" ထေရဝါဒဗုဒ္ဓအလို နိဗ္ဗာန် နှင့် သုံးဆယ်တစ်ဘုံ "

" ထေရဝါဒဗုဒ္ဓအလို နိဗ္ဗာန် နှင့် သုံးဆယ်တစ်ဘုံ "

ဗုဒ္ဓ၀ါဒစကြ၀ဠာအယူအဆသည် စိတ်ပညာနှင့် ခန္ဓာဗေဒဆိုင်ရာ ဘ၀အတွေးအမြင်နှင့် ဆက်နွယ်မှုရှိသည်။ သို့ရာတွင်
ဗုဒ္ဓ၀ါဒအယူအဆသည် မမြင်နိုင်သောသတ္တ၀ါတို့သည် စိတ်တွင်သာတည်ရှိ၏ဟူသောအယူအဆကို ငြင်းဆိုသည်။ နိဗ္ဗာန်
အကြောင်း မည်သို့ဆိုနိုင်သနည်း။ နိဗ္ဗာန်သည်လည်း စိတ်ထဲမှာပင် တည်ရှိသည်ဟု ဆိုနိုင်ပါသလော။ မမြင်နိုင်သော
သက်ရှိများနှင့် ပတ်သက်သည့် အတွေ့အကြုံမရှိသူများအဖို့ သံသယဖြစ်ဖွယ်များစွာရှိသည်။ သို့ဖြစ်၍ ဗုဒ္ဓ၀ါဒစကြ၀ဠာ
အယူအဆကိုလေ့လာရန်နှင့် သက်ရှိအားလုံး၏ ဘ၀ဖြစ်တည်မှုနှင့် စကြ၀ဠာတို့ ဆက်နွယ်ပတ်သက်ပုံ အရေးပါမှုကို နား
လည်ရန်လိုသည်။ ဗုဒ္ဓ၀ါဒစကြ၀ဠာအယူအဆအရ သက်ရှိတို့၏ဘ၀ကို အခြေခံအားဖြင့် ဘုံဌာနသုံးမျိုး ခွဲခြားနိုင်သည်။
ယင်းတို့မှာ –
၁။ ကာမဘုံ၊ ကာမသုဂတိ ခုနစ်ဘုံနှင့် အပါယ်လေးဘုံ
၂။ ရူပဘုံ၊ ရုပ်သဏ္ဌာန်နှင့် နာမ်ရှိ ရူပဆယ့်ခြောက်ဘုံ
၃။ အရူပဘုံ၊ ရုပ်သဏ္ဌာန်မဲ့ နာမ်သာရှိ အရူပလေးဘုံ တို့ဖြစ်သည်၁၁၉။
အထက်ပါဖော်ပြချက်မှာ ဤသုတေသနပြုမှုအပေါ် နောက်ထပ်အသေးစိတ်ဖော်ပြမှုအတွက် ဗုဒ္ဓ၀ါဒစကြ၀ဠာအယူ
အဆအနှစ်ချုပ်ဖြစ်သည်။ အချို့မှာ နတ်ဘုံ ငရဲဘုံကဲ့သို့သော ဘုံဌာနများနှင့် နိဗ္ဗာန်တို့ကို မျက်စိဖြင့်မတွေ့မြင်နိုင်သော
ကြောင့် ယင်းအစစ်အမှန်တရားများမှာ စိတ်ထဲတွင်သာရှိသည်ဟု ယူဆကြသည်။ ဤအချက်၌ ဗုဒ္ဓ၀ါဒအတွင်းမှ ဘဝ
တည်ရှိမှုယူဆချက် အခြေခံကို ရှင်းပြသင့်သည်။ ရှေးဦးစွာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာနှစ်မျိုးတို့၏ ခြားနားချက်ကို
နားလည်အောင် ကြိုးပမ်းရမည်ဖြစ်သည်။
သမ္မုတိသစ္စာဟူသည်ကို နေ့စဉ်ဘ၀ ပေါင်းသင်းဆက်ဆံရေး၌ ယေဘုယျအသုံးပြုသည့် အမှန်တရားအဖြစ် ယူဆ
