" ဇော်ဂျီအကြောင်း မှတ်သားဖွယ်ရာများ "
" ဇော်ဂျီအကြောင်း မှတ်သားဖွယ်ရာများ "
ဇော်ဂျီဆိုတဲ့ စကားဟာ
ပါဠိသက္ကတစကားအမျိုးအစားတစ်မျိုးဖြစ်ဟော
ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ)ဆိုတဲ့စကားကနေ
ဆင်းသက်လာပြီးတော့
တကယ်တမ်းတော့ ယောဂီဆိုတဲ့အသံကနေ မြန်မာတွေက ဇော
ဂီ ပြီးနောက်
ကာလရွေ့လျားလာတဲ့အခါ ဇော်ဂျီဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။
အဓိပ္ပာယ်ကတော့ "ယောဂတရားကို အားထုတ်နေသူ"
ပင်ဖြစ်ပြီး သမထတရား၊ ဈန်တရား၊
သမာဓိတရားများကိုကျင့်ကြံအားထု
တ်နေသူလို့လည်းခေါ်ဆိုနိုင်ပါတယ်။
အချို့က ဇော်ဂျီနဲ့ဝိဇ္ဇာဓိုရ်ဆိုတာကို အတူတူပဲ
လို့ဆိုကြပေမယ့် ဇော်ဂျီနဲ့ ဝိဇ္ဇာဓိုရ်ဟာ တူညီခြင်းမရှိဘူးလို့ အချို့
ပညာရှိပုဂ္ဂိုလ်များကဆိုကြပြန်ပါတယ်။ "
ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။
ကွယ်ပျောက်နိုင်၏။ တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံ
နိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လ´ကို၎င်း၊ `နေ
´ကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏" လို့လည်း
သမန္တစက္ခုဒီပနီကျမ်းမှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါသေး
တယ်။
ဇော်ဂျီဟာ ဓာတ်လုံးနဲ့ဆေးတောင်ဝှေးအကူအညီ
နဲ့ မြေလျှိုးမိုးပျံနိုင်ပြီး ဆုတောင်းခန့်ပျို့ထဲမှာ `တရိသုလိ၊ေ
ဇ်ာဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်´
လို့ပါရှိတာကို ကြည့်ခြင်းအားဖြင့် ဇော်ဂျီတို့ရဲ့ တောင်ဝှေးဟာ
စင်းလုံးချောမဟုတ်ဘဲ သုံးခွလှံတောင်ဝှေးမျိုးဖြစ်နိုင်ပါတယ်။ ေ
ဇ်ာဂျီတို့မှာ အမမရှိဘဲ ဇော်ဂျီအထီးများသာရှိပါတယ်။ ေ
ဇ်ာဂျီအထီးများဟာ သူယောင်မယ်လို့ခေါ်တဲ့
လူပုံစံရှိတဲ့အသီးကို ဆေးတောင်ဝှေးနဲ့တို့
အမျိုးသမီးပုံဖန်ဆင်းကာ ချစ်ရည်လူးအပန်းတော်ဖြေတတ်ကြတယ်
လို့လည်း ရှေးလူကြီးသူမများက ဆိုကြဖူးပါတယ်။
ဆုတောင်းခန်းပျို့အရ ဇော်ဂျီတို့ရဲ့
လုပ်ငန်းတာဝန်များကတော့ ဗေဒင်ဟောခြင်း၊
လက္ခဏာဖတ်ခြင်း၊ မြေကြန်အတတ်ကိုနားလည်ခြင်း၊ နေသွား
လသွား၊ နေကြတ်လကြတ်၊ ဂြိုဟ်နေ ဂြိုဟ်ဂရပ်၊ အတိတ်နိမိတ်၊
တဘောင်စံနည်းတို့ပဲဖြစ်ပြီး အဆိုပါပညာရပ်များမှာ
အထူးပင်ကျွမ်းကျင်ကြတယ်လို့ဆိုပါတယ်။ သုဝဏ္ဏသျှံ
သစ္စာခန်းပျို့မှာတော့ 'သဏ္ဌာန်ရွှေလှော်၊ ရှင်လှကျော်ကို၊
သက်တော် ဝင်ကြောင်း၊ နတ်များပေါင်း၍၊ နှုတ်ကောင်းတညီ၊ေ
ဇ်ာဂျီ အတတ်၊ နတ်မန္တရား၊ နတ်ဆေးဝါးဖြင့်၊ ယောက်ျားအိပ်ပျော်၊
နိုးဘိသော်သို့၊ နုဘော်ပြင်းဝှန်၊ တန်ခိုးထန်ဘိ' လို့စပ်ထားတဲ့
အဆိုအရ သုဝဏ္ဏသာမကို
