ဂျင်း ရှောင်ရမည့်သူများ
' ဂျင်း ရှောင်ရမည့်သူများ '
ဂျင်းက သွေးကျဲစေပါတယ် ။
သွေးထွက်လွန်ရောဂါရှိသူများ ၊ သွေးခဲဆေး သောက်နေရသူများ
ဂျင်းကို ရှောင်ရပါမယ် ။
.
ဂျင်းက သွေးအချိုဓါတ်ကို လျော့ကျစေပါတယ် ။
ထို့ကြောင့် ဆီးချိုဆေး သောက်နေရသူများလည်း
ဂျင်းကို ရှောင်သင့်ပါတယ် ။
အထူးသဖြင့် မက်ဖော်မင် ( Metformin ) ဆေး သုံးစွဲနေသူများ ၊
အင်ဆူလင် ( insulin ) ထိုးနေသူများ ဂျင်းကို ရှောင်ခြင်း သို့မဟုတ် သတိထား၍ စားသုံးခြင်း ပြုသင့်ပါတယ် ။
.
ဂျင်းက သွေးတိုးကိုလည်း ကျစေသဖြင့် သွေးကျဆေး
(အထူးသဖြင့် ကယ်လဆီယမ် ချန်နယ် ဘလော့ကာ
calcium channel blockers )
များဖြစ်သည့် အမလိုဒပင်း ( Amlodipine ) , ဒီတီရဇင် ( Diltiazem )
နဖဒီပင်း ( Nifedipine ) စသော ဆေးများ သုံးစွဲနေပါက
ဂျင်းကို ရှောင်ခြင်း ၊ သတိဖြင့် စားသုံးခြင်း ပြုသင့်ပါတယ် ။
.
ဂျင်းများစွာ စားသုံးပါက သည်းခြေရည် မြောက်များစွာ
ထွက်စေပါတယ် ။
သည်းခြေကျောက် ရှိပြီး သည်းခြေပြွန်တွင် တစ်ဆို့ နေပါက ၊
သည်းခြေရည်များ မဆီးဆင်းနိုင်ပဲ အရေးပေါ် ခွဲစိတ်ခြင်းများ
ပြုလုပ်ရတတ်ပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
30/5/2016
#credit_Dr_Myint_Thein

Comments
Post a Comment