အုန်းရေ
' အုန်းရေ '
အုန်းရေဟာ အနည်းငယ် အချိုပေါ့ပါတယ် ။
အာဟာရဓါတ် အလွန်ပြည့်ဝပါတယ် ။
သွေးသားကို သန့် စင်စေပါတယ် ။
သောက်လိုက်ရရင် လန်းဆန်းပြီး အမောအပမ်း ပြေစေပါတယ် ။
အုန်းရေ ထဲမှာ ဗီတာမင် ဘီကွန်ပလက် အပြည့်အ၀ ပါဝင်ပါတယ် ။
သတ္တုဓါတ်များဖြစ်တဲ့ ကယ်လဆီယံ ၊ သံဓါတ် ၊ မဂ္ဂနီဆီယံ ၊ ပိုတက်ဆီယံ ၊ဇင့် ၊ မန်းဂနိတို့ လည်း ပါရှိပါတယ် ။
.
အုန်းရေဟာ ဓါတ်ဆားရေ ( လျပ်လိုက်ဖျော်ရည် Electrolyte ) နဲ့ တူညီပါတယ် ။
လူ့ သွေးထဲက ပလာစမာ ( Plasma ) နဲ့ ထပ်တူ တူညီပါတယ် ။
လူ့ သွေးရဲ့ 55% ဟာ Plasma ဖြစ်ပါတယ် ။ ဒါကြောင့် ပစိဖိတ်စစ်ပွဲ (1941 - 1945 )
ကာလတုန်းက ရှေ့တန်းမှာ ဒဏ်ရာရ စစ်သားတွေကို အုန်းသီးက တိုက်ရိုက် သွေးအစားထိုး အုန်းရေ သွင်း ကုသခဲ့ကြရဖူးပါတယ် ။
.
အုန်းရေမှာ Cytokinin အမြောက်အများ ပါဝင်တဲ့အတွက်ကင်ဆာရောဂါ ၊ သွေးပြန်ကြောသွေးခဲပိတ်ရောဂါ ( Thrombosis )နဲ့ အိုမင်းရင့်ရော်ခြင်း ကို ကာကွယ်တာဆီးပေးနိုင်ပါတယ် ။
အုန်းရေမှာ ကယ်လိုရီ ပါဝင်မှုနည်းပါးတဲ့အတွက် ၀ိတ်ချဖျော်ရည် အနေနဲ့ အဖိုးတန်ပါတယ် ။
အုန်းရေဟာ အရေဓါတ်ဖြည့်တင်းရာမှာ ဆဲလ်များသို့တိုင်ရောက်ရှိနိုင်သဖြင့်အားကစားသမားများအတွက် အားဖြည့်အချိုရေ အနေနဲ့ အဖိုးတန်ပါတယ် ။
PH Level ကို ထိန်းညှိနိုင်ပြီး ၊ ကိုယ်ခံအားစံနစ်အစွမ်းကို တိုးမြှင့်ပေးနိုင်သလို ၊ကျောက်ကပ်က အဆိပ်အတောက်ဖယ်ရှားရာမှာ အထောက်အကူပေးနိုင်လို့ ကျောက်တည်ခြင်း ဖြစ်ပွားမှုကို လျော့နည်းစေပါတယ် ။
.
နှလုံးသွေးကြော သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ၊ သွေးတိုးကို ကျစေပါတယ် ။
.
နာတာရှည်ဝေဒနာများ ( ခေါင်းတခြမ်းကိုက်ခြင်း ( Migraines ) ၊ ထိပ်ခတ်နာ ( Sinusitis ) ၊ အဆုပ်ပွခြင်း ( COPD ) ၊ ကြွက်သားအရွတ်များ နာကျင်ခြင်း ( Firbromyalgia ) ၊ ပန်းနာရောဂါ ၊ သားဥအိမ်ရေအိတ်တည်ခြင်း( Polycystic Ovary Syndrome , PCOS ) ၊ နှလုံးကြွက်သားများထိခိုက်ခြင်း ၊၀က်ရူးရောဂါ ၊ အူရောင်ရမ်းခြင်း ( Chron’s disease ) ၊ သွေးတိုးရောဂါ ၊ဦးနှောက်အာရုံကြောရောဂါ ( Multiple sclerosis ) ၊ ခြေတုန်လက်တုန်ရောဂါ
( Parkinson’s disease ) ၊ အဆစ်အမြစ်ရောင်ရောဂါ ( Arthritis ) ၊ လူးပတ်ရောဂါ( Lupus ) စသည့်တို့ အတွက် အသုံးဝင်ပါသည် ။
အနာကျက်ရန် ၊ အသားအရေ ချောမွေ့ ရန် ၊ အရေပြားခြောက်ခြင်းပျောက်ကင်းရန်
အုန်းရေကို တိုက်ရိုက်လိမ်းကျံ သုံးစွဲနိုင်ပါသည် ။
.
ကိုယ်ဝန်ဆောင်မိခင်များ ၊ နို့စို့ ခလေးငယ်များ ၊ နလံထ လူနာများအတွက် သောက်သုံးရန် အသင့်တော်ဆုံး ဖြစ်ပါသည်။
.
မြန်မာအများစုက အုန်းရေကို အဆိပ်ရေ သဖွယ် ကြောက်ရွံ့ နေကြပါသည် ။ယခုစာကို ဖတ်မိကြပြီး အဖိုးတန်အုန်းရေ ၏ တန်ဖိုးကို လက်ခံယုံကြည်ပါက
နီးစပ်ရာအသိုင်းအ၀ိုင်းတွင် ဗဟုသုတ ပြန်လည်ဖြန့် ဖြူးကြစေလိုပါသည် ။
.
Ref : Medical Medium
.
ကျန်းမာချမ်းသာကြပါစေခင်ဗျား
ဒေါက်တာမြင့်သိန်း
25 May 2015
#credit_Dr_Myint_Thein

Comments
Post a Comment