'' ပဝါရဏာပွဲ
'' ပဝါရဏာပွဲ ''
ပဝါရဏာပွဲဆိုသည်
မှာ
ရဟန်းတော်အချင်းချင်း ဖိတ်မံ ပန်ကြားခြင်း ဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌
မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ်
ကောသလတိုင်းဇနပုဒ်၌ ဝါဆိုတော်မူသည့်
ရဟန်းတော်များ အချင်းချင်း မခေါ်မပြောဘဲ
“စကား မပြောကြစတမ်း”ဟု ကတိကဝတ်ထား၍
နေကြခြင်းကို အကြောင်းပြုကာ ပဝါရဏာပြုခြင်း
ကို ပညတ်တော်မူခဲ့လေသည်။
ပဝါရဏာပြုခြင်းကို သီတင်းကျွတ်လပြည့်နေ့တွင်
ပုရိမဝါမှ ထတော်မူကြကုန်သော ရဟန်းတော်များ
သိမ်အတွင်း၌ စည်းဝေး၍ ဆောင်ရွက်တော်မူလေ
သည်။
ပဝါရဏာပြုရန် မြတ်စွာဘုရား ပညတ်ခြင်းမှာ-
- ရဟန်းတော်များ စိတ်ဝမ်းကွဲပြားမှုကို
ဖြေဖျောက်ရန် တစ်ဦးနှင့်တစ်ဦး
လိုက်လျောညီထွေမှုကို ဖြစ်စေလိုခြင်း၊
- သင့်ရောက်သော အာပတ် (အပြစ်)မှ
ထမြောက်စေလိုခြင်း၊
- ဝိနည်းကို ရှေးရှုစေလိုခြင်း
ဖြစ်သည်။
တနည်းအားဖြင့် ဆိုရပါမူ-
- ရဟန်းတော်များ စိတ်ဝမ်းကွဲပြားမှုကို
ဖြေဖျောက်ရန်၊
- တစ်ဦးနှင့်တစ်ဦး အကျင့်သိက္ခာနှင့် ပတ်သက်၍
သံသယကင်းရှင်းစေရန်၊
- စည်းလုံးညီညွတ်မှု ရှိရန်
ဖြစ်သည်။
အကျင့်သိက္ခာနှင့် စပ်လျဉ်း၍
ရဟန်းတ်ာအချင်းချင်း သံသယဖြစ်နေလျှင်
မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါး ထုတ်ဖော်၍
ပွင့်ပွင့်လင်းလင်း ဝန်ခံလျက် ပြုပြင်ပါမည်ဟု
ကတိပေးခြင်း ဖြစ်သည်။
ပဝါရဏာပြုရာတွင် သိက္ခာတော် (ဝါတော်)
အလိုက် အစဉ်အတိုင်း ပြုတော်မူကြရသည်။
ပဝါရဏာပြုခြင်းသည် ရဟန်းတော်များ
တစ်ပါးနှင့်တစ်ပါး
“အရှင်မြတ်တို့ဘုရား၊ သံဃာတော်ကို
တပည့်တော် ဖိတ်မံပန်ကြားပါ၏။
တပည့်တော်၌ အပြစ်ကို မြင်သည်ဖြစ်စေ,
ကြားသည်ဖြစ်စေ, မသင်္ကာသည်ဖြစ်စေ
တပည့်တော်အား အစဉ်သနားသည်ကို
အကြောင်းပြု၍ ထုတ်ဖော်ပြောပြကြပါ။
အပြစ်ကို တပည့်တော် မြင်လျှင်
ကုစားပါမည်”
ဟူ၍ ဖိတ်မံပန်ကြားခြင်းပင် ဖြစ်သည်။
-------------------------------------