သည်။ သမ္မုတိသစ္စာကို အသုံးပြုလျက် ခေါ်ဝေါ်ပြောဆိုမှုပုံစံများစွာရှိသည်။ မိန်းမ၊ ယောက်ျား၊ ခန္ဓာကိုယ်၊ အိပ်ရာ၊ ထိုင်
ခုံ စသည်အားလုံးမှာ သမ္မုတိသစ္စာ၏ ဥပမာများဖြစ်ကြသည်။ ယင်းတို့အားလုံးမှာ စိတ်၊ ဖဿ၊ ပထ၀ီ၊ အာပေါဟူသော
အမည်နာမများကဲ့သို့ အစစ်အမှန်တည်ရှိတရားများ မဟုတ်ကြချေ။ သို့ဖြစ်၍ ယင်းအမည်များနှင့် ယင်းတို့ဖော်ပြသည့် အ
ရာများကို ခေါ်ဝေါ်သုံးစွဲရုံမျှသာ အရေးပါသဖြင့် သမ္မုတိသစ္စာ အများသုံးအတွက်မှန်ကန်သော ပုံစံများဟုခေါ်သည်၁၂၀။
ပရမတ္ထသစ္စာဟူသည် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏဟူသော ခန္ဓာငါးပါးကဲ့သို့သော ဓမ္မသဘာဝတို့၏ အနှစ်
သာရကို ဖော်ပြရန်အသုံးပြုသော အမှန်တရားဖြစ်သည်။ မဖောက်ပြန်သော အမှန်တရားဟူသည် ယင်းသဘာဝတရားတို့
ကို ရည်ညွှန်းသည်။ ပရမတ္ထသစ္စာဟူသည် စုပေါင်းအမည်တစ်ခုမျှသာမဟုတ်ဘဲ ဗုဒ္ဓ၀ါဒကျမ်းဂန်များအရ အမှန်တကယ်
တည်ရှိသော အရာများကို ရည်ရွယ်ခြင်းဖြစ်သည်။ ဤ၌ လယ်တီဆရာတော်က “သမ္မုတိသစ္စာသည် မှားယွင်းမှုကို တား
ဆီးပြီး ပရမတ္ထသစ္စာသည် စိတ်ကူးယဉ်မှားယွင်းမှုကို ကာကွယ်သည်”ဟု ညွှန်ပြခဲ့သည်၁၂၁။ ယင်းအမှန်တရားနှစ်မျိုးနှင့်
ပတ်သက်၍ သက်ရှိတို့တည်ရှိမှုနှင့် နိဗ္ဗာန်တည်ရှိမှုသည် ယင်းခေါင်းစဉ်နှစ်မျိုးအောက်တွင် အသီးသီးပါဝင်ကြသည်။
ဗုဒ္ဓ၀ါဒစာပေအရ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ အမှန်တရားနှစ်ခုသည် ပါဠိတော်ကျမ်းဂန်များ၌ တိုက်ရိုက်မလာရှိ
ဘဲ အဋ္ဌကထာ ဋီကာကျမ်းများ၌သာ တွေ့ရသည်၁၂၂။ သို့ရာတွင် အဋ္ဌကထာကျမ်းများ၌ဖော်ပြသည့် နီတတ္ထ (တိုက်ရိုက်
အဓိပ္ပာယ်)နှင့် နေယျတ္ထ(သွယ်ဝိုက် သို့မဟုတ် တင်စား) အဓိပ္ပာယ်ဟူသော အမှန်တရားများမှာ လက်တွေ့အသုံးဝင်လှ
သည်၁၂၃။ သို့ရာတွင် ဗုဒ္ဓရှင်တော်မြတ်သည် မိမိ၏တရားတော်များ၌ ပရမတ္ထသစ္စာနှင့်ပတ်သက်သော ဓမ္မအနှစ်သာရကို
