ထောပတ်တု (သို့မဟုတ်) မာဂျရင်း ခေါ် ဟင်းရွက်ဆီ
' ထောပတ်တု (သို့မဟုတ်) မာဂျရင်း ခေါ် ဟင်းရွက်ဆီ
မာဂျရင်း ဆိုတာ
ဟင်းရွက်ဆီကနေ ထုတ်လုပ်တာ ဆိုပြီးတော့ ကျနော်တို့ တွေ
အတော် အားထားခဲ့ကြဘူးပါတယ် ။
ဟင်းရွက်က ဆိုတော့
အန္တရာယ် ကင်းတယ်လို့ ထင်ခဲ့ကြတာကိုး ။
ဟော အခုတော့ ဖြစ်ပြန်ပြီ ။
မာဂျရင်း မကောင်းဘူးတဲ့ ။
မာဂျရင်း မကောင်းတဲ့ အချက် တွေ ထုတ်နုတ်ပြခဲ့ပါပြီ။
.
၁ ။ မာဂျရင်းဟာ trans fatty acid အများကြီး ပါ ပါတယ်တဲ့ ။
အဲဒီ trans fatty acid ဟာ နှလုံးရောဂါ ဖြစ်နှုံး တိုးစေပါသတဲ့ ။
အခန်းအပူချိန်မှာ ပိုခဲလေ trans fatty acid ပိုပါလေ ဘဲတဲ့ ။
( trans fatty acid ဟာ မပြည့်ဝသောအဆီဖြစ်ပါတယ် ။ သဘာဝအတိုင်း
မဟုတ်ဘဲ ဟင်းရွက်ဆီကို ဟိုက်ဒြိုဂျင်ဖိနှိပ်ထဲ့သွင်းခြင်း ဖြင့်
မာဂျရင်းပြုလုပ်ရာမှာ ဖြစ်လာသော အဆီဖြစ်ပါတယ် )
.
၂ ။ မာဂျရင်းဟာ ကိုလက်စထရော ( Total Cholestrol ) ကို တိုးစေပါသတဲ့ ။
နောက် Low density lipoprotein - LDL ခေါ်တဲ့ အဆီဆိုး ကိုလဲ
တိုးစေပါသတဲ့ ။
နောက် High density lipoprotein - HDL ခေါ်တဲ့ အဆီကောင်း ကိုလဲ လျော့
စေပါတယ်တဲ့ ။
( ကိုလက်စထရော များလွန်းရင် ၊ LDL များရင် သွေးတိုး နှလုံး
ဖြစ်တတ်ပါတယ် ။
HDL များရင် သွေးတိုး နှလုံး ကို ကာကွယ် ပါတယ် ။)
.
၃ ။ မာဂျရင်းဟာ နို့တိုက်မိခင် ရဲ့ နို့ ရည်ကို ညံ့ဖျင်းစေပါတယ် ။
မိခင်နို့ရည်ထဲ မှာ trans fatty acid တွေ ပါဝင်မှု များပြားစေလို့ပါဘဲ ။
.
၎ ။ မာဂျရင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအား စံနစ်ကို အားလျော့စေပါတယ် ။
.
၅ ။ ဆီးချို ဝေဒနာရှင်တွေမှာ အင်ဆူလင် မတိုးတာမျိုး ဖြစ်စေပါတယ် ။
.
…
မိတ်ဆွေတဦးက .. ငါးခြောက်စားပြီး သွေးတိုးခံမဲ့ အစား
ဝက်သားစားပြီး သွေးတိုးခံမယ် ဆိုပြီး ရယ်စရာ ပြောသလို
မာဂျရင်း ထောပတ်တု စားမယ့်အစား ထောပတ်အစစ် ကိုဘဲ
သတိနဲ့ စားသုံးကြဘို့ ပါ ။
…
ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ
.
ဒေါက်တာမြင့်သိန်း
၁၁ သြဂုတ် ၂၀၁၄
(#credit_Dr_Myint_Thein)

Comments
Post a Comment