အသက်ပြန်သွင်းရာမှာပါဝင်ခဲ့တဲ့ ဇော်ဂျီတို့ဟာ
အသက်သွင်းသောအတတ်ကိုတတ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အချို့စာပေများမှာတော့ ဇော်ဂျီကို
ဝိဇ္ဖာဓိုရ်နှင့်အတူတူပင်ဟုဖော်ပြကြပါတယ်။
သထုံသူရဲကောင်းကုလားညီနောင်တို့ ကင်စားသောဖုတ်ကောင်မှာ
ဝိဇ္ဇာဓိုရ်ဇော်ဂျီဖြစ်ကြောင်းကို ဦးကုလား
ရာဇဝင်မှာဖွင့်ဆိုထားတာကိုလည်း တွေ့ရနိုင်ပါတယ်။ ေ
ဇ်ာဂျီတို့ဟာ ဃောရမည်တဲ့ မန္တန်၊ ဂန္ဓာရီမည်တဲ့ မန္တန်၊
အဲ့ဒီနှစ်ခုသော ဂုဋ္ဌိကာမည်သောဆေးနှစ်စုံတတ်ပါမှ
ဝိဇ္ဇာဓိုရ်အဖြစ် ပြီးမြောက်ခြင်းသို့ ရောက်နိုင်ပါလိမ့်မယ်။
ဝိဇ္ဇာဓိုရ်တစ်ပါးဖြစ်သွားရင်တော့ ပိုမိုများပြားလှစွာသော
ဖန်ဆင်းခြင်းများ၊ ကိုယ်ခွဲခြင်းများ၊ အများစုပေါင်း၍
တစ်ကိုယ်တည်းဖန်တီးခြင်းများ စသည်တို့ကိုဖြစ်စေနိုင်ပါတယ်။
ဝိဇ္ဇာဓိုရ်ဇော်ဂျီတို့ရဲ့ သတ္တိကို
သမန္တစက္ခုဒီပနီကျမ်းမှာ "ထင်ရှားသော ကိုယ်ရှိသောအဖြစ်ကို၎င်း၊
ကွယ်ပျောက်သော ကိုယ်ရှိသောအဖြစ်ကို၎င်း၊
တိုက်ခြားရာအရပ်သို့၎င်း၊ တံတိုင်း ခြားရာ အရပ်သို့၎င်း၊ေ
တာင်ခြားးဆီးရာအရပ်သို့၎င်း ကောင်း ကင်ပြင်ကဲ့သို့
မငြိမရှောက်သွားနိုင်၏။ မြေအပြင်၌လည်း ရေ၌ ကဲ့သို့
ငုပ်ခြင်း ပေါ်ခြင်းကိုပြုနိုင်၏။ ရေ၌သော်လည်း မြေပြင် ၌ကဲ့သို့
မပက်စေဘဲသွားနိုင်၏။ ကောင်းကင်ပြင်၌လည်း ထက်
ဝယ်ပလ္လင်ဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ ပျံနိုင်၏။ တန်ခိုး
အာနုဘော်ကြီးသော လဝန်းကို၎င်း၊ နေဝန်းကို၎င်း လက်ဖြင့်
သုံးသပ်နိုင်၏။ ဆုပ်နယ်နိုင်၏။ ဗြဟ္မာပြည်တိုင်အောင်သော်
လည်း ကိုယ်ဖြင့်အလိုသို့ပါစေနိုင်၏"
လို့ ဖော်ပြထားတာလည်း တွေ့ရပါသေးတယ်။
မြန်မာရာဇဝင်များမှာတော့
သရေခတ္တရာပြည် ဒွတ္တပေါင်မင်းကြီးထံ
ဝိဇ္ဇာဓိုရ်နှစ်ယောက်ခစားဖူးခြင်း၊ သထုံပြည်တွင်
ဝိဇ္ဇာဓိုရ်အသေကောင်ကို ဆရာတော်တောမှရခဲံ့ဖူးခြင်း၊
ရခိုင်ပြည်ရှိတောင်တစ်ခုတွင် ဝိဇ္ဇာဓိုရ်တစ်ဥိး ရေဗူးကို
အလိုအလျောက် မြစ်သို့သွား၍ ရေယူစေအောင်ခိုင်းစေခြင်း၊
အင်းဝဘုရင် တရဖျားမင်း ဝိဇ္ဇာဓိုရ်လုလင်ကို မြင်ဖူးခြင်း၊
ဘုရင့်နောင်မင်းတရားကြီးလက်ထက်
ဟံသာဝတီကျုံးကိုတူးစဉ် မြေတွင်းထဲတွင်အောင်းနေသော
ဝိဇ္ဇာဓိုရ်ကို တွေ့ခဲ့ဖူးခြင်း စသဖြင့် ဝိဇ္ဖာဓိုရ်၊ေ
ဇ်ာဂျီများအကြောင်းကို မကြာခဏတွေ့မြင်ရပါတယ်။
ဇော်ဂျီများအကြောင်းကတော့ မြန်မာ့ဇာတ်သ
ဘင်များ၊ ပန်းချီပန်းပုလောကမှာ
ဆက်လက်တွေ့နေရပြီး ဇော်ဂျီများအကြောင်းကတော့
သိသူနည်းနေတဲ့အတွက်ကြောင့် သုတအမွေ
လက်ဆင့်ပေးဝေနိုင်စေဖို့ ဇော်ဂျီများအကြောင်းကို ဖော်ပြပေးလို
က်ရပါတယ်။
.
>>> credit <<<

Comments
Post a Comment