'' ထိရောက်တဲ့ ပိုးဟပ် နှိမ်နှင်းဆေးနည်း ''

'' ထိရောက်တဲ့ ပိုးဟပ် နှိမ်နှင်းဆေးနည်း ''

ဘယ်စတိုးဆိုင်ကိုပဲ သွားသွား၊ ပိုးဟပ်နှိမ်နင်းဆေးများစွာ တွေ့ပါလိမ့်မယ်။ တချို့ဆေးတွေက အရမ်းထိရောက်ပေမယ့် အများစုက အဆိပ်သင့်ပြီး ကင်ဆာရောဂါအပြင် အသက်ရှူပြသနာ၊ အရေပြားနဲ့ မျက်စိကျိန်းစပ်ခြင်းစတဲ့ စိုးရိမ်စရာကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒုက္ခပေးတဲ့ အင်းဆက်အကောင်တွေ ရှင်းလင်းသုတ်သင်ဖို့အတွက် ဒီကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ကြဉ်ပြီး အဲဒီအစား သဘာဝနည်းလမ်းတွေကို ပိုပြီး ချဉ်းကပ်သင့်ပါတယ်။

'' အိမ်တွင်းဖြစ် ပိုးဟပ်နှိမ်နင်းဆေး ပါဝင်ပစ္စည်းများ ''

· ကြက်ဥအနှစ် - ၁ လုံး
· ဘိုးလ်ရစ်အက်စစ် (Boric Acid) - ၃၀-၅၀ ဂရမ်

လုပ်ပုံလုပ်နည်း

· ကြက်ဥကို boric acid နဲ့ ခပ်ပျစ်ပျစ်ဖြစ်အောင် ရောစပ်ပါ။

· အဲဒီခပ်ပျစ်ပျစ်အရောအနှောကို စက်ဝိုင်းအချင်း ၁ စင်တီမီတာ အလုံးလေးတွေအဖြစ် ပုံစံသွင်းပေးရပါမယ်။

· ဒီအလုံးတွေကို ၁ နာရီကြာ အခြောက်လှန်းပါ။

· ခြောက်သွားကြပြီဆိုတာနဲ့ မိမိအိမ်ရှိ ထောင့်နေရာတွေ၊ ဗီရိုတွေနဲ့ ပိုးဟပ်တွေ တွေ့တတ်တဲ့ နေရာတွေမှာ ထားပါ။

အဓိက ပစ်မှတ်ထားရမယ့်နေရာများ
· မီးဖိုချောင်
· အိမ်သာ၊ ရေချိုးခန်း

ပိုးဟပ်တွေဟာ အဲဒီအလုံးတွေကို စပ်စုရာမှ နောက်ဆုံး မလှုပ်မယှက်ချင်ဖြစ်စေပြီး သေကျေကြပါလိမ့်မယ်။ ဒီအလုံးလေးတွေက အိမ်မွေးတိရိ စ္ဆာန်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ Boric acid က အဆိပ်ကင်းပြီး ပိုသတ်ဆေးအများစုမှာ တွေ့နေကျပစ္စည်းတစ်ခုဖြစ်ပါတယ်။

ဒီအလုံးတွေက ထိရောက်ပြီး ၄ ပတ်အတွင်း မိမိအိမ်ကြမ်းပြင်မှာ ပိုးဟပ်အကောင်အသေများစွာ မြင်တွေ့ပါလိမ့်မယ်။

.
 Trend Myanmar

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း