ဖရုံစေ့ ၏ အဟာရ တန်ဘိုး
' ဖရုံစေ့ ၏ အဟာရ တန်ဘိုး '
ဖရုံစေ့တွင် ဖိုင်ဘာ ၊ ဗီတာမင် ၊ သတ္တုဓါတ် နှင့် ဓါတ်တိုးကာကွယ်ပစ္စည်း
အများအပြား ပါဝင်ပါသည် ။
မပြည့်ဝ အဆီ mono-unsaturated fatty acids ( oleic acid ) သည် မကောင်းသော
အဆီဆိုး ( LDL or bad cholesterol ) ကိုကျဆင်းစေပြီး ၊ ကောင်းသော အဆီ
ဖြစ်သည့်( HDL or good cholesterol ) ကို ပွားများစေသဖြင့် ( coronary
artery disease ) ခေါ် နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါသည် ။
(strokes ) ခေါ် လေဖြတ်ခြင်းကို လည်း ကာကွယ်ပေးပါသည် ။
အသားဓါတ် ( Protein ) ဖြစ်သော အမိုင်နိုအက်ဆစ် (tryptophan and glutamate)
တို့အများအပြားပါဝင်ပါသည် ။ tryptophan က serotonin အဖြစ်သို့ ပြောင်းနိုင်ပါသည်
။Serotonin သည် သဘာဝ အိပ်ဆေး ဖြစ်ပါသည် ။
glutamate သည် antistress hormone ထုတ်လုပ်ရာတွင်အရေးပါ သဖြင့်
စိတ်သောကဝေဒနာ၊ အာရုံကြောထိခိုက်ခြင်းဝေဒနာ အတွက် တန်ဘိုးရှိပါသည် ။
B-complex group of vitamins such as thiamin, riboflavin, niacin, pantothenic
acid, vitamin B-6 (pyridoxine) and Folates များလဲ ပြည့်ဝစွာပါဝင်ပါသည် ။
copper, manganese, potassium, calcium, iron, magnesium, zinc and
selenium တို့ ကြွယ်ဝ သဖြင့် ကူးစက်ရောဂါ ကာကွယ်ရေးတွင် အဖိုးတန်လှပါသည် ။
ဖရုံစေ့ သည် DHEA (Di hydro epi-androstenedione) ကို တားဆီးနိုင်သဖြင့်
အမျိုးသားများ အတွက် ဆီးကြိတ်ကင်ဆာကိုကာကွယ်ပေးပြီး ၊
အမျိုးသမီးများအတွက် သားဥ အိမ် ကင်ဆာကို ကာကွယ်ပေးပါသည် ။
ထို့ ပြင် ဆီးချို ရောဂါကြောင့် ကျောက်ကပ် ပျက်စီးခြင်းကိုလည်း ကာကွယ်ပါသည် ။
...
ဒေါက်တာမြင့်သိန်း
၂၂ မေ ၂၀၁၄
#credit_Dr_Myint_Thein

Comments
Post a Comment