' ရေသန့်ဘူးဝယ်တဲ့အခါ ဒါတွေကို အထူးသတိထား ရွေးချယ်ဝယ်ယူပါ '

' ရေသန့်ဘူးဝယ်တဲ့အခါ ဒါတွေကို အထူးသတိထား ရွေးချယ်ဝယ်ယူပါ '


ရေသန့်ဘူးတွေ တံဆိပ်ပေါင်းစုံ နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေတော့ သတိမထားဘဲ ဒီလိုပဲ သောက်သုံးနေကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ သို့သော်လည်း ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဒီရေသန့်ဘူးတွေဟာ အမှန်တကယ်ရော စိတ်ချမှု ရှိရဲ့လား ၊ အဆိပ်အတောက်
ဖြစ်စေနိုင်လားဆိုတာကို ဂရုမပြုမိကြပါဘူး ။

ရေသန့်ဝယ်တဲ့အခါ ဘူးရဲ့ အောက်ပိုင်းကို သေချာကြည့်ကြည်ပါ ။PP , HDPE ,HDP , PET စသဖြင့် စကားလုံးလေးတွေ ပါတာကို မြင်တွေ့ရမှာပါ ။ ဒီစာလုံးလေးတွေဟာ သုံးထားတဲ့ ပလတ်စတစ်မှာ အဆိပ်အတောက်တွေ ပါတယ် ၊ မပါဘူးဆိုတာကို ဖော်ပြနေတာပါ ။

PETE (သို့) PET
ဒီစာလုံးပါရင်တော့ သတိထားပါ ။ ဟော်မုန်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ သတ္တုတွေ ပလတ်စတစ်ဘူးမှာ ပါဝင်နေပါတယ်။

HDPE (သို့) HDP
ဒီစာလုံးပါတဲ့ ရေသန့်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ် ။ ဓါတုများ မထုတ်ပေးနိုင်တဲ့ ပလတ်စတစ်ကို သုံးထားတာပဲ ဖြစ်ပါတယ် ။

PVC (သို့) 3V
ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းlevel ကို ရပ်တန့်သွားစေနိုင်တာကြောင့် လုံးဝမသောက်သင့်တဲ့ ရေဘူးပါ ။

LDPE
ဒါကတော့ ပလတ်စတစ်အိတ် အမျိုးအစားကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဘူးပါ ။ သောက်သုံးလျှင် အဆိပ်အတောက် မဖြစ်စေနိုင်သော်လည်း ဘူးအဖြစ် မထုတ်လုပ်သင့်တဲ့ ပလတ်စတစ်အမျိုးအစားပါ။

PP
ဒိန်ချဉ်ဘူးကဲ့သို့ ဘူးတွေမှာ သုံးတဲ့ အဖြူရောင် ပလတ်စတစ် အမျိုးအစားဖြစ်ပါတယ် ။

PS
သတိထားပါ။ ဒီစာလုံးပါတဲ့ ပလတ်စတစ်ဘူးဟာ carcinogen လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာကို ထုတ်လွတ်ပေးပါတယ်။

ဘာမှမပါသော ရေသန့်ဘူး
အထက်ဖော်ပြပါ စာလုံးတွေ တစ်ခုမှမပါသော ရေသန့်ဘူးတွေကတော့ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို ထုတ်လွတ်ပေးပြီး အန္တရာယ်အရှိဆုံး ပလတ်စတစ်ဘူးတွေပါပဲ ။ အားကစားသမားများ သုံးစွဲတဲ့ ရေသန့်ဘူး နှင့် အစားအသောက် ထည့်တဲ့ ပလတ်စတစ်ဘူးတွေဟာ အများအားဖြင့် တံဆိပ်မပါကြပါဘူး။

ဒါ့ကြောင့် ရေဘူးဝယ်တဲ့အခါ ဖော်ပြပါ စာလုံးတွေ ကို သေချာကြည့်ပြီး ရွေးချယ်ဝယ်ယူကြဖို့ လိုပါတယ် ။ ကျန်းမာသောဘဝကို ရရှိကြပါစေ..

_
Credit … CHAN (ရွှေအင်းလေး)

Posted in အထွေထွေကျန်းမာရေးဗဟုသုတ

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း