' အတွင်း ၃၇မင်း - အပြင် ၃၇မင်း '᠌᠌᠌ ᠌᠌
' အတွင်း ၃၇မင်း - အပြင် ၃၇မင်း '᠌᠌᠌ ᠌᠌
အတွင်းမင်းနတ်များမှာ ပါထေယျဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ ပါရှိသော ၃၇-မင်းနတ်များ ဖြစ်သည်။
1. ဣန္ဒနတ်
2. သောမနတ်
3. ဝရုဏနတ်
4. ဘာရဒွါဇနတ်
5. ပဇာပတိနတ်
6. စန္ဒနတ်
7. ကာမသေဋ္ဌနတ်
8. ကိန္နုဃဏ္ဍုနတ်
9. နိဃဏ္ဍုနတ်
10. ပနာဒယက္ခသေနာပတိနတ်
11. သြပမညယက္ခသေနာပတိနတ်
12. ဒေဝသုတယက္ခသေနာပတိနတ်
13. စိတ္တသေနယက္ခသေနာပတိနတ်
14. နဠောရာဇယက္ခသေနာပတိနတ်
15. ဇနေသဘယက္ခသေနာပတိနတ်
16. သာတာဂိရိယက္ခသေနာပတိနတ်
17. ဟေမဝတယက္ခသေနာပတိနတ်
18. ပုဏ္ဏယက္ခသေနာပတိနတ်
19. ကရတိယယက္ခသေနာပတိနတ်
20. သီဝကယက္ခသေနာပတိနတ်
21. ပုစလိန္ဒယက္ခသေနာပတိနတ်
22. ဝေသာမိတ္တယက္ခသေနာပတိနတ်
23. ယုဂန္ဓရယက္ခသေနာပတိနတ်
24. ဂေါပါလယက္ခသေနာပတိနတ်
25. သုပ္ပရောဓယက္ခသေနာပတိနတ်
26. ဟိရိယက္ခသေနာပတိနတ်
27. နေတ္တိယက္ခသေနာပတိနတ်
28. မန္ဒိယယက္ခသေနာပတိနတ်
29. ပဉ္စလစဏ္ဍယက္ခသေနာပတိနတ်
30. အာဠာဝကယက္ခသေနာပတိနတ်
31. ပဇ္ဇုန္နယက္ခသေနာပတိနတ်
32. သုမနယက္ခသေနာပတိနတ်
33. သုမုဒယက္ခသေနာပတိနတ်
34. ဒဝိမုခယက္ခသေနာပတိနတ်
35. မဏိယက္ခသေနာပတိနတ်
36. မာဏိဓရယက္ခသေနာပတိနတ်
37. သေရိသကယက္ခသေနာပတိနတ်။
အပြင် ၃၇ မင်း
အောက်ပါ အပြင် ၃၇ မင်းနတ်များမှာ မြ၀တီ မင်းကြီး၏ မှတ်စု စာရင်း ဖြစ်ပါသည်။ မူကွဲများလည်း ရှိကြပါသည်။
1. သိကြားမင်း (သက္ကမင်း)
2. မဟာဂီရိနတ် (မောင်တင့်တယ်)
3. နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်)(မိဖုရား စောမယ်ယာ)
4. ရွှေနဘေနတ် (မင်းတုန်းမြို့သူ ၊ မောင်တင့်တယ်၏ဇနီး)(နဂါးမယ်တော်)
5. သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ၊(ဥက္ကလာပ မိဖုရား) မနှဲလေး၏ မိခင်)
6. ရွှေနှဲမိ (ခေါ်) မနှဲလေး (သုံးပန်လှနတ်၏ သမီး)
7. တောင်မကြီး ရှင်ညို (ရွှေနဘေ၏ သား)
8. မြောက်မင်း ရှင်ဖြူ (ရွှေနဘေ၏ သား)
9. ထီးဖြူဆောင်းနတ် (အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း )ကွမ်းဆော်ကြောင်ဖြူ
10. ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်)
11. ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား)
12. ရွှေဖျင်းကြီး (တောင်ပြုံးမင်းကြီး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
13. ရွှေဖျင်းငယ် (တောင်ပြုံးမင်းလေး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
14. မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ)
15. ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ)
16. ညောင်ချင်းအို ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအိုနတ်)
17. မင်းစည်သူ အလောင်းစည်သူ (၄၇၃-၅၂၉)
18. မင်းသား-ဒန်းမောင်ရှင် (အလောင်းစည်သူမင်း၏ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။)
19. ကျော်စွာနတ် (တောင်ခြေရင်းဝါခင်းစောင့်သည့် အောင်ကျော်(ခေါ်) မိုးခေါ်ကျော်စွာနတ်)
20. အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ )
21. ရွှေစစ်သင်နတ် ( ပုဂံ စောမွန်နစ်မင်း၏ သား)
22. မယ်တော် ရွှေစကား (ပုဂံ စောမွန်နစ်မင်း၏ မိဘုရား)
23. ငါးစီးရှင် (ပင်းယသီဟသူ၏ သား ) ငါးစီးရှင်ကျော်စွာ
24. မင်းတရားနတ် ( အင်းဝမင်းခေါင်၏ နောင်တော် တရဖျားမင်း)
25. မောင်ပိုးတူ (ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်နတ်)
26. အနောက်မိဖုရား ( အင်းဝ မင်းခေါင်၏ အနောက်ဆောင်မိဘုရား)
27. အောင်ပင်လယ် ဆင်ဖြူရှင်နတ် ( သီဟသူမင်း)
28. ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်)
29. ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး)
30. မင်းရဲအောင်တင် (သာလွန်မင်း)
31. မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် )
32. ရှင်တော်နတ်
33. တပင်ရွှေထီးနတ်
34. မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်)
35. တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား)
36. သံတော်ခံ
37. ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ)
• ၀န်ကြီး ပဒေသရာဇာ ပြုစုထားသည့် စာရင်းနှင့် မတူပေ။ (၁၈)ယောက်ပဲ တူသည်။ (၁၉)ယောက်မတူ။
.
အထက်ပါ တင်ပြသော အကြောင်းအရာများမှာ www.wikimyanmar.co.cc မှ ကူးယူ တင်ပြထားသော အကြောင်းအရာများ ဖြစ်ပါသည် ။ ။ ။

Comments
Post a Comment