'' သမထကမ္မဋ္ဌာန်း .. ကသိုဏ်း - ၁၀ ပါး ''

'' သမထကမ္မဋ္ဌာန်း .. ကသိုဏ်း - ၁၀ ပါး ''

“ကသိုဏ်း” ဟူသည်ကမ္မဋ္ဌာန်းရှုသူက
အကြွင်းအကျန်မရှိ၊ အလုံးစုံ၊ အကုန်အစင်
တစ်ပြိုင်နက် ထင်မြင်အောင်ဆင်ခြင်ကြည့်
ရှုအပ်သောအာရုံဖြစ်သည်။

၁။ ပထ၀ီကသိုဏ်း _ မြေသားဒြပ်အ၀န်း
    (မြေကသိုဏ်း)

၂။ အာပေါကသိုဏ်း_ သပိတ်ဖုံးစသည်၌
    ထည့်ထားသောရေအ၀န်း (ရေကသိုဏ်း)

၃။ တေဇောကသိုဏ်း _ အ၀န်းအ၀ိုင်းသဏ္ဍာန်
    စီထားသောမီးကျည်းစု ( မီးကသိုဏ်း)

၎။ ၀ါယောကသိုဏ်း _ ဆံပင်ဖျား၊ မြက်ပင်ဖျားတို့ ကိုလေတိုးဝှေ့ သွားသည့်အခြင်းအရာ
   ( လေကသိုဏ်း)

၅။ နီလကသိုဏ်း _ အဖြူ  ခံပေါ် အညို ရောင်အ၀န်း (အညို ရောင်အဆင်းကသိုဏ်း)

၆။ ပီတကသိုဏ်း _ ရွှေရောင်အဆင်းကသိုဏ်း

၇။ လောဟိတကသိုဏ်း _ အနီရောင်အဆင်း
     ကသိုဏ်း

၈။ သြဒါတကသိုဏ်း _ အမည်းခံပေါ်အဖြူ
    ရောင်အ၀န်း (အဖြူ ရောင်အဆင်းကသိုဏ်း)

၉။ အာကာသကသိုဏ်း _ နံရံပေါက်စသည်
    (ကောင်းကင်ဟင်းလင်းပြင်ကသိုဏ်း)

၁၀။ အာလောကကသိုဏ်း _ နံရံပေါက်မှဝင်လာသောနေရောင်ကွက် (အလင်းရောင်ကသိုဏ်း)

ကသိုဏ်းဝန်းသည်အချင်းတစ်ထွာနှင့်လက်
၎သစ်ခန့် ရှိသင့်၏။

.
စာကိုး -- မင်းတင်မွန်၊ ဒေါက်တာ။ ဗုဒ္ဓအဘိဓမ္မာ
အနှစ်ချုပ်။ ၁၉၉၃။
]᠌᠌᠌ ᠌᠌

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း