ရဟန်းတော် အရေအတွက်ကို လိုက်၍
ပဝါရဏာပြုခြင်းကို အောက်ပါအတိုင်း
၇ မျိုး ခွဲခြား သတ်မှတ်ထားလေသည်။
၁။ သံဃပဝါရဏာ
၅ ပါး, ၅ ပါးထက် များသော သံဃာတော်တို့
တစ်သိမ်တည်း၌ စုဝေး၍ ပြုသော ပဝါရဏာ။
၂။ ဂဏပဝါရဏာ
၂ ပါး, ၃ ပါး, ၄ ပါးသော ရဟန်းတော်များ
ပြုသော ပဝါရဏာ။
၃။ ပုဂ္ဂလပဝါရဏာ
အဖော်မရှိ တစ်ပါးတည်းပြုသော ပဝါရဏာ။
၎။ တေဝါစိကပဝါရဏာ
၃ ကြိမ် ၃ ခါ ဆို၍ တစ်ပါးချင်းပြုသော
ပဝါရဏာ။
၅။ ဒွေဝါစိကပဝါရဏာ
တစ်စုံတစ်ခုသော အန္တရာယ်ကြောင့်
၃ကြိမ် ဆို၍မရသဖြင့် ၂ ကြိမ်သာ ဆို၍
ပြုသော ပဝါရဏာ။
၆။ ဧကဝါစိကပဝါရဏာ
တစ်စုံတစ်ခုသော အန္တရာယ်ကြောင့်
၁ ကြိမ်သာဆို၍ ပြုသော ပဝါရဏာ။
၇။ သမာနဝဿိကပဝါရဏာ
ဝါတူခြင်း စုပေါင်း၍ ၅ ပါးတစ်တွဲ၊ ၁၀ ပါးတစ်တွဲ
စသည်ဖြင့် ဆို၍ ပြုသော ပဝါရဏာ။
_______________
တနည်းအားဖြင့် ပဝါရဏာသည်-
- စာတုဒ္ဒသီပဝါရဏာ
- ပန္နရသီပဝါရဏာ
- သာမဂ္ဂီပဝါရဏာ ဟူ၍ နေ့၏အစွမ်းအားဖြင့်
၃ ပါး။
- သံဃပဝါရဏာ
- ဂဏပဝါရဏာ
- ပုဂ္ဂလပဝါရဏာ ဟူ၍ ပြုတတ်သော ကာရက
ပုဂ္ဂိုလ်၏အစွမ်းအားဖြင့် ၃ ပါး။
- တေဝါစိကပဝါရဏာ
- ဒွေဝါစိကပဝါရဏာ
- သမာနဝဿိကပဝါရဏာ ဟူ၍ ပြုအပ်သော
အခြင်းအရာ ကတ္တဗ္ဗာကာရ၏အစွမ်းအားဖြင့်
၃ ပါး ဤသို့ ၉ ပါး ရှိလေသည်။
Credit to>> ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်
ပဝါရဏာဆိုတာ
မြင်လို့ဖြစ်စေ ကြားလို့ဖြစ်စေ
ယုံမှားသံသယရှိလို့ဖြစ်စေ
အပြစ်တစ်စုံတရာရှိရင် ညွှန်ပြဖို့ ပြောဆိုဖို့ ဖိတ်မန်တာ။ ကိုယ့်အပြစ်ကို တွေ့ရှိရင် ပြုပြင် ကုစားပါ့မယ်ဘုရားလို့ ဖိတ်မန်တာ။
မထေရ်ကြီးကလည်း အကြီးဆိုပြီး မနေရဘူး။
အငယ်တွေဆီမှာ အပြစ်တွေ့က ညွှန်ပြဖို့ ပန်ပြောရတာပဲ။
အကြီးကလည်း အငယ်တွေမှာပန်ပြော
အငယ်ကလည်း အကြီးတွေဆီပန်ပြော
ဘယ်လောက်ကြည်ညို လေးစားစရာကောင်းသလဲ။
မဟာဂန္ဓာရုံ ဂန္ဓကုဋိ မဟာနာယကဆရာတော်၏ ပဝါရဏာပြု အဖွင့်သြဝါဒ
══════════════════════
တဆင့်... အရှင်သုမင်္ဂလ
