" ဘာကြောင့်များ သမ်းဝေ ကြပါလိမ့် "
" ဘာကြောင့်များ သမ်းဝေ ကြပါလိမ့် "
တစ်ယောက်ယောက် သမ်းတာကို တွေ့လိုက် ရရင် ကိုယ်ပါ လိုက်သမ်းဝေ မိတာကရော ဘာကြောင့် များပါလိမ့်။
ဘာကြောင့် သမ်းဝေ ရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေခင် သမ်းဝေခြင်း အကြောင်းကို ပထမဆုံး ပြောလိုက် ကြပါစို့။ သမ်းဝေတယ် ဆိုတာလေ ပြင်းပြင်း ရှူသွင်း နိုင်ဖို့အတွက် ကျွန်တော်တို့ ပါးစပ်ကို ကျယ်ကျယ် ပွင့်ဟလာ စေတဲ့ အမှတ်တမဲ့ အပြုအမူ တစ်ခု ဖြစ်ပါတယ်။ ၀င်လာတဲ့ လေတွေက သင့်ရဲ့ အဆုတ်ကို ဖြည့်ပြီးနောက် ၀မ်းဗိုက် ကြွက်သား တွေကို ကွေးညွှတ် သွားစေသလို ရင်ဝမ်းခြား ကြွက်သား (diaphragm) ကိုလည်း ဖိနှိပ် ပေးမှာပါ။ ဒီလေတချို့ကို သင့်ပါးစပ် ကနေ ပြန်ထုတ် လိုက်ပြီဆိုရင် သမ်းဝေခြင်း ပြီးဆုံးသွားပါပြီ။ သုတေသန တွေကတော့ သမ်းဝေခြင်းဟာ အမှတ်တမဲ့ တုံ့ပြန်မှုကြောင့် ဖြစ်ကြောင်းကို “သန္ဓေသားလေး တွေတောင် သမ်းဝေ ကြတယ်” ဆိုတဲ့ အချက်နဲ့ ပြသခဲ့ကြပါ တယ်။
Baby Yawning
သမ်းဝေရတဲ့ အကြောင်းအရင်းကို ရာစုနှစ် ပေါင်းများစွာ ကြာအောင် ဝေဖန် ဆွေးနွေးခဲ့ ကြပြီးတဲ့နောက် သမ်းဝေခြင်းကို အောက်ဆီဂျင် ချို တဲ့မှု ဒါမှမဟုတ် ပျင်းရိ ငြီးငွေ့ခြင်းနဲ့ ငိုက်မြည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ ရှုမြင်ကြတဲ့ စိတ်ဝင်စားဖွယ် အယူအဆ အချို့ လည်း ထွက်ပေါ် ခဲ့ပါတယ်။ လတ်တလော လေးကမှ ပြုလုပ်ထားတဲ့ သမ်းဝေခြင်း ဆိုင်ရာ သုတေသန တစ်ခုမှာ ကျွန်တော်တို့ဟာ ကျွန်တော် တို့ဦးနှောက် တွေကို ငြိမ်သက် ပြေလျော့ စေဖို့အတွက် သမ်းဝေ ကြပါတယ်လို့ ဆိုထား ပါတယ်။ University of New York in Albany မှာ၂၀၀၇ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုကတော့ လူတွေဟာ သူတို့ရဲ့ ဦးနှောက်တွေ ပိုမို ရှုပ်ထွေး နောက်ကျိ လာနိုင်တဲ့ ဦးနှောက် ပူလာတဲ့ အခြေအနေ တွေမှာ ပိုပြီး သမ်းဝေတတ် ကြတယ်လို့ ကောက်ချက် ချပါတယ်။ သူတို့ဟာ နောက်ထပ် စိတ်ဝင် စားစရာ တစ်ခု ဖြစ်တဲ့ “ဆင့်ပွါး သမ်းဝေခြင်း” အကြောင်း ကိုပါ ထည့်သွင်း တွက်ချက်ပြီးမှ ဒီသုတေသနကို ဆောင်ရွက်ခဲ့ ကြတာပါ။ သူတို့ဟာ သုတေသနမှာ ပါ ၀င်သူ တွေကို အခန်း တစ်ခုထဲ ၀င်သွား စေပြီး လူတွေ သဘာဝ ကျကျ ရယ်မောနေတဲ့ ဒါမှမဟုတ် သမ်းဝေနေတဲ့ ဗီဒီယို တွေကို ကြည့်ရှုစေ ခဲ့ပါတယ်။
People Yawning
