နေကြာစေ့



နကြာစေ့ '

နေကြာစေ့မှာပါတဲ့ အဆီက poly-unsaturated fatty acid (linoleic acid ) နဲ့
mono-unsaturated (oleic acid )တို့ ဖြစ်ပါတယ် ။
poly-unsaturated fatty acid (linoleic acid ) က ကယ်လိုရီစွမ်းအင် ပေးပါတယ် ။

mono-unsaturated oleic acid က LDL bad cholesterol ကို လျော့ပါးစေပြီး
HDL good cholesterol ကို တိုးပွားစေပါတယ် ။ ဒါကြောင့် နှလုံးသွေးကြောကျဉ်း
ရောဂါ နဲ့ လေဖြတ်ခြင်း တို့ ကို ကာကွယ်ပါတယ် ။

ပရိုတိန်းအသားဓါတ် ဖြစ်တဲ့ အမိုင်နိုအက်စစ် ( tryptophan ) ဟာ ခလေးသူငယ်များ
ကြီးထွားဖွင့်ဖြိုးရေး အတွက် အလွန်ကောင်းပါတယ် ။

ပိုလီဖီနော ကွန်ပေါင်းများ ဖြစ်တဲ့ chlorogenic acid , quinic acid , caffeic.acid
တို့ ဟာ အစွမ်းထက်တဲ့ ဓါတ်တိုးကာကွယ်ပစ္စည်းများဖြစ်ပါတယ် ။

chlorogenic acid က သွေးထဲက သကြားဓါတ်ကို လျော့ချပေးပါတယ် ။
နေကြာစေ့ ဟာ Vitamin E အလွန်ကြွယ်ဝပါတယ် ။
ဗီတာမင် B1 , B2 , B6 , niacin , folic acid , panthothenic acid တို့ လဲ ကြွယ်ဝပါတယ် ။

ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်တဲ့ Folic acid ဟာ နေကြာစေ့ မှာ အံ့သြလောက်အောင် ပေါကြွယ် ပါတယ် ။
Niacin နဲ့ Pyridoxine ဟာလဲ ပေါပေါများများ ပါဝင်ပါတယ် ။

Niacin က LDL ကို လျော့ချ ပေးပါတယ် ။ ဦးနှောက်အာရုံကြောအတွက်လဲ ကောင်းတာမို့ ပူပန်သောက ဝေဒနာ ၊ ကယောင်ခြောက်ခြား ဝေဒနာတွေအတွက်ကောင်းပါတယ် ။

Calcium, iron, manganese, zinc, magnesium, selenium, and copper စတဲ့ သတ္တုဓါတ်တွေကလဲ အများအပြား ပါဝင်ပါတယ် ။

...

နေကြာစေ့ကို ဟိုတုန်းက ရုပ်ရှင်ရုံထဲ မ၀င်ခင် အလုံအလောက် ၀ယ်ပြီး ၊ ရုပ်ရှင်ကြည့်စဉ် တဖြောက်ဖြောက် ၀ါးစားရတာ အရသာတမျိုးဖြစ်ပါတယ် ။ လူအတော်များများ နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ် ။

အဲဒီတုန်းကလဲ နေကြာစေ့ဟာ နှလုံးရောဂါ သွေးတိုးရောဂါ ဖြစ်စေတယ် ဆိုပြီး အထိတ်တလန့် ဖြစ်ခဲ့ ကြရပါသေးတယ် ။

နေကြာစေ့မှာ အထက်ဖော်ပြပါ ဂုဏ်သတ္တိတွေ ရှိနေတာကို တွေ့ ရှိလာတဲ့ အခုအခါမှာတော့ အဆန်ရော ၊ အဆီရောကို ရဲရဲတင်းတင်း သုံစွဲနိုင်ကြပြီ ဖြစ်ပါတယ် ။

...

ဒေါက်တာမြင့်သိန်း
၁၆ သြဂုတ် ၂၀၁၄

#credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