ပဝါရဏာပွဲဆိုသည်
မှာ
ရဟန်းတော်အချင်းချင်း ဖိတ်မံ ပန်ကြားခြင်း ဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌
မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ်
ကောသလတိုင်းဇနပုဒ်၌ ဝါဆိုတော်မူသည့်
ရဟန်းတော်များ အချင်းချင်း မခေါ်မပြောဘဲ
“စကား မပြောကြစတမ်း”ဟု ကတိကဝတ်ထား၍
နေကြခြင်းကို အကြောင်းပြုကာ ပဝါရဏာပြုခြင်း
ကို ပညတ်တော်မူခဲ့လေသည်။
ပဝါရဏာပြုခြင်းကို သီတင်းကျွတ်လပြည့်နေ့တွင်
ပုရိမဝါမှ ထတော်မူကြကုန်သော ရဟန်းတော်များ
သိမ်အတွင်း၌ စည်းဝေး၍ ဆောင်ရွက်တော်မူလေ
သည်။
ပဝါရဏာပြုရန် မြတ်စွာဘုရား ပညတ်ခြင်းမှာ-
- ရဟန်းတော်များ စိတ်ဝမ်းကွဲပြားမှုကို
ဖြေဖျောက်ရန် တစ်ဦးနှင့်တစ်ဦး
လိုက်လျောညီထွေမှုကို ဖြစ်စေလိုခြင်း၊
- သင့်ရောက်သော အာပတ် (အပြစ်)မှ
ထမြောက်စေလိုခြင်း၊
- ဝိနည်းကို ရှေးရှုစေလိုခြင်း
ဖြစ်သည်။
တနည်းအားဖြင့် ဆိုရပါမူ-
- ရဟန်းတော်များ စိတ်ဝမ်းကွဲပြားမှုကို
ဖြေဖျောက်ရန်၊
- တစ်ဦးနှင့်တစ်ဦး အကျင့်သိက္ခာနှင့် ပတ်သက်၍
သံသယကင်းရှင်းစေရန်၊
- စည်းလုံးညီညွတ်မှု ရှိရန်
ဖြစ်သည်။
အကျင့်သိက္ခာနှင့် စပ်လျဉ်း၍
ရဟန်းတ်ာအချင်းချင်း သံသယဖြစ်နေလျှင်
မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါး ထုတ်ဖော်၍
ပွင့်ပွင့်လင်းလင်း ဝန်ခံလျက် ပြုပြင်ပါမည်ဟု
ကတိပေးခြင်း ဖြစ်သည်။
ပဝါရဏာပြုရာတွင် သိက္ခာတော် (ဝါတော်)
အလိုက် အစဉ်အတိုင်း ပြုတော်မူကြရသည်။
ပဝါရဏာပြုခြင်းသည် ရဟန်းတော်များ
တစ်ပါးနှင့်တစ်ပါး
“အရှင်မြတ်တို့ဘုရား၊ သံဃာတော်ကို
တပည့်တော် ဖိတ်မံပန်ကြားပါ၏။
တပည့်တော်၌ အပြစ်ကို မြင်သည်ဖြစ်စေ,
ကြားသည်ဖြစ်စေ, မသင်္ကာသည်ဖြစ်စေ
တပည့်တော်အား အစဉ်သနားသည်ကို
အကြောင်းပြု၍ ထုတ်ဖော်ပြောပြကြပါ။
အပြစ်ကို တပည့်တော် မြင်လျှင်
ကုစားပါမည်”
ဟူ၍ ဖိတ်မံပန်ကြားခြင်းပင် ဖြစ်သည်။
-------------------------------------
