သွေးတိုး မကြောက်သည့် ဒို့အမျိုးတွေ

သွေးတိုး မကြောက်သည့် ဒို့အမျိုးတွေ


.

မနေ့က နေပူထဲက ပြန်လာပြီး ရေချိုးလိုက်တာ
ခဏနေတော့ ချမ်းစိမ့် ချမ်းစိမ့် ဖြစ်လာတယ် ..
သွေးတိုးလို့လား မသိဘူး ..

.

မနက်တုန်းက ကောက်ညှင်းပေါင်းစားတယ် .
ခု နေ့လည်ကျတော့ တကိုယ်လုံး အပိန့်တွေထွက်ပြီး
ယားလာတယ် ..
သွေးတိုးလို့လား မသိဘူး ..

.

ကတုန်ကယင်ဖြစ်ပြီး ရင်တွေ တုန်နေတာ
သွေးတိုးတာလား မသိဘူး ..

.

မသယ်ချင်ဘူး
ညောင်းညာကိုက်ခဲနေတယ် ..
သွေးတိုးသလား မသိဘူး ..

.

ခေါင်းတွေကိုက် ဇက်တွေထိုး နေတာ
သွေးတက်သလား မသိဘူး ..

.

မျက်နှာကြီး အစ်နေတယ် ..
သွေးတက်သလား မသိဘူး ..

.

ဗိုက်ထဲက ခဏခဏ ထိုးထိုး နာတယ် ..
သွေးတိုးလို့လား မသိဘူး ..

.

ညည အိပ်မပျော်တာ ကြာပြီ ..
သွေးတိုးလို့လား မသိဘူး ..

.

သွေးပေါင် တိုင်းကြည့်စမ်းပါ ..
သွေးတိုးတယ် ထင်လို့ ..

.

သွေး အတက်အကျ ဘယ်လိုရှိလဲ
( ဆရာဝန် စမ်းသပ်ပြီးတာနဲ့ လူနာတိုင်း မေးတာ )

.

တကယ်တန်း သွေးတိုးရောဂါဖြစ်ရင် လက္ခဏာ မပြပါဘူး .
ပုံမှန် စမ်းသပ်ရင်းနဲ့ တွေ့ရတာပါ .

လူနာတွေက မိမိ ကျန်းမာရေးအခြေအနေကို
သွေးပေါင် အတက်အကျနဲ့ ခန့်မှန်းကြပါတယ် .
လူနာတိုင်းပါပဲ .
နေထိုင်မကောင်းရင် သွေးပေါင် ကျရမယ် .
ကျန်းမာရင် သွေးပေါင် မှန်ရမယ် .
အဲဒီလို မှတ်ထားကြတယ် .
( ဘယ်လို တတ်လာကြသလဲ မပြောတတ်ဘူး )

မဆီမဆိုင်တွေပြော
မဆီမဆိုင်တွေတွေး

သူတို့ရဲ့ မဟုတ်တရုတ်အတွေးကို
မရှက်မရွံ့ဘဲ ဆရာဝန်ကို ထုတ်ပြောဝံ့တယ် .
မကြောက်မလန့် ဘဲ ဆရာဝန်ကို ဆရာပြန်လုပ်ရဲတယ် .

.

တကယ် သွေးတိုးရောဂါ ရှိနေတဲ့ လူနာတွေကျတော့

.

အမေကြီး
သွေးပေါင် ၂၂၀ / ၁၂၀ ရှိတယ် ..

( ကျမ ဘယ်လိုမှ မနေဘူး ဆရာ
ဒါကြောင့် ဆေးဖြတ်ထားတာ ကြာပြီ )

.

အဘကြီး
သွေးပေါင် ၁၈၀ / ၁၁၀ ဖြစ်နေတယ်

( ဘယ်လိုမှ မနေဘူး ဆရာ .. အားဆေးပဲ ထိုးပေးပါ )

.

သွေးတိုးရောဂါ တကယ်လည်း ရရော
ဆေး မှန်မှန် မသောက်ဘူး .
သွေး မှန်မှန် မချိန်ဘူး .
ဗိန္ဓောဆေး ဖော်သောက်တယ် .
အမြစ်ပြတ်ဆေး ရှာတယ် .
လူပြောများတဲ့ဆေး ဝယ်သောက်တယ် .
ဆရာဝန်ကို အားမထားတော့ဘူး .

သွေးတိုးရောဂါ မရခင်ကတော့
သွေးပေါင်ချိန် မေးရတာ အလုပ်တခု .
အမှန်တကယ် သွေးတိုးရောဂါ စွဲပြီဆိုတော့
ဂရုကို မစိုက်တော့ဘူး ..

.

Dr . Myint Thein
21/4/2017

credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