောင်ရမ်းစေပါတယ် ။
ဘီတွဲ ကြွယ်ဝတဲ့ စားစရာတွေကတော့
ဒိန်ခဲ ( cheese )
ဥ ( eggs )
ငါး ( fish )
အသား ( meat )
နို့ ( milk )
ဒိန်ချဉ် ( yogurt )
အစေ့အနှံ ( cereals ) တို့ ဖြစ်ပါတယ် ။
.
7. ဗီတာမင် စီ ( Vitamin C )
.
ဗီတာမင် စီ ဟာ ကိုယ်ခံအားစံနစ်ကို အားကောင်းစေပါတယ် ။
တစ်ရှုး ပွားများဖို့ အားပေးပါတယ် ၊ အနာကျက် မြန်စေပါတယ် ။
ကင်ဆာရောဂါ အချို့ နဲ့ နှလုံး ရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ် ။
သွေးနီဥထုတ်လုပ်ရေးမှာ အလွန်အရေးပါပါတယ် ။
ဗီတာမင် စီ ကြွယ်ဝတဲ့ စားစရာတွေကတော့
ပန်ဂေါ် ဖီ စိမ်း ( broccoli )
ဂရိတ်ဖရု ( grapefruits )
ကီဝီသီး ( kiwi )
လိမ္မော်သီး ( oranges )
ငရုတ်ကောင်း ( peppers )
အာလူး ( potatoes )
စတော်ဘယ်ရီ ( strawberries )
ပဲပင်ပေါက ( sprouts )
ခရမ်းချဉ်သီး ( tomatoes )
.
8. ဗီတာမင် ဒီ ( Vitamin D )
.
ဗီတာမင် ဒီက ကယ်လဆီယမ်ကို စုပ်ယူရာမှာ အားပေးတဲ့အတွက် အရိုးများ သန်မာဖို့ အတွက် အရေးကြီးပါတယ် ။
ဦးနှောက် နဲ့ အာရုံကြော အဖုံးလွှာများ ပျက်ဆီးခြင်း multiple sclerosis ရူးမတွိုက် အဆစ်အမြစ်ရောင် rheumatoid arthritis နှင့် ကင်ဆာအမျိုးမျိုး
ကို ကာကွယ်ပေးပါတယ် ။
ဓမ္မတာမလာမီ ကိုက်ခဲခြင်းကို လျော့စေပါတယ် ။
မျက်စိ အမြင်မထိခိုက်အောင် ကာကွယ်ပေးပါတယ် ။
ဗိတာမင် ဒီ ချို့ တဲ့ရင် အရိုးပါးခြင်း ဖြစ်စေပါတယ် ။
နေ့စဉ် ခဏတာ နေရောင်နှင့် တိုက်ရိုက် တွေ့ ထိခြင်းဖြင့် လိုအပ်သော ဗီတာမင် ဒီ ကိုပမာဏ ကို ရရှိနိုင်ပါတယ် ။
အသားအရေ ဖြူဖျော့သူများကတော့ နေရောင်နဲ့ ၁၀ - ၁၅ မိနစ်လောက်ထိတွေ့ ဖို့ လိုအပ်ပါတယ် ။
ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာကတော့
အဆီပေါသော ငါး ( fatty fish )
ပြင်ဆင်ထားသော နို့ ( fortified milk )
အသည်း ( liver )
ဥ ( eggs ) တို့ ဖြစ်ပါတယ် ။
.
9. ဗီတာမင် အီး ( Vitamin E )
.
ဗီတာမင် အီး မှာ ဆဲလ် ပျက်ဆီးခြင်းကို တိုက်ဖျက်ပေးတဲ့ အိုမင်းမှုကို ကာကွယ်ပေးတဲ့ ဓါတ် ပါဝင်ပါတယ် ။
နှလုံးရောဂါ ၊ မျက်စိတိမ် ၊ မှတ်ဥာဏ်ပျောက်ခြင်း နဲ့ အချို့ ကင်ဆာများကိုကာကွယ်ပါတယ် ။
အရေပြား နဲ့ ဆံပင်အတွက် ဗီတာမင် အီးက မရှိမုဖြစ် ဖြစ်ပါတယ် ။
ဗီတာမင် အီး ကြွယ်ဝတဲ့ စားစရာတွေကတော့
ဂျုံဖွဲနု ( wheat germ )
ဟေဇယ်သီး ( hazelnuts )
မက်မွန် ( almonds )
ဟင်းနုနယ် ( spinach )
ဟင်းရွက်ထောပတ် ( margarine )
ပြောင်းဆီ ( corn oil )
ငါးကြီးဆီ ( cod liver oil )
မြေပဲထောပတ် ( peanut butter )
နေကြာစေ့ ( sunflower seeds )
.
10. ဗီတာမင် ကေ ( Vitamin K )
.
ဗီတာမင် ကေ ဟာ အရိုးများကို သန်မာစေပါတယ် ။
ပုံမှန် သွေးခဲအောင် စွမ်းဆောင်ပေးပါတယ် ။
နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးပါတယ် ။
ကိုယ်ခံအားစံနစ်ကို ကောင်းစေပါတယ် ။
ဗီတာမင် ကေ ကြွယ်ဝသော စားစရာတွေကတော့
အစိမ်းရောင် အရွက်များသော ဟင်းရွက်များ ( green leafy vegetables )
ပဲပိစပ်ဆီ ( soybean oil )
ငါးအဆီ ( fish oil )
.
ဖော်ပြပါ အသီး အရွက် အစားအစာ တွေ တနေ့ ၅ ကြိမ်မျှ စားသုံးခြင်းဖြင့်
ဒီ ဗီတာမင်ဓါတ်တွေ ရရှိနိုင်ပါတယ် ။
ဒီလိုမှ ဗီတာမင်ဓါတ် မပြည့်ဝသေးရင်တော့ ဗီတာမင်ဆေးတွေ ဖြည့်တင်းစားသုံးနိုင်ပါတယ် ။ ဗီတာမင်ဆေးတွေ စားသုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့
တိုင်ပင်သင့်ပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
4/6/2016
#credit_Dr_Myint_Thein

Comments
Post a Comment