အိပ်ပျော်စေနည်း

အိပ်ပျော်စေနည်း


ဒီနည်းကို ၄ - ၇ - ၈ အသက်ရှုနည်းလေ့ကျင့်ခဏ်း လို့ ခေါ်ပါတယ် ။

 ဒီနည်းဟာ ဘက်စုံဆေးပညာ (  integrative medicine ) လောကမှာ
ရှေ့ဆောင်လမ်းပြ တဦးလည်းဖြစ် ၊ ရောဂါလက္ခဏာစုံ ခြုံငုံသုံးသပ်ခြင်း
ဆေးပညာ ( holistic health ) ကျွမ်းကျင်သူတယောက်လည်းဖြစ်သော
ဒေါက်တာ အင်ဒရူးဝေ (  Dr. Andrew Weil ) ကြောင့် ပေါ်လွင်ထင်ရှား
လူသိများလာပါတယ် ။

ဒီနည်းဟာ ရိုးရှင်း လွယ်ကူပြီး အချိန်မရွေး ၊ နေရာမရွေး အသုံးပြုနိုင်ပါတယ် ။
..

လေ့ကျင့်ခဏ်း
..

အပေါ်ရှေ့ သွားရဲ့ အတွင်းဖက် သွားဖုံးကို လျှာဖျားနဲ့ ဖိကပ်ထားပါ ။
( လေ့ကျင့်ခဏ်းတလျောက်လုံး ဖိကပ်ထားရပါမယ် )

အသက်ကို ပါးစပ်ကပဲ ရှိုက်ထုတ်ရပါမယ် ။
အသက်ရှိုက်ထုတ်တဲ့အခါ ဟူးကနဲ မှုတ်ထုတ်လိုက်ပါမယ် ။
( နှုတ်ခမ်းကို အတန်ငယ် စုဝိုင်း ထားလျှင် ပိုထိရောက်ပါတယ် )

ရှုတာတော့ နှာခေါင်းကပဲ ရှုသွင်းရမှာပါ ။

..

စလုပ်ပါမယ် ..

ဘာသံမှ မထွက်စေပဲ နှာခေါင်းမှ လေရှုသွင်းရပါမယ် ။
၁ ၂ ၃ ၄ လို့ တဖြေးဖြေး ရေတွက်ပြီး  ရှုသွင်းရပါမယ် ။

၁ ၂ ၃ ၄ ၅ ၆ ၇ လို့ တဖြေးဖြေး ရေတွက်ပြီး  အသက်အောင့်ထားပါမယ် ။

တခါ ပါးစပ်မှ ဟူးကနဲ မှုတ်ထုတ်နေစဉ် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ လို့ တဖြေးဖြေး ရေတွက်ရင်း
မှုတ်ထုတ်ရပါမယ် ။

အသက်ရှုသွင်း ၄ စက္ကန့် ၊
အသက်အောင့် ၇ စက္ကန့် ၊
အသက်ရှိုက်ထုတ် ၈ စက္ကန့် ဟာ တစ်ကြိမ် ပြည့်မြောက်ပါတယ် ။

( အသက်ရှိုက်ထုတ်တဲ့အပိုင်းက အသက်ရှုသွင်းတဲ့အပိုင်းထက် ၂ဆ
အချိန် ပိုကြာပါတယ် )

.

ဒီနည်းဟာ သဘာဝ စိတ်ငြိမ်ဆေးပါဘဲ ။ အလေ့အကျင့် ပိုရလာလေ
ပိုမို ထိရောက်လေ ဖြစ်ပါတယ် ။

စိတ်ငြိမ်လာသည်နှင့်အမျှ ၊ မြန်မြန် အိပ်ပျော်သွားမှာဖြစ်ပါတယ် ။

အိပ်ဖို့အတွက်သာမကပဲ ၊ စိတ်ဖိစီးမှု ၊ သောကဖိစီးမှု ၊ အလိုမကျမှု တွေအတွက်
ပါ လေ့ကျင့်နိုင်ပါတယ် ။

.

အိပ်မပျော်ခြင်းဟာ ကြာလာတဲ့အခါ ၊ အားအင် ဆုတ်ယုတ်ပြီး ၊ လေးလံ
ထိုင်းမှိုင်းလာပါတယ် ။ သူများတွေ အိပ်နေကြပြီး ကိုယ်ပဲ မအိပ်တာဆိုတော့
စိတ်ခြောက်ခြားခြင်း ၊ စိတ် ဂယောက်ဂယက် ဖြစ်ခြင်းတွေ နဲ့ ရောဂါကြီး
တခုလို ခံစားလာရတတ်ပါတယ် ။
အိပ်လို့လည်း မပျော် ၊အိပ်ဆေးတွေလဲ မသောက်ချင် ဘူးဆိုရင် ၊ ဒီလွယ်ကူ
တဲ့ နည်းလေး စမ်းကြည့်ကြစေချင်ပါတယ် ။

.

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
7/4/2016

credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