နားလည်နိုင်စေရန် ပရိသတ်အား တရားဒေသနာ ဟောကြားတော်မူသောအခါ သမ္မုတိသစ္စာကို အသုံးပြုသည်သာ ဖြစ်
သည်။ ဤအချက်နှင့်ပတ်သက်၍ “သမ္မုတိသစ္စမောက္ခမေ၀ ပရမတ္ထသစ္စာဓိဂမော ဟောတိ (သမ္မုတိသစ္စာကိုအမှီပြု၍သာ
လျှင် ပရမတ္ထသစ္စာကို ထိုးထွင်း၍ သိမြင်နိုင်၏)” ဟုဖော်ပြသည်၁၂၄။
သမ္မုတိသစ္စာအမြင်ရှုထောင့်မှ သက်ရှိတို့သည် အမှန်ပင် တည်ရှိသည်။ သို့ရာတွင် တစ်စုံတစ်ရာကို တည်ရှိ၏ဟုဆို
နိုင်ရန် ယင်းကို တစ်နည်းနည်းဖြင့် သက်သေပြရန် လိုအပ်သည်။ ဗုဒ္ဓ၀ါဒပညာရှင်များသည် “တည်ရှိခြင်း” ဟူသည်
“အကြောင်းကြောင့် ဖြစ်ခြင်း” “ပြုပြင်ခံရခြင်း” “ဖန်တီးခံရခြင်း” “တစ်စုံတစ်ခုကို အမှီသဟဲပြုပြင်း” ဟု နားလည်ရန် ကြိုးပမ်း
ခဲ့ကြသည်၁၂၅။ ယင်းသည် သက်ရှိတို့တည်ရှိမှုကို အသိအမှတ်ပြုရန် ဗုဒ္ဓ၀ါဒအတွေးအမြင် အခြေခံဖြစ်သည်။ သို့ရာတွင်
ယင်းယူဆချက်ကို သမ္မုတိသစ္စာအတွက်သာ အသုံးပြုပြီး ပရမတ္ထသစ္စာအတွက် အသုံးမပြုချေ။
ဤဖော်ပြချက်၌ ဘ၀တည်ရှိမှု အယူအဆများသည် သက်ရှိများနှင့် မတ (သေခြင်း) အမတ (မသေခြင်း)တို့နှင့် သက်
ဆိုင်သဖြင့် သမ္မုတိသစ္စာနှင့် ပိုမိုပတ်သက်သည်။ သေခြင်းသဘာဝသည် သက်ရှိတို့၏ ရှောင်လွှဲမရသောအရာ ဖြစ်သည်။
သက်ရှိမျိုးကွဲ များစွာရှိသော်ငြားလည်း ဒိဋ္ဌသတ္တ (မြင်ကောင်းသတ္တ၀ါ)နှင့် အဒိဋ္ဌသတ္တ (မမြင်ကောင်းသတ္တ၀ါ) ဟု အုပ်စု
နှစ်ခု ခွဲခြားနိုင်သည်။ ဗုဒ္ဓ၀ါဒစကြ၀ဠာအယူအဆသည် သုံးဆယ့်တစ်ဘုံကို အခြေခံသည့် သက်ရှိပုံစံအမျိုးမျိုးကို အသေး
စိတ်ဖြော်ပရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဗုဒ္ဓ၀ါဒအစဉ်အလာတွင် မြင်ကောင်းမမြင်ကောင်းသော သက်ရှိတို့ပါဝင်သည့်
ဖော်ပြပြီး ဘုံဌာနသုံးမျိုးကို အသုံးပြုလေ့ရှိသည်။ သို့တစေ သုံးဆယ့်တစ်ဘုံကို ဤကျမ်း၌ အသုံးပြုရာတွင် သက်ရှိ၊
သေခြင်းနှင့် သေခြင်းမဲ့အခြေအနေတို့၏ ပုံသဏ္ဌာန်ကို စိတ်ပညာအမြင်ဖြင့်ဖော်ပြမူ ပိုမိုရှင်းလင်းလိမ့်မည်ဖြစ်သည်။