ရဟန်းတော် အရေအတွက်ကို လိုက်၍
ပဝါရဏာပြုခြင်းကို အောက်ပါအတိုင်း
၇ မျိုး ခွဲခြား သတ်မှတ်ထားလေသည်။
၁။ သံဃပဝါရဏာ
၅ ပါး, ၅ ပါးထက် များသော သံဃာတော်တို့
တစ်သိမ်တည်း၌ စုဝေး၍ ပြုသော ပဝါရဏာ။
၂။ ဂဏပဝါရဏာ
၂ ပါး, ၃ ပါး, ၄ ပါးသော ရဟန်းတော်များ
ပြုသော ပဝါရဏာ။
၃။ ပုဂ္ဂလပဝါရဏာ
အဖော်မရှိ တစ်ပါးတည်းပြုသော ပဝါရဏာ။
၎။ တေဝါစိကပဝါရဏာ
၃ ကြိမ် ၃ ခါ ဆို၍ တစ်ပါးချင်းပြုသော
ပဝါရဏာ။
၅။ ဒွေဝါစိကပဝါရဏာ
တစ်စုံတစ်ခုသော အန္တရာယ်ကြောင့်
၃ကြိမ် ဆို၍မရသဖြင့် ၂ ကြိမ်သာ ဆို၍
ပြုသော ပဝါရဏာ။
၆။ ဧကဝါစိကပဝါရဏာ
တစ်စုံတစ်ခုသော အန္တရာယ်ကြောင့်
၁ ကြိမ်သာဆို၍ ပြုသော ပဝါရဏာ။
၇။ သမာနဝဿိကပဝါရဏာ
ဝါတူခြင်း စုပေါင်း၍ ၅ ပါးတစ်တွဲ၊ ၁၀ ပါးတစ်တွဲ
စသည်ဖြင့် ဆို၍ ပြုသော ပဝါရဏာ။
_______________
တနည်းအားဖြင့် ပဝါရဏာသည်-
- စာတုဒ္ဒသီပဝါရဏာ
- ပန္နရသီပဝါရဏာ
- သာမဂ္ဂီပဝါရဏာ ဟူ၍ နေ့၏အစွမ်းအားဖြင့်
၃ ပါး။
- သံဃပဝါရဏာ
- ဂဏပဝါရဏာ
- ပုဂ္ဂလပဝါရဏာ ဟူ၍ ပြုတတ်သော ကာရက
ပုဂ္ဂိုလ်၏အစွမ်းအားဖြင့် ၃ ပါး။
- တေဝါစိကပဝါရဏာ
- ဒွေဝါစိကပဝါရဏာ
- သမာနဝဿိကပဝါရဏာ ဟူ၍ ပြုအပ်သော
အခြင်းအရာ ကတ္တဗ္ဗာကာရ၏အစွမ်းအားဖြင့်
၃ ပါး ဤသို့ ၉ ပါး ရှိလေသည်။
Credit to>> ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက်သစ်
ပဝါရဏာဆိုတာ
မြင်လို့ဖြစ်စေ ကြားလို့ဖြစ်စေ
ယုံမှားသံသယရှိလို့ဖြစ်စေ
အပြစ်တစ်စုံတရာရှိရင် ညွှန်ပြဖို့ ပြောဆိုဖို့ ဖိတ်မန်တာ။ ကိုယ့်အပြစ်ကို တွေ့ရှိရင် ပြုပြင် ကုစားပါ့မယ်ဘုရားလို့ ဖိတ်မန်တာ။
မထေရ်ကြီးကလည်း အကြီးဆိုပြီး မနေရဘူး။
အငယ်တွေဆီမှာ အပြစ်တွေ့က ညွှန်ပြဖို့ ပန်ပြောရတာပဲ။
အကြီးကလည်း အငယ်တွေမှာပန်ပြော
အငယ်ကလည်း အကြီးတွေဆီပန်ပြော
ဘယ်လောက်ကြည်ညို လေးစားစရာကောင်းသလဲ။
မဟာဂန္ဓာရုံ ဂန္ဓကုဋိ မဟာနာယကဆရာတော်၏ ပဝါရဏာပြု အဖွင့်သြဝါဒ
══════════════════════
တဆင့်... အရှင်သုမင်္ဂလ

Comments
Post a Comment