ပါဝင်သူ တချို့ကို နှာခေါင်းကိုပဲ အသုံးပြုပြီး အသက်ရှု စေပြီး တချို့ကိုတော့ သူတို့ရဲ့ နဖူးတွေမှာ အထုပ် အေးအေးလေး တွေနဲ့ ဖိကပ်ထား စေခဲ့ပါတယ်။ လုပ်ဆောင်မှု နှစ်ခုစလုံးရဲ့ ရည်ရွယ်ချက်က ဦးနှောက်ကို အေးမြ စေဖို့ပါပဲ။ ဒီအခြေအနေ တွေမှာတော့ သမ်းဝေခြင်း ဆိုတာ ဦးနှောက် အနားပေး ယန္တရား တစ်ခုအဖြစ် လုပ်ဆောင် တယ်ဆိုတဲ့ ကောက်ချက်ကိုပဲ ဦးတည် လုပ်ဆောင်ခဲ့ပြီး “ဆင့်ပွါး သမ်းဝေခြင်း” ဆိုတာကို လုံးဝနီးပါး ဘေးဖယ်ထား ခဲ့တာပါ။ နောက်ထပ် မေးခွန်း တစ်ခုကတော့ သမ်းဝေခြင်းဟာ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းစတဲ့ အမှတ် တမဲ့ တုံ့ပြန်မှု တွေနဲ့ မတူဘဲ ဘာကြောင့် ဆင့်ပွါး ပျံ့နှံ့စေ တတ်ပါသလဲ။ သိပ္ပံပညာ ကတော့ ဒါဟာ မျှဝေ ခံစားမှုရဲ့ ပြယုဂ် တစ်ခုလို့ အချိန် အတော်ကြာ ယုံကြည်ထား ခဲ့ပါတယ်။
Yawning
ဒီအယူအဆကို ထောက်ပံ့ဖို့ လေ့လာမှု တွေလည်း အများအပြား လုပ်ဆောင် ထားခဲ့ပါတယ်။ အဲဒီထဲက တစ်ခုရဲ့ အဆိုအရတော့ သင့်အနေနဲ့ သမ်းဝေခြင်းကို သင်ရင်းနှီးတဲ့ သူတွေ ဆီကနေ ပိုမို ဆင့်ပွါးခံ ရနိုင်ဖွယ် ရှိပါတယ်တဲ့။ ဆိုလိုတာက ကုန်တိုက်မှာ ငွေရှင်းဖို့ စောင့်နေတဲ့ လူ တန်းထဲက သင့်နောက်ကပ်ရက် မိန်းမပျို ဆီကထက် သင့်ခင်ပွန်းသည် ဆီကသာ သင်ဟာ ဆင့်ပွါး သမ်းဝေခြင်း ကူးစက်မှုကို ခံရဖို့ အလား အလာ ပိုရှိပါလိမ့်မယ်။ နောက်ထပ် အချက်တစ်ချက် ကတော့ autism ဝေဒနာရှင် ကလေးငယ် တွေဟာ “ဆင့်ပွါး သမ်းဝေခြင်း” ကိုမလုပ် ဆောင်နိုင်ကြပါ ဘူးတဲ့။ ဒီအကြောင်းအရင်းက ဒီလို ကလေးတွေ မှာရှိတဲ့ mirror neurons နဲ့သက်ဆိုင်ကောင်း သက်ဆိုင်နေ ပါလိမ့်မယ်။ “ဆင့်ပွါး သမ်းဝေခြင်း”ကိုတိရစ္ဆာန် ကမ္ဘာမှာ တွေ့ရလေ့ မရှိဘူး ဆိုတဲ့အချက် ကလည်း စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။ ဒါကလည်း တိရစ္ဆာန် တွေမှာ လူတွေလောက် မျှဝေခံစား နိုင်စွမ်း မရှိလို့ပါပဲ။ (ချင်ပန်ဇီ တွေကလွဲ လို့ပေါ့လေ)။ ဒါပေမယ့် ခွေးတွေ ကတော့ သူတို့သခင် တွေသမ်းတာ တွေ့ရင် လိုက်သမ်း တတ်ကြ ပါတယ်။ ဒါကြောင့် လူတွေနဲ့ အတူ မျှဝေ ခံစားနိုင်မှုမှာ ခွေးဟာတခြား တိရစ္ဆာန် တွေထက်သာ တယ် လို့ယူဆရ မှာပါ။
Dog Yawning
သမ်းဝေခြင်းဟာ နူးညံ့ သိမ်မွေ့တဲ့ ဖြစ်ရပ် တစ်ခုလို့ ထင်ရပေမယ့် အလွန်အကျွံ သမ်းဝေတာဟာ Heart Attack ရဲ့လက္ခဏာ တစ်ရပ် ဒါမှမ ဟုတ် ပင်မ သွေးလွှတ် ကြောမကြီးရဲ့ အတွင်းပိုင်းနဲ့ ဘေးပတ်လည်မှာ သွေးယိုစိမ့် နေတယ် ဆိုတဲ့ လက္ခဏာ တစ်ရပ် ဖြစ်နေ နိုင်ပါတယ်။ သင်အနေ နဲ့ရင်ဘတ် အောင့်တာ၊ အသက်ရှူ ကြပ်တာ တွေလိုမျိုး နှလုံးရောဂါ ဆိုင်ရာ လက္ခဏာတွေ ခံစားနေ ရချိန်မှာ သမ်းဝေမိပြီ ဆို ရင်တော့ နီးစပ်ရာ အရေးပေါ် ဌာနကို ချက်ချင်း ဖုန်းဆက်ပါလေ။ အလွန်အကျွံ သမ်းနေတယ် ဆိုတာ သင်တကယ့်ကို ပင်ပန်း နေပြီလို့ ဆိုလို တာလည်း ဖြစ်နိုင် ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ မသင်္ကာဘူး ဆိုရင် တမှေးလောက် အိပ်ကြည့် လိုက်ဖို့ တိုက်တွန်း ချင်ပါတယ် ခင်ဗျာ။
.
Credit .... PeAcOcK(MYMC)

Comments
Post a Comment