အဘိဓမ္မတ္ထသင်္ဂဟပါဠိကျမ်းနှင့်အညီ သုံးဆယ့်တစ်ဘုံရှိ ပုဂ္ဂိုလ်အသီးသီးနှင့် နိဗ္ဗာန်တို့ ဆက်နွယ်နေပုံကို သရုပ်ဖော်နိုင်ရန်
ဇယားပုံစံကို ဖော်ပြပါသည်။
မှတ်ချက်။ ။ အဘိဓမ္မာကျမ်းဂန်များအရ ဤစကြ၀ဠာအတွင်းမှ သုံးဆယ့်တစ်ဘုံနှင့် ဤလောက၏ အပြင်ဘက်ရှိ
နိဗ္ဗာန်အခြေအနေကို လောကီအကြောင်းတရား၏ လွှမ်းမိုးမှုမရှိဘဲ ထူးကဲမြင့်မြတ်မှုသဘာဝ သက်သက်အဖြစ် ကောင်း
စွာ မြင်နိုင်သည်။ ဤသို့ဖြင့် ထူးကဲမြင့်မြတ်သောစိတ်ကို အဘိဓမ္မာတွင် လောကုတ္တရာစိတ်ဟု အမည်နာမပြုသည်။ နိဗ္ဗာန်
(သန္တိသဘာဝ)ကို လောကုတ္တရာစိတ်ဖြင့် သိမြင်နိုင်သည်။ အထက်ပါဇယား၌ ဤစကြ၀ဠာ၌ အသီးသီး အဆင့်ရှစ်
ဆင့်ရှိသည်။ အောက်ခြေမှ အထက်သို့ ပထမအဆင့်ကို ဒုက္ခခံစားရသည့် ဒုဂ္ဂတိဘုံအဆင့်အဖြစ် သတ်မှတ်သည်။ ဒုတိ
ယအဆင့်ကို သုဂတိဘူမိ၌ ပါဝင်သည့် လူ့ဘုံအဖြစ် အမည်ပြုသည်။ အမှန်သော် လူ့ဘုံမှစ၍ အထက်ဘုံအားလုံးကို သုဂ
တိဘူမိဟု ခေါ်သည်။ တတိယအဆင့်ကို ဒေ၀ဘူမိ (နတ်ပြည် ၆ ထပ်) ဟု ခေါ်သည်။ ထိုအတူပင် စတုတ္ထအဆင့်၊ ပဉ္စမ၊
ဆဋ္ဌမနှင့် သတ္တမအဆင့်တို့ကို ရူပဗြဟ္မာဘူမိ (ရူပ ၁၆ ဘုံ)ဟု ခေါ်သည်။ အဋ္ဌမအဆင့်ကို အရူပဗြဟ္မာဘူမိ (အရူပ ၎
ဘုံ)ဟု ခေါ်သည်။ ဒုတိယအဆင့်မှ အဋ္ဌမအဆင့်ထိ ဘုံဌာနများ၌ မွေးဖွားသူများအနက် ဒွိဟိတ်နှင့် အဟိတ်ပုဂ္ဂိုလ်
မဟုတ်သူများမှာ နိဗ္ဗာန်ကို ဤမျက်မှောက်ဘ၀၌ ရနိုင်ခြေရှိသည်။ သို့ရာတွင် အောက်ဆုံးအဆင့် အပါယ်ဘုံဟုခေါ်သည့်
ဒုဂ္ဂတိဘုံ၌ မွေးဖွားသူများမှာ ဤမျက်မှောက်ဘ၀၌ နိဗ္ဗာန်ကိုသိမြင်ရန် အခွင့်အလမ်းမရှိချေ။ သို့တစေ ယင်းတို့သည်
နောင်ဘ၀တွင် ရနိုင်ရန်ဖြစ်နိုင်ခြေရှိသည်။ အမှန်စင်စစ် နိဗ္ဗာန်သည် ဤစကြ၀ဠာရှိဘုံအဆင့်အားလုံး၏ ဟိုဘက်တွင်ရှိ
သည်။ အကြောင်းမူ ယင်းသည် မွေးသေမရှိသောကြောင့်တည်း။ နိဗ္ဗာန်ကို ယင်းဘုံဌာနအားလုံး၏ အထက်တွင် တွေ့မြင်
ရသော်လည်း ယင်းဘုံအဆင့်အားလုံး၏ အပေါ်၌ရှိသော ဘုံဌာနတစ်ခုအဖြစ် မယူဆချေ။ အမှန်ကား နိဗ္ဗာန်သည်
ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ သုံးဆယ့်တစ်ဘုံမှ လွတ်သောအရာဖြစ်သည်။ သို့ဖြင့် နိဗ္ဗာန်ကို ထူးကဲမြင့်မြတ်သော
တရားဓမ္မအဖြစ် ဖော်ပြခြင်းဖြစ်သည်။
အထက်ပါ သုံးဆယ့်တစ်ဘုံအကြောင်း ရှင်းပြချက်မှာ ထေရ၀ါဒအဘိဓမ္မာကျမ်းဂန်များကို အခြေပြု၍ အသေးစိတ်
ဖော်ပြခြင်းဖြစ်သည်။ မဟာယာနကျမ်းဂန်အချို့လည်း ဘ၀အမျိုးအစားများကို ဖော်ကြသည်။ သို့ရာတွင် စကြ၀ဠာတည်
ဆောက်ပုံနှင့် ဘုံဌာအရေအတွက်ဖြစ်စဉ်မှာ ထေရ၀ါဒနှင့် ကွဲပြားသည်။ မဟာယာနဗုဒ္ဓ၀ါဒတွင် ဘုံဌာနကို လေးဆယ့်
တစ်ဘုံ ဖော်ပြသည်၁၂၇။ သို့ရာတွင် ဗုဒ္ဓ၀ါဒအစဉ်အလာနှစ်ခုလုံးသည် သက်ရှိသတ္တ၀ါအားလုံးသည် ဘ၀ကိုတပ်မက်မှု
တဏှာကြောင့် ဘ၀သံသရာတွင် ကြိမ်ဖန်များစွာ ကျင်လည်ရသည်ဟူသောအမြင်ကို လက်ခံကြသည်။ နောက်ဆုံး ၎င်းင်း
တို့အနေဖြင့် ဘ၀ကို မတပ်မက်သောအခါတွင် နိဗ္ဗာန်ကိုရရှိကြလိမ့်မည်။
သတ္တ၀ါတို့သည် အဘယ်ကြောင့် ရည်ရွယ်ချက်မရှိဘဲ ယင်းဘ၀သံသရာတွင် လည်နေကြရသနည်း။ အကြောင်းမှာ
ကမ္မနိယာမ၏ နှိုးဆွမှုကြောင့်ဖြစ်သည်။ သတ္တ၀ါတို့သည် ယခင်ဘ၀တွေကရော ဤပစ္စုပ္ပန်ဘ၀တွင်ပါ ကိုယ်နှုတ်နှလုံး
အားဖြင့် ကောင်းမှုမကောင်းမှုတို့ကို ပြုလုပ်ပြီးဖြစ်ကြသည်။ သတ္တ၀ါတို့သည် ပဋိစ္စသမုပ္ပာဒ (ကြောင်းကျိုးဖြစ်စဉ်) ဒေသ
နာတော်အရ တဏှာနှင့်အ၀ိဇ္ဇာကြောင့် ထိုထိုဘ၀တွင် မရပ်မနား မွေးဖွားကြရသည်။ အမှန်စင်စစ် သတ္တ၀ါတစ်ယောက်
ကွယ်လွန်သောအခါ ၎င်းင်းအား နောက်ဘုံဌာနတစ်ခု၌ ပြန်လည်မွေးဖွားရန် ကမ္မ(ကိုယ်နှုတ်နှလုံးအားဖြင့် ပြုလုပ်ပြီးဖြစ်
သည့် ကောင်းမှုမကောင်းမှု) စွမ်းအားက တွန်းအားပေးသည်။
အထက်တွင် ဖော်ပြပြီးဖြစ်သည့်အတိုင်း ဘုံဘ၀ယူဆချက်နှင့်ပတ်သက်၍ ဘ၀ပုံစံများသည် ကြောင်းကျိုးဖြစ်စဉ်၊ ပြု
ပြင်စီရင်အပ်သော အကျိုးဆက်၊ အားလုံး တစ်ခုအပေါ်တစ်ခု တည်မှီမှုတို့နှင့် ဆက်နွယ်သည်။ ဘ၀နှင့်သေခြင်းသည်
တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောကြောင့် ဤဘ၀သတ္တ၀ါများနှင့် နောက်ဘ၀သတ္တ၀ါများအကြား ကြောင်းကျိုးဆက်နွယ်
မှုကို စုံစမ်းလေ့လာရန်လိုသည်။ ဗုဒ္ဓ၀ါဒတွင် ဤဘ၀မှ နောင်ဘ၀သို့ ကူးပြောင်းသွားခြင်းကို ဂတိဟုခေါ်သည်။ ယင်း
သည် သွားခြင်း သို့မဟုတ် ကူးပြောင်းသွားခြင်းဟု အဓိပ္ပာယ်ရ၏။ ကူးပြောင်းသွားခြင်းဟူသည် အတ္တလိပ်ပြာကောင် ကူး
ပြောင်းသွားခြင်းမဟုတ်ဘဲ ဘ၀ကွင်းဆက်သာဖြစ်သည်။ ဂတိဟူသည် ပုထုဇ္ဇနဂတိ (သာမန်ပုထုဇဉ်တစ်ယောက်၏ သွား
ရာဂတိ)နှင့် အရိယဂတိ (အရိယာပုဂ္ဂိုလ်တို့၏ဂတိ)ဟု အခြေခံအားဖြင့် နှစ်မျိုးရှိသည်။ ပုထုဇ္ဇနကိုလည်း ကလျာဏ
ပုထုဇ္ဇန (ကျွတ်ထိုက်ပုထုဇ္ဇဉ်)နှင့် အန္ဓပုထုဇ္ဇန (မကျွတ်ထိုက်ပုထုဇဉ်)ဟု နှစ်မျိုးခွဲပြန်သည်။ ဗုဒ္ဓ၀ါဒအလိုအရ ဗောဓိဉာဏ်
ကို အပြည့်အ၀မရရှိသေးသော ပုဂ္ဂိုလ်များသည် ယင်းသုံးဆယ့်တစ်ဘုံအနက် တစ်ခုခုသို့ သွားရောက်ရလိမ့်မည်ဖြစ်ပြီး အ
ပြည့်အ၀ ဗောဓိဉာဏ်ကိုရရှိသော ပုဂ္ဂိုလ်များမှာမူ ဤဘ၀ပြီးနောက် နိဗ္ဗာန်သို့ ၀င်ရောက်မည်ဖြစ်သည်။
ဤစိတ်ပိုင်းဘ၀ဖော်ပြချက်တွင် ပုထုဇဉ်ပုဂ္ဂိုလ်များသည် ယင်းသုံးဆယ့်တစ်ဘုံတွင် ၎င်းင်းတို့၏သွားရာဂတိမှာ မသေ
ချာချေ။ ရဟန္တာပုဂ္ဂိုလ်များမှတစ်ပါး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိပြီးသူများ သို့မဟုတ် အသိဉာဏ်ရှစ်ဆင့်တွင် ပထမဆုံး
သောတာပတ္တိမဂ်ဉာဏ်ကို ရရှိပြီးပုဂ္ဂိုလ်များကား အရိယဘူမိဟုခေါ်သည့် သုဂတိဘုံသို့ရောက်ရန် သေချာသည်။ သို့ရာ
တွင် ဗောဓိဉာဏ်ကို ရရှိပြီးသူများမှာ ဤဘ၀မှကွယ်လွန်ပြီးနောက် နိဗ္ဗာန်သို့ရောက်မည်ဖြစ်သည်။ ဤအချက်၌ လယ်တီ
ဆရာတော်က အောက်ပါအတိုင်း ဖော်ပြသည် –
မိမိအလိုရှိသည့် မည်သည့်ဘ၀မျိုးကိုမဆို မကူးပြောင်းနိုင်။ မိမိ၏ အတိတ်ကံပစ်ချသည့်အတိုင်း သုံးဆယ့် တစ်ဘုံ
အတွင်း တစ်ခုခုသို့ကျရောက်ရ၏။ ဥပမာဆိုသော် အုန်းသီး သို့ဟုတ် ထန်းသီးကြေကျသောအခါ မည်သည့်နေရာ
တွင် ကျလိမ့်မည်ဟု ကြိုတင်မဆိုနိုင်သကဲ့သို့တည်း။ ထိုအတူပင် ပုထုဇဉ်တစ်ယောက် သေလွန်ပြီးနောက် ၎င်းင်း၏
ဘ၀သစ်သည် မည်သည့်နေရာတွင် ဖြစ်မည်ဆိုသည်ကို ကြိုတင်၍မပြောနိုင်ချေ။ ဘ၀ကိုရရှိကြသည့် သတ္တ၀ါ
တိုင်းသည် ရှောင်လွှဲမရဘဲ သေခြင်းသဘာဝဆိုးကို စောင့်နေကြရပြီး သေလွန်ပြီးနောက်၌လည်း ဘ၀တစ်ခုသို့
ပျက်စီး၍ကျရောက်မည် သေချာ၏။
ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ၎င်းင်းတို့၏ပြုမူလုပ်ဆောင်ချက်များနှင့်အညီ သုံးဆယ့်တစ်ဘုံအတွင်း တစ်ခုတွင် ပြန်လည်မွေး
ဖွားရမည်ဖြစ်သည်။ သို့ရာတွင် သံယုတ္တနိကာယ်၊ နခသိခသုတ်အရမူ သတ္တ၀ါတို့သည် များသောအားဖြင့် အပါယ်လေးဘုံ
၌ မွေးဖွားကြသည်။ အကြောင်းမူ သတ္တ၀ါအများစုမှာ ကောင်းမှုထက် မကောင်းမှုကို အပြုများကြသောကြောင့်ဖြစ်သည်။
ဗုဒ္ဓရှင်တော်မြတ်က သက်ရှိသတ္တ၀ါတို့၏ ဖြစ်ရာဘ၀အခြေအနေကို လက်သည်းခွံပေါ်၌ သဲအချို့ကိုတင်ပြပြီး ဥပမာပြုခဲ့
သည်။ ဗုဒ္ဓက အပါယ်လေးဘုံ၌ မွေးဖွားသော သတ္တ၀ါတို့သည် လူ့ပြည်နှင့် နတ်ဗြဟ္မာပြည်တို့၌ မွေးဖွားသော သတ္တ၀ါတို့
ထက် များပြားကြောင်း ညွှန်ပြခဲ့သည်။ လက်သည်ခွံပေါ်မှ အနည်းငယ်မျှသောသဲပွင့်သည် စကြ၀ဠာအားလုံးရှိသဲပွင့်များ
ထက် နည်းပါးသကဲ့သို့တည်း။ အကြောင်းမူ ၀ိနိပါတနဂတိဆိုးကြောင့် ဆိုလိုသည်မှာ ပျက်စီးခြင်း သေလွန်ပြီးနောက်
ဘ၀အမျိုးမျိုးတွင် ဖြစ်နိုင်ခြေများခြင်းကြောင့် ဖြစ်သည်။

_
ဆရာတော်ဓမ္မပီယ(Ph.D)
နိဗ္ဗာန်အယူအဆကိုထေရ၀ါဒရှုဒေါင့်မှလေ့လာသုံးသပ်ခြင်း
Credit ... ဓမ္မစာပေများ

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း